နယ်စပ်မြို့ကလေးရဲ့အဖြူရောင် ခရစ္စမတ်ည

Friday, December 24, 2010

ခရစ္စမတ်ဘိုးဘိုး ၀တ်စုံ ၀တ်ထားတဲ့ နယ်စပ်မြို့ဆေးခန်းလေးထဲ
ကလေးငယ်တွေရဲ့ ချော့ကလက်အပြုံးတွေ
ဖယောင်းတိုင် မျက်ဝန်းတွေဟာ
ပါတီညရဲ့ လက်ဆောင်ပေါ့။

အပျော်တွေ ဖိတ်လျှံကျ
လူနာတွေတောင် ချိုင်းထောက်ဆွဲကြ
အုပ်ဖွဲ့ကြနဲ့…။

မိဘမဲ့
အိုးအိမ်မဲ့
နိုင်ငံမဲ့သူတွေအတွက်
စေတနာရှင် ဆရာဝန်မလေးနဲ့ ဆေးမှူးတွေရဲ့ မေတ္တာမီးအိမ်ကို
အဖဘုရားသခင်က ဒီညမှာ ကျေးဇူးပြုတော်မူတယ်။

သောင်ရင်းမြစ်နဲ့ ဒေါနတောင်တန်းကြီးကို ကားစင်တင်ထားတဲ့
အပြင်ဘက် အမှောင်ကမ္ဘာကြီးအတွက်တော့
ကြယ်တွေ
နှင်းတွေက
ဖြူစင်တဲ့ ဥပေက္ခာတရားနဲ့ ဆုတောင်းပေးခဲ့တယ်။

“နှလုံးသားများ ရှင်သန်ထမြောက် နိုင်စေသော်ဝ်...အာမင်”

ရဲနည်

စာရေးသူ မှတ်ချက်။     ။ ၂၀၀၁ ခုနှစ် ဒီဇင်ဘာ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ ဒေါက်တာ စင်သီယာမောင် ဆေးခန်း ခရစ္စမတ် ပါတီကအပြန် အမှတ်တရ ရေးဖွဲ့ဖြစ်ခဲ့ပြီး ဒေါင်းအိုးဝေ စာစောင် အတွဲ (၂) ၊ အမှတ် (၃) ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ၂၀၀၂ တွင် ပုံနှိပ် ဖော်ပြခဲ့သည်။ ယခုနှစ် ခရစ္စမတ် အထိမ်းအမှတ် အတွက် အမှတ်တရ ပြန်လည် ဖော်ပြ အပ်ပါသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved