ခရစ်စမတ် နဲ့  ရောက်တတ်ရာရာ

Friday, December 24, 2010

ရန်ကုန်မြို့က ကုန်တိုက်တခုရှေ့မြင်ကွင်း လို့ AP သတင်းဌာန ဓာတ်ပုံက ဆိုပါတယ်။

ခရစ်စမတ် ရာသီ ခရစ်စမတ် အလှဆင်မှုတွေနဲ့ ဈေးဝယ်သူကို ဆွဲဆောင်ထားတာပါ။ ပုံထဲမှာ လူငယ်တွေက လက်ကိုင်ဖုန်းနဲ့ ဓာတ်ပုံရိုက်နေဟန်ပါပဲ။

ခရစ်ယာန် မဟုတ်သူ အများအပြားအတွက်လည်း ခရစ်စမတ်ဟာ အဲဒီလို ပျော်စရာကာလတခုပါ။
ခရစ်စမတ်လက်ဆောင်၊
ခရစ်စမတ်ကတ်၊
ခရစ်စမတ် သီချင်း တို့နဲ့ပေါ့။

Youtube မှာ ခရစ်စမတ် သီချင်းတွေ ရှာပြီး ဖွင့်ကြည့်တော့ စိတ်ဝင်စားစရာ ဖန်တီးချက်တချို့ကို တွေ့ပါတယ်။

နားထောင်မိသူတွေ ပြုံးမိမယ်၊ ခွေး၊ ကြောင် တို့ကို ချစ်တတ်သူများ ဆိုရင် ဟက်ဟက်ပက်ပက် ရယ်မောမိမယ် ထင်လို့  ကူးပေးလိုက်ပါတယ်။



အသံသြဇာ ကောင်းတဲ့ အဆိုတော်ရဲ့ ဂျင်ဂယ်ဘဲလ်ယ်။
တချို့ကတော့ နှာခေါင်း ရှုံ့မယ်။ ကျက်သရေ တုံးတယ်၊ စိတ်ပျက်စရာ ဘာညာပေါ့။
တချို့လည်း ခင်ဗျားလိုပဲ သဘောကျတယ်လို့ ဆိုတယ်။ တပုဒ်ပြီးမှ တပုဒ် နားထောင်ပါ။



အပေါ်ကလို ကမ္ဘာကျော် ဂျင်ဂယ်ဘယ် သီချင်းပါပဲ။ အင်ထရို မဆိုစလောက် ရှည်တာ၊ သရုပ်ဆောင် မျိုးစုံ ထည့်ထားတာပဲ ကွာပါတယ်။ အင်း - အဆိုလည်း ကွာပါတယ်လေ။ အဆွဲအငင်နဲ့ ပညာပါပါ ဆိုထားတယ်။ အဆုံးအထိ နားထောင်သင့်ပါတယ်။ ဟာမိုနီသမားတွေရဲ့ အသံလည်း ကြားရမယ်။



ဒီဆရာကတော့ အဆိုရော အတီးရော အစွမ်းပြထားတယ်။ ကဲ - အားပေးလိုက်ပါအုံး။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved