ချင်းမိုင်က အနုပညာ ဈေးပွဲတော်

Tuesday, December 7, 2010

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နှစ်စဉ် ကျင်းပတဲ့ ထိုင်း အနုပညာရှင်တွေရဲ့ အနုပညာလက်ရာတွေကို ပြသတဲ့ ပြပွဲတခုကို ဒီဇင်ဘာ ၅ ရက် နေ့ ကနေ ၁၁ ရက် နေ့ အထိ နီမာဟင်မင် လမ်းသွယ်(၁) မှာ ကျင်းပနေပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့ဟာ လက်ရှိ ထိုင်းဘုရင် ကြီး ရဲ့ မွေးနေ့လည်းဖြစ်ပါတယ်။ ထိုင်းဘုရင်ကြီး မွေးနေ့ အထိမ်းအမှတ် ကျင်းပတာလို့လည်း သိရပါတယ်။ အခု ဆိုရင် ဒီပွဲဈေး ကျင်းပခဲ့တာ ၁၁ ကြိမ်မြောက်ရှိပါပြီ။ ဒီအနုပညာ ပြပွဲကို ဈေးတန်း သဖွယ် ပြခန်းလေးတွေ ဖွင့်ပြီး ပြသကြတာပါ။ ဒီပွဲမှာ အဓိက ပြသကြ တာတွေကတော့ ကိုယ်တိုင် ဖန်တီးတဲ့ လက်မှုပစ္စည်း (Handmade) တွေကို ပြသတာပါ။ ပန်းချီကားတွေ အပါအ၀င် စက္ကူ ၊ သစ်သား ၊ ပလတ်စတစ်၊ အ၀တ်စ တွေနဲ့ ဖန်တီးထားတဲ့ အရုပ်ကလေးတွေ၊ ပန်းပုရုပ်တွေ၊ နောက်ပြီး ၀ါး တို့ ပန်းအစစ်တို့နဲ့ အလှဆင်ထားတာတွေ စတဲ့ စိတ်ဝင်စား စရာ အရောင် အသွေးစုံ အနုပညာ လက်ရာစုံကို တွေ့ရပါတယ်။

ပြီးတော့ အနုပညာ ဆန်ဆန် ပြင်ဆင် ခင်းကျင်းထားပြီး တေးဂီတ ဖျော်ဖြေရေးတွေ နဲ့ ၀န်ဆောင်မှုပေး ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တွေလည်း ရှိပါတယ်။ ပြပွဲလာသူတွေ အနေနဲ့ နားနားနေနေ အပန်းဖြေ စားသောက်ရင်းနဲ့ မိမိနှစ်သက်တဲ့ အနုပညာ လက်ရာတွေကို ကြည့်ရှု လေ့လာရင်း အပိုင်ဝယ်ယူ လို့လည်း ရပါတယ်။ ဒီပြပွဲက အမှတ်တရ ပုံတွေကို ကြည့်ရှု ခံစား နိုင်အောင် မျှဝေလိုက်ပါတယ်။ (ဓာတ်ပုံ - ကိုစိုး/ဧရာဝတီ)

အနုပညာဈေးပွဲတော်သို့ အ၀င်

မြန်မာ အနုပညာလက်ရာလို့ ထင်ရတဲ့ ဆိုင်းဝိုင်းတခု


ပန်းတွေ၊ ၀ါးခြမ်းတွေနဲ့ ပန်းကုံးလို ဖန်တီးထားတဲ့ ခဏတာ နားနေရာ

အဲဒီ ကဒေါင်း ရုပ်ကလေးကလည်း မြန်မာဒေါင်းနဲ့ ခပ်ဆင်ဆင်

လက်ရာမြောက် ပန်းပုရုပ် တခု

Classic model ဆိုတဲ့ ချည်ထည် ဆိုင်ကလေး တဆိုင်

သောက်ချင်စိတ် ရှိရင်လည်း သောက်လို့ရတယ်တဲ့၊ ပိုက်ဆံတော့ ပေးရမယ်

ရောင်းဈေး ဘတ်ငွေ ၁၂၉၉၉ လို့ ရေးထားတဲ့၊ အပြင်ကာဗာမှာ ပန်းချီဆွဲထားတဲ့ တကယ့် လျှပ်စစ်မီးလုံးကြီး တလုံးပါ၊ ထွန်းကြည့်ရင် လင်းပါတယ်

ကိုယ့် အသိမိတ်ဆွေကို အမှတ်တရပေးလို့ရတဲ့ အနုပညာလက်ဆောင် ပစ္စည်း ဆိုင်လေး တဆိုင်ပါ

ပန်းချီကားလည်း ၀ယ်လို့ရတဲ့၊ ပုံတူလည်း ချက်ချင်း ဆွဲပေးတဲ့ ပန်းချီဆိုင်

အနုပညာ ဈေးပွဲတော်ထဲက ခွေးနဲ့ ကြက်

အင်းတွေ ၊ စမ တွေလည်း ဆိုင်တဆိုင်မှာ တွေ့ခဲ့ရ

လျှပ်စစ်အလင်းနဲ့ ဒီဇိုင်း ကြော်ငြာတခု

အရုပ်ကလေးတွေက ချားရဟတ်စီးလို့

စက္ကူ ပန်းဆိုင်းတွေ အလှဆင်ထားတဲ့ ဧရာမ ထီးကြီး

အနုပညာ ဈေးပွဲတော် ဆိုင်းဘုတ်

ဒါက ကျောဘက်က တွေ့ရတဲ့ ဈေးပွဲတော် ဆိုင်းဘုတ်

အနုပညာ လက်ရာစုံခင်းကျင်းထားတဲ့ ဆိုင်တဆိုင်

စားသောက်ဆိုင်အ၀င်ဝမှာ ဒီလို ဧည့်ကြို အမျိုးသမီး ၀၀ တွေ့ဖူးလား

လက်ဆောင်ပေးချင်ရင် ၀ယ်လိုက်ပါလို့ ပြောနေသလားပဲ

တရုတ် ခေါင်းဆောင် မော်စီတုန်း နဲ့ တူတယ်

အရုပ် ကလေးတွေ ရမယ်

ထိုင်းဘုရင်ကြီးကို ချစ်ကြတဲ့ ပြည်သူတွေပုံ ပန်းချီကား

ပုံတူ ချက်ချင်း ဆွဲပေးနေတဲ့ ပန်းချီဆရာ တဦး

ထိုင်း နန်းတွင်းစတိုင် လုပ်ထားတဲ့ စက္ကူ ရုပ်ကလေးတွေ

ထိုင်း နန်းတွင်းစတိုင် လုပ်ထားတဲ့ စက္ကူ ရုပ်ကလေးတွေ

ဒါကတော့ စက္ကူ ရုပ်ကလေးတွေ ပြသ ရောင်းချတဲ့ ဆိုင်ပါပဲ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved