နအဖစစ်တပ် ပေါ်တာဆွဲလို့ မြ၀တီနယ်ခံများ ထွက်ပြေးလာပြန်

Thursday, December 2, 2010




ဓာတ်ပုံ-ဧရာဝတီ

ထိုင်း-မြန်မာနယ်စပ် မြ၀တီခရိုင်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဖလူးနယ်မှာ နအဖစစ်အစိုးရက ပေါ်တာဆွဲနေတဲ့အတွက် ဖလူးဒေသခံ ၆၀၀ ခန့်ဟာ ဒီကနေ့ ထိုင်းဘက်ကို ပြန်လည် ထွက်ပြေးလာကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မြ၀တီခရိုင် ဖလူးနယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ထိုင်းဘက်ကို ထွက်ပြေးခဲ့ပြီး ယမန်နေ့က ပြန်ပို့ခံရတဲ့ ဖလူးဒေသခံတချို့ဟာ ဒီကနေ့မှာတော့ ထိုင်းဘက်ကို ပြန်လည်ခိုလှုံလာခဲ့ကြတာပါ။

ညနေပိုင်းအထိ ထွက်ပြေးလာသူပေါင်း ၆၀၀ခန့် ရောက်ရှိနေပြီး ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ များစွာ ပါဝင်နေတယ်လို့ သိရပါတယ်။ စစ်ပြေးဒုက္ခသည်တွေကို ထိုင်းကျန်းမာရေးဌာန ၊ မယ်တော်ဆေးခန်းနဲ့ NGO အဖွဲ့အစည်းတွေက စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးနေပါတယ်လို့ မယ်တော်ဆေးခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြ၀တီခရိုင်အတွင်းမှာ နိုဝင်ဘာ ၇ ရက်က စတင်ပြီး နအဖစစ်တပ်နဲ့ ဒီကေဘီအေတပ်တို့အကြား စစ်ပွဲများ ဖြစ်ပွားနေခဲ့လို့ ဒေသခံတွေဟာ ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

7 comments :

  1. Unknown said... :

    သတင်းစာတွေမှာဖတ်ရသလိုမြန်မာပြည်ကြီးတိုးတက်ပြီးပြည်သူပြည်သားတွေမှာဆီရေချိုးဆေးရိုးမီးလှုံ၊အစိုးရမင်းများကိုသာဓုခေါ်နေကြပုံများ၊
    ဓါတ်ပုံတွေကြည့်ပြီးသံဝေဂရမိပါရဲ့။ ကိုယ့်ရပ်ကိုယ်မြေမနေရဲ။ထမင်းမြေမှာချပြီးသူများဝေတာမျက်နှာငယ်နဲ့ စားရ၊နှင်ထုတ်လို့ ပြန်ပြေးရ.. အဿူရကယ်ဘုံဆိုတာမြန်မာပြည်ပါလားကွယ်တို့ ...

  1. Anonymous said... :

    ပုံတွေမြင်ရတာ စိတ်မကောင်းဘူး။ ပညာရှာရမဲ့အရွယ်မျိုးမှာ အခြေပျက်အနေပျက် ခြေးသလုံးအိမ်တိုင် လျှောက်ပြေးနေရတာ ဘ၀မျှော်လင့်ချက် ဆိုတာမဲ့နေပြီ။ သန်းရွှေအစိုးရ အသုံးမကျလို့ ပြည်သူတွေ ဒုက်ခရောက်နေရတာ။ နိုင်ငံအုပ်ချုပ်တတ်လားဆိုတော့လည်း မအုပ်ချုပ်တဲ့။ စစ်သားလုပ်ပြီး စစ်တိုက်တတ်လား၊ ညှိနှိုင်းရမယ့်နေရာမျိုးမှာရော ညှိနှိုင်းတက်လားဆိုတော့ မငြိမ်းသေးတဲ့ ပြည်တွင်းစစ်သာကြည့်တော့။ ဆရာကြီးသာ သိပ်လုပ်ခြင်တာ ဘာမှလည်းတတ်။ လက်နက်အားကိုးနဲ့ သွေးနထင်ရောက်နေတဲ့ နလပိန်းတုံးတွေ ဘယ်နေရာလေးဖြင့် တော်တယ်ပြောစရာမရှိဘူး။

  1. Anonymous said... :

    ပေါ်တာဆွဲတယ်ဆိုပြီး ပုံမှာပြထားတာကတော့ အမျိုးသမီးနဲ့ ကလေးတွေကြီးပါပဲ...."""နအဖစစ်တပ် ပေါ်တာဆွဲလို့ မြ၀တီနယ်ခံများ ထွက်ပြေးလာပြန်""" ပေါ်တာဆွဲတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုရော ကောင်းကောင်းသိပါသလား ဘလောဂါ...မသိရင်လည်း ထစ်ကနဲဆို ၀ါဒဖြန့်ဖို့ပဲ မလုပ်ပါနဲ့...ပုံထဲက ပြည်သူတွေကတော့ သနားစရာပါ ဒါပေမယ့် သက်ဆိုင်တဲ့ ခေါင်းစဉ်နဲ့သာ အဆင့်တန်းရှိရှိတင်ပါ...

  1. Anonymous said... :

    အပေါ်က ကော်မန့်ပေးတဲ့လူ။
    ခင်ဗျား မျက်စိကို သေချာဖြဲကြည့်ပါ။
    မမြင်ရင် မှန်ဘီလူး သုံးပါ။

  1. အောင်လတ် said... :

    တတိယမြောက် ကော်မန့်ရှင်ခင်ဗျာ။ ခင်ဗျားအမေလင်တွေက ပေါ်တာဆွဲသွားလို့ အဲဒီပုံမှာ ယောကျာင်္းပုံမပါတာပေါ့။

  1. မျိုးမင်းသိုက် said... :

    တတိယမြောက် comment သမားရေ။ မင်းကလည်း နအဖစစ်အစိုးရနဲ့ ပဲတန်တယ်။ စစ်တပ်က ပေါ်တာဆွဲတဲ့ ဓာတ်ပုံသတင်းသွားယူရင် မင်းယောက်ဖတွေက အမှုန့် ကြိုတ်ပစ်လိုက်မှာပေါ့။ လူစကားနားလည်တဲ့ကောင်တွေမှ မဟုတ်ပဲ။ ရဟန်းသံယာတွေတောင် ထားတာမဟုတ်ဘူး။ မင်းယောက်ဖတွေ ၀ါဒဖြန့်  လူတွေကို မျက်စေ့တွေပိတ်၊ နားတွေပိတ်၊ မုန်လာဥလုပ်နေတာကြတော့ မင်းမျက်လုံးကန်းနေသလား။ မြ၀တီ၊ မြန်မာ့အသံ တနိုင်ငံလုံး (2)လိုင်းပဲရှိတယ်။ ဘယ်ကောင်တွေက အမှန်ပြောလို့ လဲ။ မင်းလည်း ဖားမင်းဆွေလို ကောင်မျိုးပါလား။ မင်းမျက်မှန်စိမ်းလေးကို ချွတ်ပြီးမှ စာဖတ်ပါကွာ။

  1. မျိုးမင်းသိုက် said... :

    ခင်ညွန့် အသံမဲ့ဗီဒီယိုဖိုင်တုန်းက comment ပေးထားတာ ဖော်လည်းမပြဘူး။ ခေတ္တစောင့်ပါဆိုပြီတော့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved