သက်ခိုင်နဲ့ ဂူတင်ဘတ် မိတ်ဆွေဖြစ်ပြီ

Wednesday, December 29, 2010




ကွယ်လွန်သူ စာရေးဆရာကြီး ဦးသိန်းဖေမြင့်၏ စကားအရဆိုလျှင် ကျနော်သည် စာရေးဆရာအဖြစ်ကို နမောတဿ ရွတ်ဆို၍ တောင်းခံဆဲဖြစ်လေသည်။ ကျနော်ရေးသောစာတို့မှာ စာရေးဆရာတယောက်နှင့် တူသည်မတူသည်ကို မသိလင့်ကစား သက်ခိုင်ကား ဂူတင်ဘတ်နှင့် မိတ်ဆွေဖြစ်ခဲ့ကြလေပြီ။

သက်ခိုင်၏ဘဝသည် ကြမ်းတမ်းရှုပ်ထွေးခဲ့သည့်နည်းတူ သက်ခိုင်ပုံနှိပ်စာအုပ်အဖြစ် ရောက်ရှိရေးသည်လည်း ဤနည်းနှင်နှင်ပင်။ဒီဇင်ဘာလဆန်းက ပုံနှိပ်ရန်အဆင်သင့်ဖြစ်နေပြီဟူသော အကြောင်းကြားချက်အရ မိုင်ထောင်ချီဝေးသော ဖူးခက်-မဲဆောက်ခရီးကို နှင်ခဲ့သော်ငြား မဲဆောက်သို့ရောက်သည့်အခါ မာတိကာပင် မပြီးသေးချေ။ ထို့ပြင်တဝ ပုံနှိပ်ခ ထိုင်းဘတ် ရှစ်သောင်းခန့် မှန်းထားခဲ့ပြန်သော်လည်း ဘန်ကောက်ပုံနှိပ်တိုက်ပိုင်ရှင်နှင့် နဖူးတွေ့ဒူးတွေ့ကြုံသောအခါ ထိုင်းဘတ် တသိန်းခြောက်သောင်း ဆိုပြန်ပါလေသည်။

ဒိုနာတို့ ဝေရာမဏိကြလေသော မင်းဒင်ရဲ့သက်ခိုင်ကား ကျနော့်အိတ်ကပ်ထဲက ချွေးနည်းစာ၊ ရှိစုမဲ့ ငွေအသပြာတို့ကို သူဌေးသုံး သုံးခဲ့လေသည်။ မည်သို့ဆိုစေ ယခုသော်ကား ဆိုဒ်ကြီး စာမျက်နှာ (၇၂ဂ) မျက်နှာ ရှိလေသော မင်းဒင်ရဲ့သက်ခိုင် အစအဆုံး လုံးချင်းသည် ပုံနှိပ်စာအုပ်တအုပ်အဖြစ်သို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။ www.mindin.info တွင် အခန်းပေါင်း (၈၉) ခန်းအပြင် ကျန်အခန်း (၁၂) ခန်းကို စုပေါင်းကာ ထုတ်ဝေလိုက်ခြင်းဖြစ်ပါသည်။ စင်စစ် ထိုစာအုပ်သည် သေစာရှင်စာမျှပင် တတ်မြောက်မသွားခဲ့ရှာသော ကွယ်လွန်သူ မိခင်ကြီးသို့ အထူးရည်ညွှန်းခြင်းဖြစ်ပါသည်။




စာအုပ်ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းခဲ့ကြသူများကိုလည်းကောင်း၊ လန်ဘား ကျောက်တံတား ဝတ္ထုရှည်ကြီးကို စိုက်လိုက်မတ်တပ် ဖတ်ရှုနေခဲ့ကြသူများကို လည်းကောင်း၊ အကြင်စာအုပ်ကို အားပေး ဖတ်ရှုလိုကြသည့် စာဖတ်ပရိသတ်အား လည်းကောင်း ပူဇာစ၊ ပူဇနေယျာနံအဖြစ် မှတ်ယူပါကြောင်း အလေးအနက်ပြောလိုပါသည်။

ဖြန့်ချိရေးကိုယ်စားလှယ် အသီးသီးရှိရာ နိုင်ငံအသီးသီးသို့ စာအုပ်များ တင်ပို့ထားပြီးဖြစ်ပါကြောင်းလည်း သတင်းစကား ပါးအပ်ပါသည်။

ချမ်းသာကိုယ်စိတ်မြဲပါစေ။
လေးစားစွာဖြင့်
မင်းဒင်
၂၀၁၀ ဒီဇင်ဘာ ၂၉ ရက်
………………………………..
ပုံနှိပ်မှတ်တမ်း
ထုတ်ဝေသူ ။ ။ မင်းဒင်
စီစဉ်သူ ။ ။ နှင်းခါးမိုး၊ ကိုဈာန်
ပုံနှိပ်ခြင်း ။ ။ ပထမအကြိမ်၊ ဒီဇင်ဘာ ၂၀၁၀
အုပ်ရေ ။ ။ အုပ်ရေ ၁၀၀၀
ဓာတ်ပုံ ။ ။ ဂျစ်တူး (မုံရွာ )
ဂရပ်ဖစ်ဒီဇိုင်း ။ ။ သီဟမောင်မောင်
ဖြန့်ချိရေး ။ ။ သက်ခိုင်စာပေ
တယ်လီဖုန်း +၆၆ ၈ ၁၇၁၉၁၀၉၂
mindin3000@gmail.com

။ မလေးရှားနိုင်ငံ
ဦးစရိယ (ရတနာရာမကျောင်း)
၆၀ ၁၆၆၂၆၄၆၄၂ ashincariya@gmail.com

။ စင်္ကာပူနိုင်ငံ
ဂျစ်တူး(မုံရွာ) +၆၅ ၉၃၈၃၃၄၂၉ jittoo.monywa@gmail.com
ကိုဝင်းမြင့် + ၆၅ ၉၇၉၄၇၂၀၆ kolay.aoab@gmail.com
ကိုရဲ +၆၅ ၉၁၀၇၅၅၅၄ ytaung@gmail.com
မင်းတုန်းမင်း +၆၅ ၈၂၈၆၁၉၄၀ akst007@gmail.com

။ အမေရိကန်ပြည်ထောင်စု
မိုးမခ Multimedia +၁ ၉၄၁ ၃၂၀ ၂၀၇ maungyit@gmail.com

။ တောင်ကိုးရီးယား
ကိုရန်နိုင်ထွန်း yannainghtunkorea@gmail.com
။ ဆွီဒင်နိုင်ငံ
။ ကိုစန်းနိုင် panchittu2082@gmail.com
…………………………….
တန်ဖိုး။
ထိုင်းနိုင်ငံ ဘတ် (၄၀၀)
စင်္ကာပူ စင်္ကာပူဒေါ်လာ(၂၅)
မလေးရှား ရင်းဂစ်(၅၀)
အမေရိကန် ဒေါ်လာ(၂၀)
ယူရိုသုံးနိုင်ငံများ ယူရို(၁၈)
(အုပ်ရေမည်မျှဖြစ်စေတိုက်ရိုက်မှာယူနိုင်ပါသည်။တိုက်ရိုက်မှာယူသူများအနေဖြင့် စာပို့ခ သီးသန့်ကျသင့် မည်ဖြစ်ပါသည်။)

2 comments :

  1. Anonymous said... :

    Fantastic!!!! great news....

  1. Anonymous said... :

    how can i buy fr australia.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved