အမျိုးသမီး သံအမတ် များပြားတဲ့ ဩစေၾတးလ်

Tuesday, December 21, 2010

ရန္ကုန္မွာ ရိွတ့ဲ ဩစေၾတးလ် သံအမတ် အပြောင်းအလဲ ရှိပါတယ်။

လက်ရှိ သံအမတ် Michelle Chan က ရန်ကုန်မှာ ရက်ပိုင်းပဲ ရုံးထိုင်ရတော့မှာပါ။ ဒီဇင်ဘာ လကုန်အထိပါ။
သူ့အကြောင်း http://www.dfat.gov.au/homs/mn.html မှာ ကြည့်ပါ။

သူ့နေရာဝင်မယ့် Bronte Moules ရဲ့ ပုံ။
ရန်ကုန်သွားမယ့် ဒီ သံအမတ်အသစ်က ဘန်ကောက်မှာ တာဝန်ကျပါတယ်။
(Deputy Head of Mission to Thailand - ဒုသံအမတ်)

သြစီ နိုင်ငံခြားရေးဌာန ၀က်ဆိုက် http://www.dfat.gov.au/homs/dep_th.html မှာ ဖော်ပြထားချက်အရ သူ့ရဲ့ သံတမန် သက်တမ်းက အနှစ် ၂၀ ရှိပါပြီ။ အိမ်ထောင်ရှိကြောင်း ဖော်ပြထားတာ မတွေ့ရပါဘူး။

http://www.dfat.gov.au/homs/index.html#t မှာ သြစီ သံအရာရှိတွေကို တွေ့နိုင်ပါတယ်။
ဩစတြေးလျဟာ အမျိုးသမီး သံတမန် အရေအတွက် တော်တော်လေး များပြားတဲ့နိုင်ငံဖြစ်တယ် ဆိုတာကို အဲဒီစာမျက်နှာက ပြပါတယ်။ ၁၁၁ ဦးမှာ အမျိုးသမီး ၂၆ ဦး ပါဝင်တယ်။

မြန်မာပြည်ကတော့ အမျိုးသမီး သံအမတ် ဆိုတာ ဒေါ်ခင်ကြည် တယောက်ပဲ ရှိဖူးမယ် ထင်ပါတယ်။
အမျိုးသမီးတွေကို တဆင့် နိမ့်ထားရမယ် ဆိုတဲ့ ရည်ရွယ်ချက် တခုတည်း အတွက်ကြောင့်တော့ ဟုတ်ဟန် မတူပါဘူး။ ညွှန်ချုပ်၊ သံအမတ်၊ ၀န်ကြီး ဆိုတဲ့ တာဝန်တွေဟာ စစ်အရာရှိတွေအတွက်ပဲ ဖြစ်ရမယ် မဟုတ်လား။

ဘန်ကောက်မှာ အလှူလုပ်နေတဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဒုတိယ သံအမတ် Bronte Moules

ဒီနှစ်ထဲမှာပဲ သြစတေးလျက သူ့ဝန်ကြီးချုပ်အဖြစ် အမျိုးသမီးတဦးကို ခန့်လိုက်ပါတယ်၊ အမျိုးသမီးတွေ ခေါင်းဆောင်ပိုင်းနေရာ ပိုပိုပြီး ရောက်လာနေတဲ့ နိုင်ငံပေါ့။



1 comments :

  1. Anonymous said... :

    မြန်မာ အမျိုးသမီးတွေလည်း ထူးချွန်အောင် လုပ်ထားသင့်တယ်
    ခေတ်ပြောင်း ချိန်မှာ ခေါင်းဆောင်ပိုင်း တာဝန်တွေ တာဝန် ကြီးကြီး မားမားတွေ ယူနိုင် အောင် လို့်ပါ။
    မီးဖိုး ထဲမှာ ပဲ မနေ ပါ နှင့်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved