ပန်းကန်းပြားပျံ ဘာလဲ ဘယ်လဲ ...

Wednesday, December 15, 2010

ပန်းကန်းပြားပုံစံ ယာဉ်ကြီးတစင်းကို မြောက်ဒဂုံက ကလေး ၂ ယောက်က တွေ့လိုက်တယ်လို့ ဒီနေ့ထုတ် ပေါ်ပြူလာဂျာနယ် မျက်နှာဖုံးမှာ ပါပါတယ်။ ဒီမှာ ရှု ...။

ဒီသတင်းကို ကြားရတဲ့လူအားလုံးကတော့ သို့လော သို့လောဖြစ်နေပါတယ်။

အဲဒီယာဉ်ကြီးဟာ အသံလည်း မကြားရဘူး၊ ဓာတ်ပုံလည်း ရိုက်လို့မရဘူး ဆိုတော့ နာနာဘာဝများလား၊ ဧရာဝတီမဂ္ဂဇင်းက ချင်းမိုင်ရုက္ခစိုးကြီးရဲ့ ယာဉ်များလား၊ ဒါမှမဟုတ် တလောက တရုတ်ကဝယ်လိုက်တဲ့ လေယာဉ် ၃ စင်းထဲက တစင်းလား (အဲဒါကတော့ မဖြစ်နိုင်ဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ တရုတ်က လေယာဉ်က အသံစုံမြည်တယ်တဲ့)၊ ယခင် ဧရာဝတီသတင်းထောက် ... ယခု သတင်းထောက် တပိုင်း ဆူရှီသမား တပိုင်း ဗိုလ်ချုပ်မှူးကြီး ကျွမ်းကျင်သူ တပိုင်း သရီးအင်ဝမ်း ကိုဇာနည်ကတော့ ကေအန်ယူ လက်ချက် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီလောက် ထူးဆန်းတဲ့သတင်းကို ဘာလို့ သုတစွယ်စုံမဂ္ဂဇင်းပိုင်ရှင်၊ ရွေးကောက်ပွဲမှာ ဘယ်လိုလုပ်လုပ် မနိုင်ခဲ့သူ ကြံ့ဖွံ့အမတ်ကြီး ဒေါက်တာတင်ထွန်းဦးက ဘာလို့ မသိရတာလဲ ဆိုတာကိုလည်း မေးခွန်း ထုတ်နေကြပါတယ်။ သုတစွယ်စုံက ဒါမျိုး ထူးထွေဆန်းပြားသတင်းတွေကို ဦးဦးဖျားဖျား ထည့်တတ်လို့ မေးတာပါ။

တချို့ လေ့လာသူတွေကတော့ ဒါဟာ တပ်ချုပ်ကြီးရဲ့ မြေးတော်လေး ဖိုးလပြည့် ကစားတဲ့ ရီမုတ် လေယာဉ် တစင်းလို့ သုံးသပ်ပါတယ်။ တပ်ချုပ်ကြီး တိုင်းခန်းလှည့်လည်တဲ့ ယာဉ်တမျိုး ဖြစ်မယ်လို့လည်း ဆိုပါတယ်။

ပေါ်ပြူလာ သတင်းအရ မီးသတ်တပ်ဖွဲ့ဝင်တွေလည်း မြင်လိုက်တယ်ဆိုတော့ ဘာကြောင့် လေတပ်ကို အကြောင်းမကြားလဲ ဆိုတာကိုလည်း အလုပ်မရှိအလုပ်ရှာတဲ့သူတွေက မေးခွန်းထုတ်နေကြပါတယ်။ မြောက်ကိုရီးယားကလားလို့လည်း မေးသူတွေရှိပါတယ်။

ဒီယာဉ်ကြီးဟာ ပန်းကန်ပြား နှစ်ချပ်အုပ်ထားတဲ့ စက်ဝိုင်းပုံဖြစ်တယ်ဆိုတော့ တပ်ချုပ်ကြီးကတော် လက်ဖက်စားတဲ့ ပန်းကန်လည်း ဖြစ်နိုင်ကြောင်း၊ အဲဒီပန်းကန်ကို စားအပြီးမှာ လွှင့်ပစ်လိုက်တာကြောင့် ကလေးများက ပန်းကန်ပြားပျံလို့ အလွယ်ပြောလိုက်ခြင်းဖြစ်ကြောင်း၊ ပန်းကန်မှာ ပိုးစုန်းကျူး ၂ ကောင် ကပ်ပါလာတဲ့အတွက် အသံမမြည်ဘဲ ထွန်းလင်းတောက်ပနေတာဖြစ်နိုင်ကြောင်း လေ့လာသူတွေက (ပြောတဲ့သူ ဘယ်သူလို့ ဖော်ပြလို့မရတာနဲ့ လွယ်လွယ် လေ့လာသူလို့ သုံးတာပါ) သုံးသပ်ကြပါတယ်။

နောက်ဆုံးသတင်းအနေနဲ့ ဒါမျိုး ပန်းကန်ပြားပျံလို့ ယူဆရတဲ့ ထွန်းလင်းတောက်ပနေတဲ့ ယာဉ်ကြီးတစင်းကို လွန်ခဲ့တဲ့ ၃၊ ၄ လက ထိုင်းနိုင်ငံ ချင်းမိုင်မြို့က အာကသအရေး ကျွမ်းကျင်သူ ဧရာဝတီ သတင်းထောက် တချို့ တွေ့လိုက်သေးတယ်လို့ ဆိုပါတယ်။ ဒီနေ့ ပေါ်ပျူလာ သတင်းမှာ ဖတ်လိုက်ရမှ အဲဒီကိစ္စကို ထုတ်ဖော် ပြောပြ တာပါ။ အဲဒီတုန်းက ဘာလို့ မပြောခဲ့တာလဲ ဆိုတဲ့မေးခွန်းကိုတော့ အဲဒီသတင်းထောက်တွေက “အရူးလို့ အထင်ခံရမှာ စိုးလို့ပါ” လို့ ဖြေကြားခဲ့ပါတယ်။

ရန်ကုန်သားတာတေ

7 comments :

  1. Anonymous said... :

    ဟီးဟီး။
    ဗိုခင်ညွန့်  ဗီဒီယို၊
    ပီးတော့ ပုပ္ပား ယတြာ။
    ခု ပုဂံပြားပျံ။
    ဘာတွေလာဦးမလဲ၊
    စောင့်ကြည့် ရီမောနေကြရုံ ပ။

  1. Anonymous said... :

    ပန်းကန်ပြားပျံကို unidentified flying object (UFO) လို့  ရေးတယ် undefined flying object လို့  မရေးပါ သတင်းရေးတဲ့ လူက ဒါလောက်တော့ သိထားသင့်တယ်

  1. min said... :

    မြန်မာ ဂျာနယ်လစ် တွေတိကျလိုက်ပုံများတော့ .. အမြင့်ပေ ၂၀၀၀ ခန့်မှာ အချင်းက ပေ ၈၀ ခန့် .. ဆိုဘဲ .. ဟီးးးး
    ပန်းကန်ပြားပျံထဲက ထွန်းထားတဲ့မီးက နီယွန်မီး အမျိုးစားဆိုတာတောင် အတိအကျ မှတ်တမ်းတင်လိုက်နိုင်းသေးတယ်နော်.. တော်လိုက်တာ တော်လိုက်တာ

  1. Anonymous said... :

    @Anonymous December 16, 2010 10:09 AM
    ကျေးဇူးပါဗျာ။ ခု လို အမှားပြင်ပေးတဲ့အတွက်။
    ဒါပေမဲ့ ရန်ကုန်သား တာတေ ရေးတဲ့အထဲ အင်္ဂလိပ်လို မတွေ့ မိပါဘူး။
    ဟာသ ကို ဟာသ လို မြင်တတ်စေချင်ပါတယ်။
    sense of humour ဆိုတာ စိတ်ပုံမှန် ရင် အနဲအများသာ ကွာမယ်။ ရှိရမဲ့ လူ့စိတ်တခုပါ။
    ဟိုတခု မှာလဲ တွေ့ လိုက်ပါတယ်။သတ်ပုံအမှား မဟုတ်ဘူး၊ သဒ္ဒါ အမှားသာဖြစ်တယ် ဘာညာ။
    ပုံမှန်ကျန်းမာသော စိတ်ရှိရင် ဟာသ ခံစားမှု စိတ်လဲ ရှိကိုရှိပါတယ်။
    ဆရာကြီး ဒေါက်တာသိန်းဌေးဖေ တို့ တော့ အယင် က တာမွေ ရွှေညောင်ပင် ဆေးခန်းမှာ ထိုင်တာဘဲ ဗျ။
    ဗမက အုန်းကျော် တော့ ဘယ်မှာထိုင်လဲမသိပါ။(တပ်ဆရာဝန် နဲ့ မှ ပြချင်ရင် ပြောတာပါ။)
    နုတုန်း ကုထားပါဗျာ။

  1. Anonymous said... :

    အမှားထောက်ပြတာက မူရင်း သတင်း post ကိုပြောတာဖြစ်ပါလိမ့်မယ်..
    ပေးထားတဲ့လင့်မှာရေးထားတာမှားနေတယ်..

  1. Anonymous said... :

    အဲဒီပန်းကန်ပြားပျံအကြောင်းက ဒီလင့်မှာ ပြည့်ပြည့်စုံစုံ ရေးထားတယ်ဗျ။သွားဖတ်ကြည့်
    http://www.myitkyoeinn.com/2010/11/blog-post.html

  1. Anonymous said... :

    အယ်ဒီတာကြီးရေ တခြားသူတွေဖတ်ဖို့ပါ အဲဒီပန်းကန်ပြားပျံအကြောင်း ညွှန်ပြပေးလိုက်ရင်ကောင်းမယ်နော်
    http://www.myitkyoeinn.com/2010/11/blog-post.html

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved