ပုပ္ပါးတောင်ပေါ်က ဗိုလ်ထုံပေပေ

Wednesday, December 15, 2010

တနင်္လာနေ့တွင် ပုပ္ပါးတောင်တက်ပြီး ယတြာချေရန် ဆိုတဲ့ ဝေဒဆရာများရဲ့ အကြံပေးချက်ကို ဗိုလ်ချုပ်မှူးကြီးက လိုက်နာတဲ့ ပုံလို့ ယူဆရပါတယ်။

အတိုက်အခိုက်တွေကလည်း များတော့ ချေရမှာပေါ့။ လီကွမ်ယုကတောင် သူ့ကို ထုံပေပေ ငမိုက်သား လို့ ပြောနေပြီလေ။

ယတြာက ပုဂံခေတ် လူစွမ်းကောင်း ဗျတ္တ ချောင်းပေါက်အောင် ပြေးခဲ့သည့် လမ်းမှ စကားဝါပန်းများကို ခူးပြီး အသံဝါကြီးဖြင့် အော်ဟစ်ရန် ဆိုတာ ဖြစ်မလားပဲ။ ပုံပဲ မြင်ရတော့ ခန့်မှန်းကြည့်တာပါ။

မည်သည့်ကဏ္ဍမှာ မဆို အဘက်ဘက်က တိုးတက်နေတဲ့ခေတ်မို့ ပုပ္ပါးတောင်မှာ ပုဂံခေတ်တုန်းကလို စကားဝါပင်တွေ မရှိဘဲ လက်ဖက်တွေပဲ စိုက်ထားပါတယ် တဲ့။ စကားဝါပန်း မရတော့ လက်ဖက်စားပြီး ပြန်ရုံပေါ့။

ယတြာချေရာမှာ ထင်ရှားတဲ့ ဒီလူကြီးကို ပုံမှာ မြင်ရတာကတော့ ကျန်းမာရေး ကောင်းနေဟန် တူတယ်။

သူ့နောက်က အရာရှိတွေ ဗိုလ်ချုပ်တွေကတော့ စိတ်ပျက်လက်ပျက် ထိုင်နေကြတာလား၊ ကြောက်လန့်နေတာလား - အင်း ---- တခုခုတော့ တခုခုပဲး)

(ဒီနေ့သတင်းစာမှာ ပါတဲ့ ပုံကို ကောက် တင်လိုက်တာပါ၊ ဗိုလ်ချုပ်တွေမျက်နှာ ပိုပြီး သဲသဲကွဲကွဲ မြင်နိုင်ဖို့ ကလစ် တချက်နှိပ် ပုံကြီး ချဲ့ကြည့်ပါ)

2 comments :

  1. Anonymous said... :

    တောင်ပေါ်မတတ်ပါဘူးဟ လူငယ်တွေတောင် မနည်းတတ်ရတာ။ ပတ်ဝန်းကျင် စိန်းလမ်းစိုပြေရေးနဲ့ ချမှတ်ပေးထားတဲ့ ပရောချက်တိုင်း ဘယ်လောက် အောင်မြင်နေလည်းဆိုတာပဲ ကြည့်ရှုစစ်ဆေးတာပါ။

  1. Anonymous said... :

    ဗိုယ်ချုပ်တွေ ကြည့်၇တာ ဘာမှ မသိတဲ့သူ တွေ နဲ့  တူနေတယ်။
    စိတ်ဓာတ် ကျနေသလိုပဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved