
ခရစ်စမတ်နေ့နဲ့ ပတ်သက်ပြီး FaceBook, YouTube တို့မှာ ရေးသား ပြောဆိုထားတာတွေထဲက သီချင်းတပုဒ်က စိတ်ဝင်စားစရာကောင်းလို့ ဝေမျှပါရစေ။
သီဆို တီးခတ်ဖို့ လိုတဲ့ တူရိယာတွေအတွက် iPad and iPhone တွေကို သုံးထားလို့ပါပဲ။
ကမ္ဘာကျော်သီချင်း Feliz Navidad ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် ဘုရားကျောင်းတခု ဖြစ်တဲ့ North Point Community Church က ဒီလဆန်းပိုင်းမှာ တင်ဆက်ထားတာ နားဆင်ကြည့်ရှုပါအုံး။
ဒီသီချင်းကို "---အချစ်များ နှလုံးသားမှာ၊ အားလုံးပဲ ကိုယ့်ရဲ့ အချစ်တွေ မင်းအတွက်ပါ---" ဆိုပြီး မြန်မာမှု ပြုထားတာ ရှိပါတယ်။
Jingle Bells သီချင်းဆိုရင် "ကိုကိုရေ အချစ်ဆုံးကိုကိုရေ" ဖြစ်သွားပါတယ်။
ခရစ်စမတ်သီချင်းတွေကို မြန်မာပြည်မှာ ကော်ပီလုပ် ရေးသား သီဆိုတဲ့အခါ ခပ်ပေါ့ပေါ့ စကားလုံးတွေ ထည့်ထားတဲ့ အချစ်သီချင်းတွေ ဖြစ်နေလို့ မူရင်း ဖန်တီးသူများကို အားနာစရာပါပဲ။
ကမ္ဘာ့ဂန္တဝင်ခရစ်စမတ်သီချင်းဖြစ်နေတဲ့ Feliz Navidad ပေါ်ထွက်လာတာ အနှစ် ၄၀ ပြည့်ပါပြီ။

သူက အမေရိကန်ပိုင် Puerto Rico ကျွန်း ဇာတိ၊ အခု အသက် ၆၅ နှစ် ရှိပါပြီ။
သီချင်းကို စပိန်၊ အင်္ဂလိပ် ၂ ဘာသာနဲ့ ခပ်တိုတို ရေးထားပေမယ့် လူကြိုက်များလွန်းလှပါတယ်။
Feliz Navidad
Feliz Navidad
Feliz Navidad
Prospero Ano y Felicidad.
I wanna wish you a Merry Christmas
I wanna wish you a Merry Christmas
I wanna wish you a Merry Christmas
From the bottom of my heart.
Feliz Navidad!