ထောင်လည်း ဝယ်တယ်

Thursday, December 30, 2010

မိတ္ထီလာထောင် (ပုံ - Google Earth)

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက မန္တလေးတိုင်း မိတ္ထီလာမြို့ရှိ မိတ္ထီလာ အကျဉ်းထောင်ကို ကျပ် သိန်းပေါင်း နှစ်သောင်း ဖြင့်ဝယ်ယူ၍ ဈေးဝယ် စင်တာ (Shopping Mall) ဆောက်မည် ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနနှင့် စီးပွားရေး လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ပြောသည်။ ထို့အပြင် မိတ္ထီလာမြို့ရှိ ရွှေဘို ရုပ်ရှင်ရုံကိုလည်း ဦးတေဇက ကျပ်သိန်း ခုနစ်ထောင့်ရှစ်ရာနှင့် ၀ယ်ထားသေးသည်ဟု မိတ္ထီလာ မြို့မှ စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောပြသည်။

သတင်းအသေးစိတ် ဖတ်ရန်

12 comments :

  1. ရောင်းတဲ့သူကလည်း အရှက်မရှိရောင်း ဝယ်တဲ့သူကလည်း အရှက်မရှိဝယ်...။ သူများတိုင်းပြည်တွေမှာ ထောင်ဆိုတာမျိုးဟာ ဟောင်းနွမ်းသွားလို့ အသုံးမပြုတော့ဘူး ဆိုရင် ပြတိုက်လုပ်တာက များတယ်။ ထောင်နေရာဟောင်းကို Shopping mall လုပ်ရတယ်လို့...ပေါရဲလိုက်တာ....။

  1. Anonymous said... :

    သေတဲ့သူတွေပါအငြိမ်းချမ်းမရအောင်နောက်ထပ်သချို င်္င်းတောင်ဝယ်အုံမလားမသိပါဘူး။ :)

  1. Anonymous said... :

    သူ့ဘာ့သာ သူ ဘာဝယ်ဝယ် မင်းတို့ဆီက ပိုက်ဆံချေးလို့လား.......မင်းတို့ဟာ ဘယ်နှပြားပါလို့လဲ.............

  1. Anonymous said... :

    နောက်ထပ်ဝယ်မှာကချီးထုပ်တွေဘဲ။။။

  1. Unknown said... :

    ရွှေဘိုမဟုတ်ပါ။
    ရွှေဗဟို ရုပ်ရှင်ရုံပါ
    တည်နေရာ မြို့မ(4) ၊မင်းရပ်။မိတ္ထီလာမြို့...။

  1. Ko Zaw said... :

    မြန်မာပြည်က ခေတ်သစ်သူဌေးကြီးတွေ မြန်မာပြည်မြေပုံကို ရှေ့မှာချပြီး မိုနိုပိုလီ ကစားနေကျတာလားဗျာ။

  1. Anonymous said... :

    ပုဂ္ဂ လိ က ထောင် လုပ် မ လို့  နဲ.တူ တယ်။ ဟီး

  1. Anonymous said... :

    This is good news!!
    "Jail become shopping complex".
    Offer new jobs for local people to work at store.

  1. Anonymous said... :

    This is good news!!
    "Jail become shopping complex".
    Offer new jobs for local people to work at store.

    ခင်ဗျားလိုတွေးတက်တဲ့သူမျိုး အရမ်းရှားပါတယ်.......သိပ်ကောင်းတယ်ဗျာ......အများစုက ၀ါးလုံးရှည်နဲ့သိမ်းရမ်းပြီးရေးနေကြတာ.........

  1. Anonymous said... :

    This is good news!!
    "Jail become shopping complex".
    Offer new jobs for local people to work at store.
    ...................................................................................................
    like it's your idea.....

  1. A-bomb said... :

    "This is good news!!
    "Jail become shopping complex".
    Offer new jobs for local people to work at store."

    ဆင်းရဲသားတွေအတွက် အကျိုးအမြတ်မရှိပဲ ခေတ်ပျက်မိုနိုပိုလီသူဌေးတွေကိုသာ ပိုပြီးချမ်းသာစေမယ့် စီးပွားရေးလို့ပဲမြင်ပါတယ်။ ရှော့ပင်းစင်တာတစ်ခုဆောက်ရင် မိတ္ထီလာလိုမြို့ကြီးက လူဘယ်နှယောက်ကိုအလုပ်ခန့်နိုင်မှာလဲ? ဆိုင်ရှင်တွေအတွက်ကော ဈေးရောင်းကောင်းမှာလား? ပြိုင်ဘက်မရှိတဲ့အတွက်ကြောင့် ဈေးကွက်စီးပွားရေးအရ လမ်းဘေးကစတိုးဆိုင်တွေထက်စာရင် ဈေးပိုကြီးဖို့ပဲရှိတယ်။ ဈေးပိုကြီးလာတာအပြင် ပိုက်ဆံသုံးနိုင်တဲ့ လူလတ်တန်းစားတွေအတွက် ဘာအကျိုးများရှိလာနိုင်မလဲ? ရန်ကုန်မှာဆို ပလာဇာတွေ ရှော့ပင်းစင်တာတွေ မှိုလိုပေါက်လာပေမယ့် ရောင်းသူတစ်ရာ ဝယ်သူတစ်ယောက်ဆိုတဲ့အတိုင်း ဆိုင်တွေကလည်း အင်မတန်မှစိတ်ရှည်ရှည်ထားပြီး ဈေးရောင်းရသလို တကယ်တန်းဈေးဝယ်သူတွေကလည်း ချမ်းသာတဲ့လူတွေက အများစုဖြစ်ကြောင်းပါ။

  1. Anonymous said... :

    "Jail become shopping complex" is good,
    BUT the problem is many innocent people in jail are still inside and
    Burma people are still in poverty, the country is under development, the gap between poor and rich grows bigger day by day...
    So we must and should against monopoly system of the tycoons who are in good relationship of military government and mutual support to each other....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved