အကယ်ဒမီပန်းဖြူ၏ နောက်ဆက်တွဲ သတင်း

Saturday, December 25, 2010

(၁။ အီးမေးနဲ့  ရောက်လာတဲ့ စာတစောင်ပါ။ ဘယ်သူရေးမှန်း မသိရ။ ဖတ်လိုသူများအတွက် ဧရာဝတီ ဘလော့တွင် တင်ပေးလိုက်သည်

၂။ ပေးစာ အပြည့်အစုံ မပေါ်ပါက ဟိုး အောက်က Read more » ကို နှိပ်ပါလေ

၃။ ဆက်စပ် ဆောင်းပါး -
ပုဒ်မ ၄၁၇ နှင့် နစ်နာနေရသော အမျိုးသမီးများ )


အကယ်ဒမီ ပန်းဖြူ၏နောက်ဆက်တွဲ အမှု့အခြေအနေနှင့် ဇော်ဝင်းရှိန်၏ ပေးကမ်းမှုစာရင်း အနည်းငယ်။ ။

၁၉.၃.၂၀၀၉ နေ့မှ စတင်ကာ စွဲဆိုခဲ့သော မင်းသမီးပန်းဖြူ၏ အမှုကိစ္စသည် ယခုအခါ ဗဟိုတရားရုံးသို့ ရောက်ရှိသွားပြီဟု ကြားသိရသည်။ တရားခံကိုဇော်ဝင်းရှိန်(MD.ဧရာဟင်္သာ ကုမဏီ)ဘက်မှ အဆင့်ဆင့် အနိုင်ရရှိရန်ပေးကမ်းသည့် စာရင်းများမှာ -

၁။ တာမွေမြို့နယ်တရားသူကြီးအား အာမခံပေးရမည့် အမှုဖြစ်သော်လည်း ၎င်းက ငွေသုံးနိုင်ပါသည်ဟု သိစေရန်အတွက် ဟုဆိုကာ ၂၂.၅.၂၀၀၉တွင် အာမခံပေးရန်အတွက် ကန်တော့ငွေ ၁၀သိန်း။

၂။ ယခင်အရှေ့ပိုင်းခရိုင် တရားသူကြီးဦးအောင်ကြည်အား ကင်းလွတ်ခွင့်ပေးရန် အတွက် သိန်း ၃၀။

၃။ အရှေ့ပိုင်းခရိုင်မှ ၀န်ထမ်းစာရေး ဦးမြတ်ကို အား မုန့်ဖိုး ၅သိန်း။

၎။ စွဲချက်မတင်ဘဲ လွှတ်ပေးရန်အတွက် မြို့နယ်တရားသူကြီး ဒေါ်ခင်ခင်ဆွေအား ထပ်မံ၍ သိန်း ၅၀။

၅။ တိုင်းတရားသူကြီး ဦးဝင်းဇော်အား သိန်း၁၅၀ ။ ။

အားရက်ရောစွာ ပေးကမ်းကြောင်း ကြားသိရ ပါသည်။

ကိုဇော်ဝင်းရှိန်(MD.ဧရာဟင်္သာကုမဏီ)သည် ဗိုလ်ချုပ်မှုးကြီးနှင့် ရင်းနှီး ပတ်သက်ပါသည်။

ဗိုလ်ချုပ်မှုး ကြီးက ၎င်းပိုင် ဆောက်လုပ်နေသော ဟင်္သာတမြို့ရှိကားအဝေးပြေးကွင်း အား လာရောက် ကြည့်ရှုပြီး ချီးမွမ်းသည့် အကြောင်းများ ၊ဗိုလ်ချုပ်မှုးကြီး၏မြေး ဖိုးလပြည့် DJ-BAR ကလပ် သွားရာတွင်စီး သော ဖိနပ်အားကြိုက်သည်ဆို၍ ၁၅သိန်းပေးရသော ဖိနပ်အားအသစ်မှာယူ၍ ဖိုးလပြည့်အား လက်ဆောင် ၀ယ်ပေးရကြောင်းများကို အပေါင်းအသင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၏ ရှေ့တွင်ဂုဏ်ယူစွာပြောဆိုနေ သည် ကိုလည်း ၊ နားကြားမြင်းကတ်စွာ ကြားနေရပါသည်။

ကိုဇော်ဝင်းရှိန် က ၎င်းပိုင်ဆောက်လုပ်ပြီးစီး နေပြီ ဖြစ်သော မင်းဓမ္မလမ်းရှိ ဆေးရုံမှာလည်း ၎င်းနှင့် ကိုဇော်လတ်ဆိုသူတို့ အပြင် ၈လုံး သားလည်း သိန်း၁သောင်း ရှယ်ရာ ထည့်ထားကြောင်း၊ နေပြည်တော်ရှိ လုပ်ငန်းလုပ်ကွက်များမှာလည်း ၎င်းပင် အများဆုံး ရရှိနေကြောင်း ၊ တခြားသူများမှာ ပြည်ပမီဒီယာများမှ အာရုံစိုက်နေ၍ လူကြီးများ မှ ၎င်းကိုသာ အားကိုးပြီး အများဆုံးပေးအပ်ကြောင်း ၊ ထိုလူကြီးများကလည်း အခက်အခဲများ ရှိခဲ့ပါက လိုအပ်လျှင် ကူညီမည်ဟု ပြောဆိုနေကြောင်း ၊ ယခုတရားရေးသည် ငွေနှင့်ဖြေရှင်း၍ ရနေ၍ အဆင်ပြေနေ ကြောင်း ပြောဆိုနေပါသည်။

သိပ်မကြာမှီ လပိုင်းကမူ နေပြည်တော်ရှိ GE ဆောက်လုပ်ရေးတပ်မှ လူကြီးအား ရွှေ ၅ပိဿာ ၀ယ်ပေးရကြောင်း၊ ထိုနောက် နေပြည်တော်ရှိ စစ်တပ် ပိုင် မှန်နှင့် အလူမီနီယံ လုပ်ငန်းလုပ်ကိုင်ခွင့်တွင် ရှယ်ယာ အများဆုံး ရရှိကြောင်း ၊ ဖိုးလပြည့်တောင် ရှယ်ယာ ၃၀% သာရရှိ ကြောင်း ပြောကြားနေပါသည်။

၂၉.၁၁.၂၀၁၀နေ့ နေ့လည်တွင် တရားရေးဌာနရှိဝန်ထမ်းငယ်တဦး အား သီတင်းကျွတ်မုန့်ဖိုးပေးသည်ဟု ဆိုကာ ငွေ ၅ သိန်းအား မြေနီကုန်း ရှိ ရွှေမြို့တော်ချစ်တီးထမင်း ဆိုင် တွင် ပေး ခဲ့ရကြောင်းလည်း ၎င်းက ပြောကြားပါသည်။ မင်းသမီးဘက်မှလည်း rule of law အရ ဆက်လက် ရင်ဆိုင်မည်ဟု ကြားသိရသည်။

ကိုဇော်ဝင်းရှိန်(MD.ဧရာဟင်္သာ ကုမဏီ)မှ ပန်းဖြူ၏အမှုနှင့် ပတ်သတ်သော သတင်းများ အားမဖော်ပြရန် ဂျာနယ် မီဒီယာတိုက်ပိုင်ရှင် သူဌေးများအား လိုက်လံပိတ်ပင် ပြောကြားကြောင်းလည်း ကြားသိရသည်။ သို့သော် အယ်ဒီတာများမှ သိ၍ ထိုအဖြစ်မှန် သတင်းများအား သွားရောက် အင်တာဗျူး ၍ ဖော်ပြကြသည်။ သူဌေးသြဇာလွမ်းမိုးသော မီဒီယာ အနည်းငယ်ကသာ မည်သူ့ဘက်ကမျှ မပါ ဟု ဆိုကာ လက်ရှောင် ကြသည်ဟု သိရှိရသည်။

ယခုနောက်ဆုံး သတင်းမှာ ကိုဇော်ဝင်းရှိန်သည် အမှု မပြီးပြတ်သေး သော်လည်း ၎င်းဘက်မှ ငွေအား၊ လူအား အပြည့်သုံးထား၍ မစိုးရိမ်ကြောင်း ၊ ထို့ကြောင့် ၆.၁.၂၀၁၁ တွင် SEDONA HOTEL ၌ မနက်မှ ညနေထိ ဒိတ်ယူ၍ ခန်းနားကြီးကျယ်စွာ cap; မြင့်ဇော်မင်း၊ဒေါ်ခိုင်ခိုင်လင်း တို့၏ သမီး မရွှေယင်းမာဆိုသူနှင့် မင်္ဂလာပွဲ ဆင်ယင်ကျင်းပရန် စီစဉ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ၊ ထိုနေ့တွင်ပင် ၎င်း၏အမှုအား နေပြည်တော်တွင် နှစ်ဘက်လျှောက်လွှဲချက်ကြားနာရန် ရက်သတ်မှတ်ကာ စီစဉ်ထားကြောင်း သို့မှသာ ပန်းဖြူမှ ၎င်း၏မင်္ဂလာပွဲသို့ လာမနှောက်ယှက်နိုင်ရန်ဆောင်ရွက်ထား ကြောင်း များ ပြောကြားနေပါသည်။ (ဟုတ်မဟုတ်ကတော့ ရက်မကြေငြာသေး၍ စောင့်ကြည့်နေပါသည်)

မှတ်ချက်။ ။ မည်သည့် အပိုအလိုမပါ အဖြစ်မှန်၊ စာရင်း အတိအကျဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ထပ်မံ၍ ကိုဇော်ဝင်းရှိန်(MD.ဧရာဟင်္သာ ကုမဏီ)၏ အကြီးစားစီးပွားရေးလုပ်ငန်း ဖြစ်သော ထားဝယ်မီးရထားလမ်း ဖောက်လုပ်ရန် project နှင့် အထက် ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း project များရရှိရန် အတွက် ပေးကမ်းမူ့ များအား မကြာမှီ သတင်းပေးသွားပါမည်။

10 comments :

  1. ဗဟန်း said... :

    မြန်မာပြည်မှာ အမျိုးသမီး အခွင့်အရေး အင်မတန် နည်းနေတာကို ထင်ဟပ်စေ သလို -- ငွေကြေး နဲ့ အာဏာ ရှိရင် ထင်ရာလုပ်လို့ရနေတယ် ဆိုတာကို လဲ ပေါ်လွင်စေပါတယ်.. တစ်ချို့များဆို နစ်နာရတဲ့ မိန်းခလေးကိုပင် အပြစ်တင်တတ်ကြပါတယ်.. ဘာတဲ့ “ကောင်မကိုက နန့်တာကိုး” ဆိုလိုက်တတ်ကြ ပါသေးတယ်.. နောက်တစ်ခုက အချစ်ပါ.. တစ်ကယ်နှစ်နှစ်ကာ ကာ ချစ်မိပြီဆိုရင်လည်း -- ဖြစ်ချင်ရာဖြစ်ဆိုပြီး ရှေ့ဆက်တိုးတဲ့အဖြစ်မျိုး တွေရှိ ပါတယ်.. အချစ်မှာမျက်စေ့မရှိ ဘူး ဟုတ်စ.. နှစ်လုံးသား ဆိုင်ရာတွေ ကွန်မင့် ပေးနေတယ်လို့ မထင်လိုက်နဲ့ဦး.. အရွယ် နဲနဲ ရွယ်လာပြီဆိုတော့.. ကိုယ်ချင်းစာ တတ်လာလို့ပါ.. ဒါပါဘဲ.. ဇော်ဝင်းရှိန်ကို အင်မတန် ရွံသွားပါတယ်.. မရွံအောင် လို့ ဇော်ဝင်းရှိန်က ကျုပ်ကို သိန်း ၂၀ တန် ဘိနပ် ၀ယ်ကန်တော့မှာတော့မဟုတ်ဘူး... ကျုပ်ကိုထောင် ဆဲ နေ မှာတော့ သေချာတယ်...

  1. Anonymous said... :

    သူတပါးလယ်ကို ပိုင်စိုးပိုင်နင်း ထွန်ယက်မိလို့ ပေးလိုက်ရတဲ့ငွေတွေကလဲ သောက်သောက်လဲပါလားဟရို့....။

  1. Anonymous said... :

    Do u think women r always right?somewomen r snake.U know that women love money.

  1. Anonymous said... :

    မယုံနိုင္စရာဘာမွမရွိဘူး... မ်က္နွာကျိုကည့္လိုက္တာနဲ့
    ကျက်သ‌ရေမရှိ ယုတ်မာ‌ကောက်ကျစ်မဲ့ပုံ အထင်းသား‌ပေါ်‌နေတယ်...

  1. Anonymous said... :

    ဇော်ဝင်းရှိန်ရဲ့ ဧရာဟသာင်္ကရထားတဲ့ ထားဝယ်ရေနက် စီမံကိန်းဟာ ဒေါ်လာဘီလီယံတန်ပါတယ် ပရောဂျက်အတွက်အမေရိကားကမှာထားတဲ့ lexus ကားတန်ဖိုးတင် ဒေါ်လာသိန်းပေါင်းရာကျော်ပါတယ်။ အဲဒီထဲမှာပါတယ် ဇော်လတ်ဆိုသူက ရန်ကုန်ကတရုတ်တယောက်ဖြစ်ပြီး ဆိုနီဘိုးတော်ရဲ့ သားမက်တစ်ယောက်ပါ။ နေပြည်တော်ပရောဂျက်တွေမှာ ဆောက်လုပ်ရေးပစ္စည်းအဓိကသွင်းနေတဲ့ THome ရဲ့ ပိုင်ရှင်ပါ။ ငုင်းတို့ တွေဟာ ရန်ကုန်မြို့ မှာ အချမ်းသာဆုံးထိပ်တန်းခေတ်ပျက်သူဋ္ဌေးတွေပါ။ ခုချိန်ထိ နိုင်ငံတကာက ပိတ်ဆို့ ထားတဲ့ စာရင်းတွေမှာ မပါသေးတဲ့စစ်အစိုးရရဲ့ အားထားရတဲ့ အဓိကကုန်သွယ်ဘက်တွေဖြစ်ပါတယ်။ သူတို့ ကိုလည်းမပျက်စောင့်ကြည့် သတင်းပေးကြပါလို့ မေတ္တာရပ်ပါတယ်။

  1. Anonymous said... :

    lexusကားက ဈေးအကြီးဆုံးမှ ဒေါ်လာ၃သိန်းဝန်းကျင် မြန်မာငွေနဲ့ဆို ကျပ်သိန်း၃ထောင်ခန့်ပေါ့။ အဲလောက်ပဲ ရှိပါတယ်။ ဒေါ်လာသိန်းရာချီမတန်ပါဘူး။ ဒေါ်လာသိန်းချီတန်တယ်ဆို လက်ခံပါတယ်။

  1. Anonymous said... :

    U Win Zaw = 150 lakhs
    Daw Khin Khin Swe = 50 lakhs
    U Myat Ko = 5 lakhs
    U Aung Kyi = 30 lakhs
    Chief of Justice (Tmw Tsp)= 10 lakhs

  1. Anonymous said... :

    ဇော်ဝင်းရှိန် က အရင်က တင်အောင်မြင့်ဦး ရဲ့သား တေဇာစောဦးနဲ့ ပေါင်းပြီး ဧရာဟင်းသာ ဆိုပြီးထင်ရှား လာခဲ့တယ်။ 7 Lakker ဖြစ်တော့ ဖိုးလပြည့် နဲ့ပေါင်းမိသွားတယ်။ ပိုပိုပြီးတော့ ပေါက်ရောက်လာတော့ တာပါပဲ။

  1. Anonymous said... :

    ပရောဂျက်ကြီးတစ်ခုလုံးအတွက် ကားလေးတစ်စီးမှာတာ မဟုတ်လောက်ပါဘူး။ ကားအစင်းရေ ရာနဲ့ ချီမှာတာနေမှာပေါ့..စိတ်ညစ်

  1. Anonymous said... :

    ပျောတိုင်း၊ေ၇းတိုင်း၊ အမှန်တွေဖြစ်ပါမလား၊

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved