ဒိုင်ယာလော့ဂ် အလုပ်ဖြစ် မဖြစ်

Saturday, December 18, 2010

ဘန်ကောက်ပို့စ် သတင်းစာမှာ အိန္ဒိယနိုင်ငံသား စီးပွားရေး နိုဘယ်ဆုရှင် အမတြာ ဆင်းဂ်နဲ့ တွေ့ဆုံမေးမြန်းတာကို ဖော်ပြထားပါတယ်။ အဲဒီမှာ ထိုင်းနိုင်ငံရေးမှာ ဒိုင်ယာလော့ဂ် အလုပ်ဖြစ် မဖြစ် မေးတာကို မစ္စတာ အမတြာ ဆင်းဂ်က မြန်မာနိုင်ငံရေးနဲ့ ဥပမာပေး ဖြေသွားတာလေးကို ကောက်နုတ်တင်ပြလိုက်ပါတယ်။ (မူရင်း ဖတ်ရန်)


အလုပ်ဖြစ်တယ်ဆိုရာမှာ ဘာကို ပြောချင်သလဲ ဆိုတဲ့အပေါ်မူတည်ပါတယ်။ မြန်မာ အစိုးရ အပြောင်းအလဲပေါ် ကျနော်အတော်ကလေးကို စိတ်ဝင်စားနေပါတယ်။ ဒါက ကျနော့်အနေနဲ့ သူတို့နဲ့ မဆွေးနွေးချင်ဘူး၊ ဒါမှမဟုတ် ကျနော်က ဒေါ်အောင်ဆန်းစုကြည်ကို သူတို့နဲ့ မဆွေးနွေးစေချင်ဘူးလို့ ဆိုလိုရာ ရောက်ပါသလား။ မဟုတ်ပါဘူး။ ကျနော်တို့ ဘာပြောချင်တာလဲ ဆိုတဲ့အပေါ်သာ မူတည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ထွန်းကားရေး ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပါတယ်။ ဒါ့အပြင် (မြန်မာ) စစ်တပ်ကို ဖယ်ရှား အစားထိုးမယ်ဆိုရင် သူတို့ကို စိတ်ချလုံခြုံရတဲ့ ထွက်ပေါက် ပေးချင်ပါလိမ့်မယ်။ သူတို့ကို တိုက်ခိုက်တာ၊ ခြိမ်းခြောက်တာမျိုးနဲ့ ခါးခါးသီးသီး အဆုံးသတ်အောင် လုပ်လို့ မဖြစ်ပါဘူး။

အဲဒီမှာ ပြောစရာတွေ ရှိနေပါပြီ။

ထိုင်းမှာဆိုရင် နိုင်ငံခြားသားတွေ ဝင်ရောက်အခြေချမှုကိစ္စ ဘယ်လိုကိုင်တွယ်မလဲ။ ကျေးလက်-မြို့ပြ ကွာဟမှုကို ဘယ်လို ဖြေရှင်းမလဲ။ ဒေသတွင်း ကွာဟမှုတွေကိုရော။ ဒိုင်ယာလော့ဂ်ဟာ ပြဿနာတိုင်းကို ဖြေရှင်းပေးနိုင်မလားမေးရင် မဖြေရှင်းနိုင်ဘူးလို့ ပြောရမှာပဲ။ ဒါပေမယ့် ပြဿနာတိုင်းကို ဖြေရှင်းဖို့ ဒိုင်ယာလော့ဂ်က အထောက်အကူပေးနိုင်မလားဆိုရင် ပေးနိုင်တယ်လို့ ပြောရမယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved