သတင်းထူးများ

Thursday, December 16, 2010

ဒီနေ့ သတင်းထူးတပုဒ် ဖတ်လိုက်ရပါတယ်။ အရမ်း အရမ်းကိုထူးတဲ့သတင်းပါ။ 7days News ဂျာနယ်မှာ ပါတာပါ။

“ဆက်သွယ်ရေးကသာ ခွင့်ပြုရင် ရောင်းခွင့်ပိတ်ထားတဲ့ FEC ၂၀ တန် ဖုန်းတွေ ပြန်ရောင်းမည်” ဆိုတဲ့သတင်းပါ။ ဦးတေဇရဲ့ ထူးကုမ္ပဏီအောက်က E light ကုမ္ပဏီရဲ့ တာဝန်ရှိသူက ပြောတာဖြစ်ပါတယ်။

ရောင်းချခွင့်ပိတ်ပင်ထားတဲ့ FEC ၂၀ တန်းဖုန်းကတ်တွေကို ဆက်သွယ်ရေးက ပြန်ရောင်းပါဆိုပြီး ညွှန်ကြားလာမယ် ဆိုရင် ပြန်ရောင်းမယ်လို့ သူကဆိုပါတယ်။

ဒီသတင်းကို ဖတ်ပြီးတော့ ကိုတာတေလည်း သတင်းထူးတပုဒ်လောက် ရေးကြည့်ဖို့ စဉ်းစားမိပါတယ်။

“တပ်ချုပ်ကြီးက ခွင့်ပြုလျှင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ပြန်လွတ်နိုင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးရင်ကောင်းမလား ... ဒါမှမဟုတ် “ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သေပါက နောက်ထပ် ဗိုလ်ချုပ်မှူးကြီးအသစ် တယောက် တက်မည်” ဆိုရင်ကော ... ဒါမှ မဟုတ်လည်း “စာပေစိစစ်ရေးက ခွင့်ပြုလျှင် ဒေါ်အောင်ဆန်းစုကြည် သတင်းများ ဖော်ပြခွင့်ရမည်” ဆိုပြီးရေးရင်ကောင်းမလား ... နောက်ဆုံးတော့ ကိုတာတေ အပိုင်ဆုံးနဲ့ အထူးဆုံး သတင်းပဲ ရေးတော့မယ်လို့ စဉ်းစားလိုက်ပါတယ် ... “ဧရာဝတီ မဂ္ဂဇင်းတွင် သတင်းများ ဖတ်ရှုနိုင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။

ရန်ကုန်သားတာတေ

4 comments :

  1. Anonymous said... :

    ရေးချင်သလိုသာရေး ကိုတာတေ ရေ့ ။
    သဒ္ဒါ ပြင်ပေးမဲ့ လူ၊ အင်္ဂလိပ်စာလုံးပေါင်း ပြင်ပေးမဲ့ လူ အဆင်သင့် ရှိနေတယ်။
    ရီစရာ ကိုတောင် ရီစရာမှန်းမသိတဲ့လူ။
    အဲဒါ ကိုက အတော်ရီစရာကောင်းနေပီ။

  1. Anonymous said... :

    ဟဲဟဲ။
    ဧရာဝတီ မှာ အယ်/ချုပ်အပါအ၀င် တနင်္လာသား တွေကိုလဲ မကြောက်ဘူးဗျ။
    တနင်္ဂနွေသား အယ်ဒီတာ နဲ့  web admin ကိုလဲ မကြောက်ဘူးဗျ။
    ကြာသပတေးသားများဆို ဆံပင် တိုလို့ ပိုမကြောက်သေးတယ်။
    ကျနော် တကယ်ကြောက်တာ စနေသားသမီး တွေ နဲ့  ဗုဒ္ဓဟူးလား၊ရာဟုလားမသိတဲ့ ကိုဟန်လေး ကိုတော့ ကြောက်ပါတယ်ဗျာ။
    မှတ်တမ်းလေး တင်ထားပေးပါ။ အဟိ။
    ( ဤ ကွန်မင်း ၌ သတ်ပုံအမှား၊ သဒ္ဒါအမှား၊ စပလင်(spelling) အမှားများ ပါ ပါက ဤ ကွန်မင်းရေးသူ မှ တာဝန် ယူပါသည်)

  1. Anonymous said... :

    တပ်ချုပ်ကြီးက နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ပြန်လွတ်မယ်လို့  စိတ်ကူး ယဉ်မနေကြနဲ့ ။

    နောက်ထပ် ထပ်ဖမ်းအုံးမယ် ဆိုတာ ယုံထားလိုက်။

  1. Anonymous said... :

    @Anonymous December 17, 2010 11:42 AM
    ယုံပါသော် ကော ဗျာ။
    Rule of Law မရှိဘဲနဲ့ ၊ နှိပ်စက်ဦးမယ်၊ ညှင်းဆဲဦးမယ်၊ကျန်းမာရေး စောင့်ရှောက်မှု ငြင်း ပါယ်ပီး မသေ သေအောင် သတ်ဦးမယ် ၊။ မိသားစု တွေကိုပါ ထောင်ဝင်စာ အခက်အခဲတွေ နဲ့  ဆုံကြုံ ရအောင် ရက်စက် ပြပါလိမ့်မယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved