ပြည်သူ့ စစ်မှုထမ်း ဥပဒေ

Thursday, January 13, 2011

ပြည်သူ့စစ်မှုထမ်းဥပဒေ လို့ အမည်ပေးထားတဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို နအဖက ပြဋ္ဌာန်းလိုက်သည်ဆိုပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက် နေ့စွဲနဲ့ တပ်ချုပ်ကြီးက ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

စစ်မှုထမ်းရမည့် အသက်အရွယ်က အမျိုးသား (အသက် ၁၈ မှ ၃၅)၊ အမျိုးသမီး (အသက် ၁၈ မှ ၂၇)၊ ကျွမ်းကျင်သူ အမျိုးသား (အသက် ၁၈ မှ ၄၅)၊ ကျွမ်းကျင်သူ အမျိုးသမီး (အသက် ၁၈ မှ ၃၅)။ အမျိုးသမီးဆိုတာက အိမ်ထောင်မရှိသူကို ဆိုလိုပါတယ်တဲ့။

ကျွမ်းကျင်သူလို့ အထူးဝိသေသတပ်တာကတော့ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ (သို့) အခြားအတတ်ပညာ တရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းသူလို့ ဖွင့်ဆိုထားတယ်။ ကျွမ်းကျင်သူတွေက အသက်ပိုကြီးသော်လည်း စစ်မှုထမ်းခြင်း ဥပဒေဘောင်ကနေ ပြေးမလွတ်ဘူးပေါ့။

ဒါတင်မကသေးဘူး စစ်မှုထမ်းရမည့် ကာလက ၂၄ လ (၂ နှစ်) ထက် မပိုသောကာလဆိုပေမယ့် စက်မှုလက်မှုပညာသည်များအဖြစ် အမှုထမ်းဖို့ ဆင့်ခေါ်ခြင်း ခံရရသူနဲ့ အထက်မှာ ပြောခဲ့တဲ့ ကျွမ်းကျင်သူများကတော့ ၃၆ လ (၃ နှစ်) တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူများက ကာလပိုကြာစွာ တာဝန်ထမ်းဆောင်ရမယ့် သဘောပါပဲ။

ပါရဂူဘွဲ့ရသူတွေ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူတွေနဲ့ သတ်မှတ်အရည်အချင်း ပြည့်စုံသူတွေကို အရေးပေါ် ပြန်တမ်းဝင်အရာရှိ ခန့်မယ်လို့ ဆိုပါတယ်။


SPDC s Military Conscription Law

6 comments :

  1. Anonymous said... :

    နိုင်ငံအတွက် အကောင်းဘက်ကြည့်ရင် အကောင်းမြင်လို့ ရပါတယ် ။
    လက်ရှိ စစ်ဘက်အရာရှိများသာ နိုင်ငံ့သားကောင်း သမီးပျိုတွေကို အညွန့်မချိုးမိအောင် စောင့်ထိမ်းနိုင်ဖို့ အရေးကြီးတယ်....။နောင်သောတချိန်မှာ အရပ်ဘက်သားတွေကို စစ်ဘက်သားတွေက နိုင်ထက်စီးနှင်း အဓမ္မ ပြုမှုတွေ နည်းပါးပျောက်ကင်း သွားလိမ့်မယ်လို့ လဲထင်ပါတယ် ။

  1. Anonymous said... :

    ဒါကသတင်းစာမှာ တရားဝင်ကျေညာတာမဟုတ်သေးပါဘူး။
    တရားမ၀င်သေးဘူးဆိုတာသတိပြုကြပါ။

  1. Anonymous said... :

    မပူပါနဲ့ မလုပ်နိုင်ပါဘူး။ လုပ်လဲကြာကြာမခံပါဘူး။ ပိုက်ဆံသောက်သောက်လဲကုန် လို့ ချမ်းသာတဲ့နိုင်ငံတွေ လောက်ဘဲလုပ်နိုင်တာပါ။ မြန်မာ့တပ်မတော်မှာ ဒီလိုလုပ်နိုင်တဲ့အရည်အချင်း မရှိသေးဘူး။

  1. Anonymous said... :

    အပိုဒ် (၁) အပိုဒ်ခွဲ (ခ) ကို သတိပြုစေချင်ပါတယ်။ စတင်အာဏာသက်ရောက်ခြင်း မရှိသေးပါ။ လိုမှအကောင်အထည်ဖေါ်ရန် ဖြစ်ပါတယ်။ ၁၉၅၉ စစ်မှုထမ်းဥပဒေကိုလည်း လေ့လာကြည့်ရန် လိုအပ်ပါမည်။

  1. Anonymous said... :

    It's time to turn our gun barrels back to top senior generals and families !

  1. Anonymous said... :

    >>>It's time to turn our gun barrels back to top senior generals and families ! <<<

    yea that's true! If we know abt the gun fire well, we can shoot when we need and want . :D at least we know how to gun fire! That's fair! Be careful! I'll shoot! LoL

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved