ကျောက်စိမ်းရောင်မင်းသမီးအတွက် မင်းတြားကြီးရဲ့ ယတြာ

Tuesday, January 25, 2011


နာမည်ကျော် မင်းတြားကြီး သန်းရွှေ

ချိတ်ထမီနှင့် သတိဆွဲနေသည့် ဝန်မင်းများ

မြန်မာပြည်မှာ တဘောင် တခု ထွက်ပေါ်နေသတဲ့။ နောက်တက်မယ့် မင်းက “ကျောက်စိမ်းရောင်မင်းသမီး” ဆိုပဲ။ ဒီ တဘောင်ကတော့ မြို့မေတ္တာခံယူမယ့် ချုပ်ချုပ်တို့ အသိုင်းအဝန်းကပဲ ကြားရတာပါ။ ကလေးစကား၊ သဘင်သည် စကား၊ အရူးစကားတွေက မှန်တတ်တယ်လို့ ဆိုတယ်မဟုတ်လား။

ဒင်းတို့က ကလေးလည်းမဟုတ်၊ သဘင်သည် လည်း မဟုတ်၊ ဟိုဒင်းတွေဆိုတော့ ... အင်း ... ဒီတဘောင်က ဒက်ထိမှန်ဦးမှာ။

ဒီတဘောင်ကို တပ်ချုပ်မင်းတြားကြီး သန်းရွှေရဲ့ကြင်ရာတော် ဒေါ်ကြိုင်ကြိုင်က ယုံပြီး စိုးရိမ်တော်မူတယ်။ ဒီတဘောင် အတည်မဖြစ်အောင်လည်း အစီအမံတွေနဲ့ ကြံစည်တော်မူတယ်တဲ့။ အစီအမံ ဆိုတာက ထုံးစံအတိုင်း ယတြာတွေပေါ့နော်။

အဲဒီ ယတြာကတော့ ဝန်ကြီးတွေကို ချိတ်ထမီတွေ ဝတ်ခိုင်းလိုက်တာပါပဲ။ ဒီတော့ ယောက်ျားကြီး တန်မဲ့ ထမီပြိုးပြိုးပြက်ပြက် တကားကားနဲ့ ... ဒေါ်ကြိုင်ကြိုင့်တန်ခိုးကြောင့် ဘုန်းကညာတပါး လုံးရာက ပြားရမယ့် ဘဝတွေ ဖြစ်ကုန်လေသတည်းပေါ့။ ဒါက တကတ်။

ချိတ်ထမီ ဝတ်ခိုင်းရခြင်းမှာ အကြောင်းရင်း ၂ ချက် ရှိတယ်လို့ ဆိုပါတယ်။

၁။ ချိတ်ဆိုတဲ့အတိုင်း ရာထူးတွေ ဂုဏ်သိမ်တွေ စည်းစိမ်တွေကို ချိတ်မိထားအောင်ပါတဲ့။

၂။ ချိတ်ပုဆိုးမဝတ်ဘဲ ထမီ ဝတ်ခိုင်းတာကတော့ မိန်းမတွေ ရာထူးရပြီးပြီဆိုတဲ့သဘောပေါ့။ ကျိန်းကြေအောင် လုပ်တာ။

နောက်တခု သတင်းသဲ့သဲ့ ထပ်ကြားတာကတော့ ၂၀၀၉ အကယ်ဒမီမှာ မင်းသမီးဆု မပေးတာဟာလည်း ဒေါ်ကြိုင်ကြိုင် ယတြာသဘောပါတယ်တဲ့။ နောက်တက်မယ့် မင်းက ကျောက်စိမ်းရောင်မင်းသမီးလို့ ဆိုတာကိုး။ မင်းသမီးကို ဆု ပေးလို့ ဘယ်ဖြစ်မလဲ။ ဒါက နံနှိမ်တာ။

ကျောက်စိမ်းရောင်မင်းသမီး ဘယ်သူလဲ ဆိုတာကတော့ ... အင်း ....

ရန်ကုန်သားတာတေ


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved