by force

Thursday, December 23, 2010

ဒီဇင်ဘာ ၂၃၊ ၂၀၁၀ မြန်မာ့အလင်း သတင်းစာ မျက်နှာဖုံးပါ ကြေညာချက်

ကြည့်ရတာ သူတို့ နေပြည်တော်မှာ လုပ်တဲ့ပွဲကို ဘယ်သူမှ လာမတက်မှာ စိုးရိမ်ပုံရပါတယ်။ အခမ်းအနား တက်ရောက်ရန် “ဖိတ်ကြား” တာမဟုတ်ဘူး၊ “နှိုးဆော်” တာတဲ့။ “မပျက်မကွက် တက်ရောက်ကြရန် ဖြစ်သည်” ဆိုတာကတော့ တယ်အာဏာသံ ပါတာကိုး။

ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲကို နေပြည်မှာ ရွှေ့ပြီး စလုပ်တော့ ဘယ်မင်းသား မင်းသမီးမှ မသွားချင်ဘူး၊ ငွေကြေးချို့တဲ့တဲ့ အရန်သရုပ်ဆောင်တွေဆို ပိုဆိုးပေါ့။ အဲဒါလည်း ပြန်ကြားရေးဝန်က သိရော၊ မလာမနေရဆိုပြီး လုပ်တာ မှတ်မိသေးတယ်။

နေပြည်တော် ပရိုမိုးရှင်းက by force လုပ်နေရတုန်းပါလားလို့ မြင်မိပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved