အချိန် မရှိ

Monday, December 13, 2010

ဒေါ်အောင်ဆန်းစုကြည်က အချိန် သိပ်မရှိဘူးလို့ အင်တာဗျူးတခုမှာ ပြောထားပါတယ်။ ဟုတ်မှာပါ။ ခေါင်းဖီးဖို့တောင် အချိန် မလုနိုင်ဖြစ်နေပုံ ရပါတယ်။သောကြာနေ့က သူ့အိမ်မှာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ဝိုင် ယွန်းတို့ အဖွဲ့နဲ့ တွေ့ပြီးတဲ့ အချိန် ရိုက်ထားတဲ့ ပုံတွေ အဆင်ပြေတယ်။ သပ်သပ်ယပ်ယပ်။ နေ့ ၁၂း၀၀ ကျော်ကျော်။

နေ့ ၁း၀၀ NLD ရုံး လူ့အခွင့်အရေးနေ့ မိန့်ခွန်းပြောချိန် ရိုက်ထားတဲ့ ဓာတ်ပုံမှာတော့ ဆံပင်က မသပ်မယပ် ဖြစ်နေပြီ။ သြော် - တကယ်ကို အချိန် ဆင်းရဲနေပြီ။

7 comments :

  1. Anonymous said... :

    Amay Suu!
    I am worried about your health!
    please, take good care!
    ;(

  1. Anonymous said... :

    ဟုတ်တယ်ဗျာ . . . အန်တီစု အသက် ၁၀၀ နေရမယ် ဆိုရင် . . . အချိန် ၃၅ နှစ်ဘဲ ရှိတယ်။ . . .တကယ်လို့  ၈၀ လောက်ပဲ နေရမယ် ဆိုရင် . . . အချိန်က ၁၅ နှစ်လောက်ပဲ ရှိတော့တယ်။ ဒါတောင် . . .လုပ်ကြံ သတ်ဖြတ်တာတွေ မကြုံရမှပါ။ . . . မြန်မာနိုင်ငံ ပြသနာပေါင်း တသောင်းခြောက်ထောင် ၇ှိနေတာ . . . အန်တီစု ဖြေရှင်းပေးရင် အတော်များများ ပြေလည်နိုင်ပါတယ်။ . . .အန်တီစုမှာ အချိန်တွေ များများ ရှိပါစေ ၊ . . .ကျန်းမာပါစေလို့  ဆုတောင်းပေးပါတယ်။ . . .သတင်းဌာနများကလည်း အန်တီစုကို လိုရင်းတိုရှင်း မေးခွန်းများပဲ မေးကြပါ၊ အဖွဲ့ ချုပ် အကြောင်း အတော်များများ ကို အဖွဲ့ ချုပ် က ပြန်ကြားရေး အရာရှိတွေကို မေးလည်း ရပါတယ်လို့  . . .အကြံပြုပါရစေ ခင်ဗျာ။ . . .ကျေးဇူး တင်ပါတယ်။ . . .

    အောင်နိုင်

  1. Anonymous said... :

    အချိန်မရှိဘူးဆိုလို့ စကားပြောတဲ့ အန်တီကို သူမရဲ့ ဓာတ်ပုံထဲမှာပါတဲ့ ဆံပင်ကိုကြည့်ပြီးပြောတာတော့ Blogger တယောက်ဖြစ်ပြီး ဓာတ်ပုံရိုက်တဲ့ အခါ အဆင်မပြေမှု၊ ချိန်ဆမှုကွာရင် တွေ့ နိုင်တဲ့ပုံတွေပါ။ အဲဒါကို စာတပုဒ်ဖြစ်အောင်ရေးတာ အံ့သြမိပါတယ်။ အရေးကြီးပြီး အချိန်မရှိတော့တဲ့ ကာလမှာ ဘာမဟုတ်တာတွေရေးနေလို့  မြန်မာပြည် မတိုးတက်တာ အထူးအဆန်းတော့ မဟုတ်တော့ဘူးနော်။ Comment တခုအရ ရေးရင်တော့ လက်ခံနိုင်စရာရှိပါတယ်။ ဒါနဲ့ ပါတ်သတ်ပြီး စာတစ်ပုဒ်ဖြစ်တာတော့ အသိမှတ်မပြုနိုင်ပါဘူး

  1. တိုင်းသူပြည်သား said... :
    This comment has been removed by a blog administrator.
  1. အချိန်မရှိဘူးဆိုလို့ စကားပြောတဲ့ အန်တီကို သူမရဲ့ ဓာတ်ပုံထဲမှာပါတဲ့ ဆံပင်ကိုကြည့်ပြီးပြောတာတော့ Blogger တယောက်ဖြစ်ပြီး ဓာတ်ပုံရိုက်တဲ့ အခါ အဆင်မပြေမှု၊ ချိန်ဆမှုကွာရင် တွေ့ နိုင်တဲ့ပုံတွေပါ။ အဲဒါကို စာတပုဒ်ဖြစ်အောင်ရေးတာ အံ့သြမိပါတယ်။ အရေးကြီးပြီး အချိန်မရှိတော့တဲ့ ကာလမှာ ဘာမဟုတ်တာတွေရေးနေလို့  မြန်မာပြည် မတိုးတက်တာ အထူးအဆန်းတော့ မဟုတ်တော့ဘူးနော်။ Comment တခုအရ ရေးရင်တော့ လက်ခံနိုင်စရာရှိပါတယ်။ ဒါနဲ့ ပါတ်သတ်ပြီး စာတစ်ပုဒ်ဖြစ်တာတော့ အသိမှတ်မပြုနိုင်ပါဘူး

    လို့ ရေး တဲံ သုေ၇ မြန်မာ ပြည်မာ အ မှန်တွေ ရေး တော့ ကော် စာ ပေ စိစစ်ရေး က ခွင့် ပြုလို လား။ အမှန်ကို အမှန်တိုင်း ရေး မှာ ပါ ။

  1. Anonymous said... :

    စာပေစီစစ်ရေးက ခွင့်မပြုရင် ဘာမှကို မပြောနဲ့ ။ မရေးနဲ့ ပေါ့။ စာပေစီစစ်ရေးတောင် အမှန်တွေကို ထည့်ခွင့်ရှိအောင် မပြောနိုင်လို့ ဘလော့မှာ ရေးနေတာမဟုတ်လား ဒေါ်အောင်ဆန်းစုကြည်အကြောင်းပဲပါတယ် စစ်အစိုးရ အကြောင်း ကို ဘာမှ မစုံစမ်းသလိုပဲ

  1. Anonymous said... :

    Bloggrer ရဲ့ စိတ်က ခေါင်းပေါ် ကဆံ ပင်ကိုကြည့် ပြီးဆုံးဖြတ်တာဆိုတော့ တော်တော်အောက်တန်းကျလွန်းပါတယ်..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved