MYANMAR PRESS AWARD 2010 ဆုပေးပွဲ ရွှေ့ဆိုင်း

Tuesday, December 28, 2010

ဖွံဖြိုး တိုးတက်လာသည့် မြန်မာလူငယ် သတင်းစာဆရာများအား ဂုဏ်ပြုမည့် MYANMAR PRESS AWARD 2010ဆုပေးပွဲ အစီ အစဉ်ကို လာမည့် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ အတွင်းသို့ ရွှေ့ဆိုင်းလိုက်ကြောင်း ပွဲဖြစ်မြောက်ရေး အဖွဲ့တွင် ပါဝင်သည့် စာရေးဆရာ ကျော်ရင်မြင့် က ဧရာဝတီသို့ ပြောသည်။

မူလက ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင် ရှိ သီရိခန်းမ တွင် ပြုလုပ်မည့် ပြုလုပ်မည်ဟု ကြေညာထားသော်လည်း ယခုအခါ "အကြောင်းအမျိုးမျိုးကြောင့်" နေ့ရက်ကို ရွှေ့ဆိုင်း ခဲ့ခြင်း ဖြစ်ပြီး နေရာနှင့် ကျန်ရှိ အစီအစဉ်များကိုမူ ပြောင်းလဲမည်မဟုတ်ဟု သိရသည်။

အဆိုပါ ပွဲဖြစ်မြောက်ရေး အတွက် စာရေးဆရာ အယ်ဒီတာ ရဲနိုင်မိုး၊ စာရေးဆရာ ကျော်ရင်မြင့်၊ ဒီဇိုင်း စိုးဝင်းငြိမ်း၊ စာရေးဆရာ ညီပုလေး နှင့် ကာတွန်း အော်ပီကျယ် တို့က စီစဉ်ခြင်း ဖြစ်သည်။

ဆုပေးပွဲရက်ရွေ့ဆိုင်းလိုက်ရခြင်းနှင့် ပတ်သက်၍ သတင်း အပြည့်အစုံကို ဒီနေရာတွင် ဖတ်ရှူ့နိုင်ပါသည်။

ရန်ပိုင်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved