မြန်မာ-အိုမန် ပွဲအကြောင်း ဖေ့စ်ဘုတ်မှာ ဘာတွေ ပြောကြသလဲ

Friday, July 29, 2011

ပရိသတ်ကို တောင်းပန်နေတဲ့ မြန်မာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် (ဓာတ်ပုံ - ဧရာဝတီ)


(မနေ့က ရုတ်ရုတ်သဲသဲ ဖြစ်ပြီး ပွဲရပ်လိုက်ရတဲ့ မြန်မာ-အိုမန် ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲကိစ္စနဲ့ ပတ်သက်လို့ အားကစားစိတ်ဓာတ်၊ အမျိုးသားရေးစိတ်၊ နိုင်ငံရေးအချဉ်ပေါက်မှု၊ အမှန်နဲ့ အမှား စတာတွေကို ဘယ်သူတွေ ဘယ်လိုထင်၊ ဘာပြောကြသလဲ လက်လှမ်းမီသလောက် စုစည်းပေးလိုက်ပါတယ်။ စာဖတ်ပရိသတ်တွေလည်း ကော်မန့်မှာ ရေးသွားနိုင်ပါတယ်။)

အနိုင်နဲ့အရှုံးပဲရှိတဲ့ ပြိုင်ပွဲတစ်ခုမှာ စိတ်ဓာတ်ကိုရှုံးသွားတာလောက် ရှက်ဖို့ကောင်းတာ မရှိတော့ဘူး... ဒါဟာ ရဲရဲတောက်တွေပါတဲ့.. (ကွမ်းသွေးတွေ) (နိုင်နိုင်းစနေ)

မြန်မာမရှုံးပါ။ မြန်မာတွေ မမိုက်ရိုင်းပါ။ ဒီခြေစစ်ပွဲကို ဘယ်လိုနည်းနဲ့မှ မနိုင်ဘူးဆိုတာ အားလုံးနားလည်ပြီးသားပါ။ အိုမန်ကို ရှုံးတယ်ဆိုရင်လည်း ကျေကျေနပ်နပ် လက်ခံကြမှာပါ။ ဒီပွဲမှာ ပြည်သူတွေဟာ စစ်အစိုးရအပေါ်မှာ ဘယ်လောက်ထိ ခံပြင်းနေကြသလဲ၊ နာကျည်းနေကြသလဲ ဆိုတာ မြင်နိုင်ပါပြီ။ ပြည်သူတွေဟာ ပေါက်ကွဲဖို့ အခွင့်အရေးရတာနဲ့ သူတို့ရဲ့ မကျေနပ်မှုတွေကို ဖေါ်ပြလိုက်ကြတာပါ။ (ရဲသူရိန်မင်း)

ဒီနေ့ ဘောပွဲနဲ့ ပက်သက်ပြီး မြန်မာလူမျိုးတွေ ဘာဖြစ်ညာဖြစ်လျောက်ပြောမနေပါနဲ့​... ဒီနေ့ပွဲက မြန်မာလူမျိုးအားလုံး ကိုကိုယ်စားမပြုတာသေချာတယ်.. ပရိတ်သတ်အများစုဟာ ရက်ကွက်ထဲက ဇိုးလူငယ်အများစု အုပ်စုလိုက်ဖွဲ့လာတာ ပိုများပါတယ်။ နောက် အားလုံး အရက်မူးနေအောင် သောက်ထားကြတယ်.. မိန်းကလေးဆိုတာ မပါသလောက်နည်းပါတယ်.. ဆိုတော့ လူမျိုးနဲ့ ချီပြီး ပြောမနေနဲ့တော့ (ထူးတေဇာ)

ကျွန်တော် မနေ့က ကွင်းထဲမှာ ရှိပါတယ်.. အဲဒီ မူးပြီးသောင်းကျန်းနေတဲ့ ကောင်တွေ နိုင်ငံရေး စိတ်ဓာတ်ဘာမှ မရှိပါဘူး။ တစ်ဖက်အသင်း နည်းပြအဖွဲ့ ကို ထိရင်ပြီးရော ခဲနဲ့ ပစ်နေကြတာပါ။ ပွဲမစခင် ၂ နာရီကျော်လောက်ကတည်းက အချင်းချင်းလဲ ထိုးနေကြတယ်... (ထူးတေဇာ)

ဒီမိုကရေစီရတော့မှ ဘောလုံးကွင်းထဲကို လွတ်လပ်စွာ ဂျင်ကလိ၊ မူလီကုမ်း၊ လေးခွ၊ ရှော၊ စကေဘာ၊ ငှက်ကြီးတောင် တွေပေးယူပြီး လွတ်လပ်စွာ အားပေးခွင့်ပေးရမယ်။ အရက်၊ ဘီယာ လွတ်လပ်စွာပေးရောင်းမယ်။ တားဆီးမယ့် လုံခြုံရေးတွေမထားဘူး။ ပရိသတ်ကို ဒီမိုကရေစီနားလည်တဲ့ အကိုကြီးတွေက ငြိမ်းချမ်းစွာအားပေးဖို့ ကွင်းထဲဆင်းပြီး စည်းရုံးပေါ့နော်။ ဒီမိုကရေစီ အစိုးရဆို ပြည်သူက မပေါက်ကွဲကြဘူးထင်တာပဲ။ ~ငှဲငှဲ (ဝနေဆွ)

(အစိုးရသတင်း) ပြည်တွင်းပြည်ပ အဖျက်သမားများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် မသိနားမလည်သော ပရိတ်သတ်များ ဆူပူသ​ည့်အတွက် မြန်မာ-အိုမန်ပွဲစဉ် ရပ်ဆိုင်းခဲ့ရ
(ပြည်ပအတိုက်အခံ) အစိုးရ၏ ရှိသင့်သည့်အနေအထားတွင် မရှိနေသော လုံခြုံရေးအားနည်းချက်များနှင့် ပြည်သူတို့အပေါ် တင်းကျပ်ထားမှုများကြောင့် ပရိတ်သတ်များ အုံကြွမှုဖြစ်ပြီး ဘောပွဲဖျက်သိမ်းခံရ၊ အိမ်ကွင်းပိ​တ်ခံရနိုင်သည်အထိ အပြစ်ချမှတ်ခံရ​နိုင်ဖွယ်ရှိ (မျိုးသက်ပိုင်)

မြန်မာပြည်မှာ ဘောလုံးကွင်းတွေကို နောက်ဆိုရင် ကြက်အုပ်ဆောင်းလိုမျိုး သံဇကာအပြည့်တပ်ပီး ကစားခိုင်းမယ်...။း)))(ဖိုးသူတော်)

မြန်မာဘောလုံးပရိသတ်ရဲ့ ပြုမူပုံကို ကြားသိရတော့ အော်... အရှုံးကိုလည်း ကျေကျေနပ်နပ် လက်ခံတတ်ရမယ် ဆိုတာ ခေါင်းဆောင်တွေကမှ အစဉ်အဆက် မသင်ပြခဲ့တာကိုးလို့ပဲ ကျွန်တော် တွေးမိပါတယ်။ ပြည်သူဆိုတာက များသောအားဖြင့် ခေါင်းဆောင်ကို ကြည့်တတ်တာကိုးဗျာ...။ (မျိုးသာထက်)

ရှက်စရာကောင်းတယ်..သွေးဆူတယ် ဆိုတာ ဂုဏ်ယူစရာလို့ လည်း မမြင်ဘူး..
ရှင်းရှင်းပြောရရင် ရိုင်းတယ် လို့ ပဲမြင်တယ်.. ဒီပုံနဲ့ မြန်မာ ဆိုတာ အရိုင်းအစိုင်း တွေ.. ဖြစ်နေပြီဆိုတာ.. ကျေးဇူးပြုပြီး သတိထားစေချင်ပါတယ်..
"လွတ်လပ်စွာ.." ဆိုတဲ့စကားကို သုံးရင်တောင် ဒီလုပ်ရပ်ဟာ သိပ်ကို ရိုင်းတဲ့ လုပ်ရပ်ပါပဲ..(ကျော်သူရိန်လွင်)

38 comments :

  1. ယမန်နေ့ ဘောလုံးပွဲ ဆူပူသောင်းကျန်းမှုသည်
    KNU ၏ လက်ချက်ဖြစ်ကြောင်း.......ဒန့် တန့် တန့်

  1. Anonymous said... :

    ( မြန်မာဘောလုံးပရိသတ်ရဲ့ ပြုမူပုံကို ကြားသိရတော့ အော်... အရှုံးကိုလည်း ကျေကျေနပ်နပ် လက်ခံတတ်ရမယ် ဆိုတာ ခေါင်းဆောင်တွေကမှ အစဉ်အဆက် မသင်ပြခဲ့တာကိုးလို့ပဲ ကျွန်တော် တွေးမိပါတယ်။ ပြည်သူဆိုတာက များသောအားဖြင့် ခေါင်းဆောင်ကို ကြည့်တတ်တာကိုးဗျာ...။ (မျိုးသာထက်) )
    ဒီကွန်မန့်ဟာ အမှန်ဆုံး.. အကြိုက်ဆုံး..

  1. ဇော်ပိုးဇော်ရာ အသိဥာဏ်မဲ့တယ်လို့ ပြောလို့ရပေမယ့်။အဲဒီပြည်သူတွေကို ပညာတတ်အောင်၊ စဉ်းစားတတ်အောင် ကျနော်တို့ရဲ့ ဘယ်နိုင်ငံခေါင်းဆောင်က များ ဦးဆောင်လမ်းပြနဲ့ လမ်းပြပေးနေလို့လဲ။ ရှင်းရှင်းပြောရရင် အရက်သမား၊ သူခိုး၊ ဓားပြ၊ ခါးပိုက်နှိုက်၊ လူမိုက် ကြီးစိုးတဲ့ အစိုးရအောက်မှာ ဒီလို စည်းမဲ့ကမ်းမဲ့ အရိုင်းအစိုင်းရှိတာ ဘာမှ မထူးဆန်းဘူးလို့ဘဲ ကျနော် မြင်ပါတယ်။

  1. Anonymous said... :

    ပိတ်သတ်ကြီးက.....
    ဘောကို မက်မောတယ်၊
    ဘောကိုမြတ်နိုးတယ်၊
    ဘောကို ခင်တွယ်တယ်၊
    ဘောကို အကြိုက်ဆုံး၊
    ဘောကို ကာကွယ်မယ၊်
    ဘောကို အဆုံးရှုံး မခံနိုင်တယ်၊
    ဘောကို ......
    ဘော...ဘော...ဘော...ဘော...
    (သူများတွေအာဏာကို မက်မောသလို)

  1. Anonymous said... :

    မြန်မာတွေတစ်ဆိတ်ရှိအစိုးရမကောင်းဘူးပြောနေတဲ့မီယာတွေလဲကျွန်တော်တို့မြန်တွေ.စိတ်ဓါတ်.ကိုယ်ကျင့်တရား
    ပညာ.ယဉ်ကျေးမှု.အတွေးအခေါ်.တေီတိုးတက်မြင့်မားလာအောင်လည်းရေးကြပါဦးဗျာ။

  1. Anonymous said... :

    ကွန်မင့်ရေးသူတွေကိုယ်တိုင်ကဒီမိုကရေစီဆိုတာကိုတလွဲသိပြီးတလွဲရေးနေကြမှတော့ အာဏာရှင်ရှိနေသေးတာမဆန်းပါဘူးစိတ်ဓါတ်ထက်တာကကောင်းပါတယ်တိုင်းပြည်အုပ်ချုပ်တဲ့သူတွေကိုယ်ကမကောင်းတော့လည်းအတုယူလွဲပြီးတလွဲကောင်းနေကြတာပါဒါနဲ့ဗျာဒီလိုဖြစ်တာKNU KIA လက်ချက်ပါလို့ဥိးကျော်ဆန်းက၇မ်းဖြီးသွားပါတယ်

  1. noenoe said... :

    ပြဿနာတခုခု ဖြစ်တိုင်း အဖျက်သမား နာမည်တပ်ပြီး ဟိုလူ့ လွှဲချ ဒီလူ့လွှဲချ လုပ်နေတယ်။ ကိုယ် အသုံးမကျလို့ ကိုယ်ရှုံးတာကို ငြိမ်သက်စွာ လက်ခံရဲရမှာပဲ... အသုံးမကျ တဲ့ လူတွေ အုပ်ချုပ်နေတဲ့ အောက်မှာ အသုံးမကျတဲ့ ဘော လုံးအသင်းဖြစ်နေတာ ဘာမှ စဉ်းစားစရာ မလိုပါဘူး။ တိုင်းသူပြည်သား မကောင်းတော့ အုပ်ချုပ်သူ အသုံးမကျ လို့ ဆိုတာ ထင်ရှားနေတာပဲ။ ဒါဟာ မြန်မာ့စိတ်ဓာတ်နဲ့ မြန်မာ့အုပ်ချုပ်မှု စနစ်ကို ကမ္ဘာက သိအောင် ပြလိုက်တာပါပဲ... အရှက်မရှိတဲ့ မျက်နှာပိုင်ရှင်များကတော့
    မရှက်တတ်ပဲ ... ပြုပြင်ဖို့ မတွေးပဲ ..လူတကာကို လက်ညှိုး လိုက်ထိုးနေဖို့ပဲ စဉ်းစားနေတတ်တယ်....

  1. Anonymous said... :

    Bro, Myo Thar Htat, I totally agree with you.

  1. Norman said... :

    This is absolutely unacceptable no matter whatever the reasons are! This is a shame, I really like to condemn them!!! Myanmar people must not be like that! I wonder why they can not think properly!!! Media please play your part!

  1. Anonymous said... :

    အကောင်းဆုံး ဥပမာတခုပေးမယ် ရှေ့နွားဖြောင့်ဖြောင့် မသွားရင် နောက်ကနွား ဟစ်ဟော့အကနဲ့ လိုက်လာတာ ဘာမှမဆန်းဘူး။ အားတိုင်း ယားတိုင်း မြန်မာတွေ မြန်မာတွေဆိုတဲ့ စကားလုံးကို မသုံးစမ်းပါနဲ့ သုံးမယ်ဆို ကိုယ်တိုင်ကရော ဘယ်လောက်တောင် သောက်သုံးကျနေပြီလဲ ဆိုတာ အရင်ဆုံး ပြန်စဉ်းစားပါ။ ကိုယ်တိုင်ကဖြင့် ဘာမှ အဖြစ်မရှိဘဲ သူများကို လိုက်အပြစ်တင်မနေကြပါနဲ့။ ခင်ဗျားတို့ သိထားဖို့က ဘယ်လူမျိုးမှ ခြောက်ပြစ်ကင်း သဲလှည်းစင်ဆိုတာ မရှိဘူး။ ကောင်းတဲ့လူ ရှိသလို မကောင်းတဲ့သူဆိုတာလဲ ပါလာတတ်စမြဲပဲ ဆိုတာမှတ် ထားကြပါ

  1. Anonymous said... :

    သန့်ရှင်းသောအစိုးရ..ကောင်းမ္ပန်သောအစိုးရ ကို ထင်ဟက်စေတဲ့ ဘောပ္ပဲပါဘဲ..ဗျာ

  1. nyittoo said... :

    ဟုတ်...ဟုတ်....
    စုတ်ချာတဲ့ နည်းလမ်းတွေနဲ့
    စုတ်ချာတဲ့ အုပ်ချုပ်မှုအောက်မှာ
    စုတ်ချာတဲ့ အသင်းဖြစ်နေလို့
    စုတ်ချာတဲ့ လူတချို့က
    စုတ်ချာမိတဲ့ အပြုအမူအတွက်
    စုတ်ချာတဲ့ စိတ်ဓာတ်နဲ့ တာဝန်မယူရဲပဲ..
    လူတကာကို လက်ညှိုးထိုး စွပ်စွဲတာကတော့
    တာဝန်ရှိသူတွေရဲ့.....
    ပိုပြီး စုတ် ပြတ်သတ် လန်ပြန် ညစ်ပတ်နေတဲ့
    စိတ်ဓာတ်ကို ဖော်ပြလိုက်တာပါပဲ....

  1. Anonymous said... :

    မောင်ဇော်ဇော်က .. ဘောလုံးပွဲက ကြက်ပွဲလို လူမရှိ မှာစိုးလို့ကွင်းကို free ဖွင့်ပေးလိုက်တော့ .. သူ့ပထွေး ငမူး၊ ကလေကချေတွေက ၀င်လာပြီး မြန်မာ့သတ္တိကို ပြလိုက်တာပေါ့ ..။
    အဲဒါ သူ့ရဲ့ စီမံခန့်ခွဲမှုတာဝန်ပဲ ..။ သူနှုတ်ထွက်သင့်ပါတယ်..။
    စစ်အစိုးရ အဆက်ဆက်မှာ အဆောက်အဦးတွေ လူဦးရေတွေ တိုးတက်လာတယ် ..မြန်မာလူမျိုးတွေ စိတ်ဓာတ်၊ အတွေးအခေါ်၊ ကိုယ်ကျင့်တရားနဲ့ စာရိတ္တမဏ္ဍိုင် မြောင်းထဲမှာပဲ ရှိနေသေးတယ်ဆိုတာ သက်သေပြလိုက်တာပါပဲ..။

    လုပ်ကြလေ .. အရေအတွက်ကိုဦးတည်တဲ့ ကျီးအာသီး ပညာရေးစနစ်တွေ၊
    လုပ်ကြလေ ..ကိန်းဂဏန်းများပြားပြီး ဆောက်ပြီး ပြန်ပျက်တဲ့ စီးပွားရေးအခြေခံအဆောက်အအုံတွေ၊ လမ်းတွေ၊ တံတားတွေ၊
    တကယ့် အနှစ်သာရက ... မြောင်းထဲက မစင်ပုံထဲက မတက်သေးပါဘူး ..။

  1. Anonymous said... :

    ပြည်သူတွေ ခေါင်းဆောင်ကို ကြည့်တတ်ကြတယ်ဆိုတာ နည်းနည်းတော့ ခေါင်းသုံးဖို့ လိုမယ်ထင်တယ်။ အသုံးမကျတဲ့ ခေါင်းဆောင်မှန်း သိသော်ငြား ပြည်သူတွေက သူတို့ဆီက သင်ယူနေကြသေးတာလား။ ဒါဆိုရင်တော့ ကျွန်တော်တို့ ပြည်သူတွေ အမှားဖြစ်သွားပြီ။ တကယ်တိုးတက်သော လူမျိုးဖြစ်ချင်ရင် ကိုယ်တိုင် စည်းကမ်းရှိအောင် မလုပ်သင့်ဘူးလား။ ထစ်ခနဲရှိ ဒီစနစ်ကို ခလုတ်တိုက်လို့ မရဘူးလို့ ထင်တယ်။ စနစ်မကောင်းတာ အားလုံးအသိပဲ။ ရှည်ရှည်ဝေးဝေး မကြည့်နဲ့ ... လမ်းပေါ်မှာ ထွေးချလိုက်တဲ့ ကွမ်း၊တံတွေး၊အမှိုက်တွေ။ ဘယ်မှာလဲ စည်းကမ်းဆိုတာတွေ။ ဒါမျိုးကော စနစ်မကောင်းဘူး ပြောကြဦးမှာလား။ ဒီလိုကိစ္စတောင် တော်တော်ရှက်ဖို့ကောင်းတဲ့ ကိစ္စ။ အခြေခံစည်းကမ်းမကောင်းဘဲနဲ့တော့ ဘယ်သူအုပ်ချုပ်ချုပ် ဘယ်လောက်စနစ်ကောင်းကောင်း ဒီလိုရှက်ဖို့ကောင်းတဲ့ ကိစ္စတွေ ဖြစ်နေဦးမယ်ဆိုတာ ပြောဖို့မလိုဘူး။

  1. Anonymous said... :

    စည်းကမ်းမရှိတာပါဗျာ..

  1. Anonymous said... :

    အဲဒါ KIO လက်ချက်ပဲ။ သူတို့ကြောင့်ပွဲပျက်သွားတာ....... အဖျက်သမားတွေ ................ သောင်းကျန်းသူတွေ

  1. Anonymous said... :

    ဇော်ပိုးဇော် ရေ မင်းကတော့ ဘာအဓိပါယ်နဲ့ပြောမှန်းလဲ မသိဘူး။ ဒါပင်မယ့် မင်းပြောတဲ့ ပုံက ပြည်သူတွေရဲ့ပါးစပ်က လာတယ်ဆဆိုတာတောင် ခွဲခြားရခက်တယ်။ ဒီကိစ္စမှာ ဘာ ဒီမိုကရေစီတွေဘာတွေပြောနေစရာမလိုပါဘူး။ ဒီမိုကရေစီဆိုတာ ဘာလဲ။ မင်းသေသေချာချာသိရဲ့လား။ ဒီလောက်ဥာဏ်မဲ့သူတွေက ဒီမိုကရေစီကိုတောင်းဦးမှာ ရလို့ကတော.... ။ မင်းက အဲဒီတော့ ပြောချင်တာက အသိညာဏ်မဲ့တဲ့လူတွေကို ဒီမိုကရေစီမပေးတာအကောင်းဆုံးလို့ ပြောချင်တာလား။ ဒီတော့ အသိညာဏ်ရှိတဲ့ မင်းဘိုးတော် ဘကြီးတွေကဘဲ ဆက်ထိန်းသိမ်းပေါ့ဟုတ်လား။ မင်းစကားက တလုပ်ကျွေးဖူး သူ့ကျေးဇူးလုပ်ချင်နေတဲ့ပုံဘဲ။ ဒီကိစ္စက ဘာနိုင်ငံရေးမှမပါဘူး။ ရှင်းရှင်းလေး မြန်မာတွေစည်းကမ်းမရှိကြဘူး။ တနည်းအားဖြင့် အဆင့်မရှိကြဘူး။ အဆင့်အတန်းမြင့်မားလာအောင်လည်း လည်းပြမပေးမဲ့လူရှားတယ်။ ကိုယ်တိုင်လည်းမကြိုးစားဘူး။မြန်မာတွေဆင်းရဲကြတယ်။ ဆင်းရဲတော့ ဖြစ်သလိုနေကြတယ်။ စရိုက်တွေဆိုးလာတယ်။ အဲဒီတော့ ဘာကိုအပြစ်တင်မလဲ။ ဘယ်သူ့ကိုအပြစ်တင်မလဲ။ ဆင်းရဲမှု ကိုအပြစ်တင်မလား။ ဆင်းရဲအောင်လုပ်တဲ့ အစိုးရကိုအပြစ်တင်မလား။ free ကြည့်ခိုင်းတဲ့ ကိုဇော်ဇော်ကိုအပြစ်တင်မလား။ ရှည်ရှည်ဝေးဝေးဘယ်သူ့ကို မှ အပြစ်မတင်ပါနဲ့။ဘယ်သူမပြုမိမိမှုပါ။ ကိုယ့်ကိုကိုယ်ကောင်းအောင်နေပါ။ကောင်းအောင်ကြိုးစားပါ။ကိုယ့်အဆင့်အတန်းကိုယ်မြှင့်တင်ပါ။ လူသာဆင်းရဲပါ စိတ်ဓာတ်တွေအဆင့်အတန်းမြင့်ပါစေ။

  1. Anonymous said... :

    မြန်မာပြီပြီ မြန်မာသွေးကိုပြကြတာနေမယ်။စည်းကမ်းမဲ့
    လိုက်တာကွာ။မြန်မာလိုပြောရမှာတောင်ရှက်တယ်။

  1. Anonymous said... :

    အနောက်နိုင်ငံကြီးတစ်ခုမှ ရေသန့်ဘူးပစ်ပေါက်နည်းပညာများ ကွမ်းယာဘူးများ ဘောလုံးကွင်းအတွင်း ရောက်အောင် အောက်လမ်းနည်းများ သုံးပြီး ပြည်တွင်း ပြည်ပ အချိန်ကိုက် လှုပ်ရှားမှုဖြစ်ကြောင်း။ ရေသန့်ဘူး ထုတ်လုပ်သူများ ကွမ်းယာဘူးလိုက်ရောင်းသူများ အား မိမိတို့ ရဲတပ်ဖွဲ့မှ စုံစမ်းဖေါ်ထုပ်သွား မည်ဖြစ်ကြောင်း။ ယခု ကာလမှာ စုံစမ်းဆဲ ကာလဖြစ်သဖြင့် တိတိကျကျ မပြောနိုင်သည်ကို သတင်းစာ ဆရာကြီးများ နားလည်လမ့်မည်ဟု ယုံကြည်ပါကြောင်း။ BBC, VOA, RFA, DVB အစရှိသော မိုးလုံးပြည့်မှုသာဝါဒ အသံလွင့်ဌာနများမှ သွေးထိုးလှုံ့ဆော်သည်ကို သတင်းစာ ဆရာကြီးများ အသိပင်ဖြစ်ကြောင်း သတင်းရရှိပါသည်ရှင်

  1. Anonymous said... :

    မင်္ဂလာပါ ဧရာဝတီ။

    ဘောလုံးပွဲပျက်သွားရခြင်းကို ပရိတ်သတ်ကိုချည်း အပြစ်တင်နေကြတာ မတရားဘူးလို့ထင်ပါတယ်။ အခုဖြစ်ရတာက ပရိတ်သတ်မှာ မွန်းကြပ်နေ တာတွေ၊ ဖောက်ခွဲချင်တာတွေ ရှိနေတာကို Human Psychology အရ သိထားဖို့လိုပါတယ်။ အစိုးရတာဝန်ရှိသူနဲ့ ပွဲစီစဉ်ကျင်းပသူတွေက နံမည်ကောင်းရရေးသာ ဦးစားပေးကြပြီး လုံခြုံရေး အစီအမံ ညံ့ဖျင်းတာတွေ ကြောင့်ဆိုတာလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဒါကို ဘယ်သူက မှ ထောက်မပြကြတာ ကိုစိတ်မကောင်းပါဘူး။ အခုတော့ မြန်မာဘောလုံးပရိသတ် ကိုပဲ အပြစ်တင်စာတွေ ဘာကြောင့် ဧရာဝတီက တင်နေတာပါလဲ။ ခြုံငုံမျှတ အောင် တင်ပြပေးစေချင်ပါတယ်။ အမိ ဧရာဝတီ

  1. Anonymous said... :

    ကိုယ့်အိုး နဲ့ ကိုယ့်ဆန် ဟန်နေပီးသားပဲ။
    ဝေးလေကောင်းလေ ကမ္ဘာ နဲ့
    နီးလေကောင်းလေ တရုပ် နဲ့
    ထု သာ ထု

  1. Anonymous said... :

    စစ်အစိုးရ ရဲ့အုပ်ချုပ်မှု ညံ့ဖျင်းမှု ကြောင့် တိုင်းပြည်ဘယ်လောက် စုပ်ပြတ်သပ်သွားတယ် ဆိုတာ လှစ်ပြလိုက်တာပါပဲ၊ စိတ်ဓါတ်ရေးရာ ညံ့ဖျင်းမှုကတော့ မတွေးရဲ့စရာပါပဲ။။

  1. RealMyanmar said... :

    Naing Naing SaNay Comment is the best n Pratical.

  1. charlie said... :

    တမင်များပွဲပျက်အောင်ကြိုတင်စီစဉ်ထားလေသလားဗျာ၊
    နိုင်ငံရေးတွေမပါချင်ပေမယ်၊အရာရာဟာနိုင်ငံရေးဖြစ်နေတော့လဲခက်တယ်ဗျာ။
    ခုနပြောနေကြသလိုပဲ၊ဒီမိုကရေစီတို့လူ့အခွင့်အရေး
    တို့ဆိုတာအစိုးရ၊နိုင်ငံရေးပါတီတွေနဲ့ပဲဆိုင်တဲ့ကိစ္စတွေပဲလားဆိုတာကအဖြေပြန်ဖြစ်နေပါတယ်။
    တရားဥပဒေစိုးမိုးရေးဆိုတာကရော၊အဖျက်စိတ်ဓါတ်ရှိတဲ့
    လူတချို့ကိုအများစုကကြောက်လို့ပဲဖြစ်ဖြစ်၊ဝက်ဆိုရင်ချီး
    စားမှာပဲတို့၊ဒီပုတ်ထဲကဒီပဲဆိုတဲ့အမြင်တွေကို၊မိမိဆန္ဒမပါ
    ပဲခံစားရတာတွေဟာမိမိအတွက်တော့မဖြစ်စလောက်ဆို
    ပေမယ့်မိမိရဲ့မျိုးဆက်အထိပါခံစားစေသင့်သလား၊ကျွှန်
    နော်ကြားဖူးတာကတော့မိမိသာကျွှန်ခံရင်ခံလိုက်မယ်
    မိမိရဲ့မျိုးဆက်တော့သခင်ဖြစ်ရမယ်ဆိုတဲ့အတွေးအခေါ်
    ပါ၊ကျွန်နော့်ရဲ့ပုဂ္ဂလိကအမြင်ကတော့အစိုးရသို့မဟုတ်
    အဖွဲ့အစည်းတခုထဲတွင်တာဝန်ရှိခြင်းမဟုတ်ပဲ၊ကျွှန်နော်
    တို့လူ့အဖွဲ့အစည်းကြီးတခုလုံးကထို့သို့လူ့အဖွဲ့အစည်း
    တခုလုံးအားအိုးမဲသုတ်သည့်လုပ်ရပ်များကိုဆန့်ကျင်
    ရန်လိုအပ်ပါသည်၊အကြောင်းမှာမြန်မာတွေမကောင်း
    ဟုဆိုလျှင်ဘယ်မြန်မာမှကြိုက်မည်မဟုတ်ပါ၊ကိုယ်မကြိုက်
    သည်ကိုအပြောမခံရအောင်ကျိုးစားရမည်မှာကျွှန်နော်
    နော်တို့တာဝန်ပင်ဖြစ်ပေသည်။

  1. KTT said... :

    We heard that if childrens are bad attitude and manner, the parents need to take the responsibility. If the students are bad attitude and manner, their teacher need to take the responsibility.
    Now the citizens are like these, who are the first responsibility person? Who should give the knowledge to them?

    Firstly, I am going to point out the wrong management.
    1) Why allow FOC to watch this match? (Even I much very like the football, I don’t agree FOC)
    2) Even FOC, Why allow more people that the stadium’s limits?
    3) Why cannot arrange the TV screen live show that is for the person who are out of the limit to enter and watch at the stadium?
    So who is the first responsibility really?
    The second responsibility person is the Myanmar Football Federation because of not doing proper management.

  1. Anonymous said... :

    အင်း... ကိုယ်တွေကဘယ်လောက်ဘဲရေးနေရေးနေ
    တကယ်မိုက်ရိုင်းခဲ့တဲ့ကောင်တွေကဒီလိုcommentsတွေ
    ဖတ်ရကောင်းမှန်းလည်း သိမှာမဟုတ်ဘူး။ စာမဖတ်တော့
    အဆင့်မရှိဘူးပေါ့။

  1. Anonymous said... :

    ဘောင်းဘီချွတ်အစိုးရလုပ်တဲ့ပွဲမို့..ပြည်သူတွေကောင်းချီး
    ပေးလိုက်ပါတယ်..မနိုင်တာများတော့ပေါက်ကွဲတာအဆန်း
    မဟုတ်..ဒါကြောင့်မို့ ..
    အားလုံးကိုထီးပေး.....
    ကာလို့ရအောင်လေဗျာ...

  1. Anonymous said... :

ဲပွဲပျက်အောင်စီစဉ်တာတော့အမှန်ပဲ
    ကလပ်အသင်းတွေကစား၇င်ဘာမှယုလို့မ၇ဘုး

  1. Anonymous said... :

    we have ethnic player like mai aige naine. we do not blame for our country men each other, this is all about displinary action from the fans.

  1. Anonymous said... :

    i am burmese and i like maine aike naing. he is a good player.

  1. Anonymous said... :

    ရဲသူရိန်မင်းဆိုတဲ့ လူရေးထားတာ အရယ်ရဆုံးပဲ
    ပြောထားတာကဘာမှလဲ မဆိုင်ဘူး...
    အဲဒီလူတွေကိုပဲ ကျေးဇူးတင်ရမလိုလို......
    အစိုးရက Education ကောင်းကောင်းမပေးလို့ လူတွေကဒီလို ပညာမဲ့ လုပ်ရပ်တွေ လုပ်တာပါဆို ဟုတ်သေး....

  1. Anonymous said... :

    ဒီလို ဖြစ်ရပ်တွေက စစ်အစိုးရလို့ ဘဲပြောပြော၊ ဘောင်းဘီချွတ် လို့ ဘဲ ဆိုဆို သူတို့ အုပ်ချုပ်နေသရွေ့ ၊ ပြည်သူလူထု အောက်ကျ နောက်ကျ ဖြစ်နေသရွေ့  ဖြစ်နေအုံးမှာဘဲ။

  1. Anonymous said... :

    ဘောလုံးပွဲမှာရန်ဖြစ်တာမြန်မာတွေရဲ့ အကျင့်လိုဖြစ်နေပြီ၊ကျေးရွာပွဲတောပွဲကအစပေါ့။

  1. Anonymous said... :

    သားသမီးမကောင်းမိဘခေါင်းဆိုသလို တိုင်းပြည်က ပြည်သူပြည်သားမကောင်းတော့ တိုင်းပြည်ရဲ့ခေါင်းပေါ့.......

  1. ပဲာပဲာ.. မြန်မာလူမျိုးဖြစ်ကြောင်း ပိုပြီးဂုဏ်ယူလာပါတယ်ဗျာ
    မြန်မာတွေက ရှေးကတည်းက အလှူအတန်းဆို သိပ်ရက်ရောတာ
    လက်ထဲမှာတစ်ခုခု ရှိလို့ ကတော့ သိမ်းမထားဘူး၊ ပေးပေးပစ်ကြတာ
    အခုက လက်ထဲမှာ ခဲလုံးနဲ့ ရေ သန့် ဘူးတွေဘဲပါလို့  ရှိတာလေးပဲပစ်ပေးကြတာ။
    အားပေးတယ်ဗျာ. နာနာသာပစ်ကြ၊ နောက်တစ်ခါဆို ဒီထက်ပိုထူးအောင်လက်ပစ်ဗုံးတွေ ဘာတွေနဲ ပါပစ်ကြ..ပာက်ပာက်။:D

  1. Anonymous said... :

    စဉ်းစားမိတာတစ်ခုပါ။ ဟုတ်မဟုတ်တော့ မပြောတက်ဘူး။ ဖြစ်နိုင်မလားပေါ့။ ဦးဇော်ဇော်ကို စီးပွားရေးအရ အနိုင်လိုချင်လို့ ပွဲဆူအောင် လူထည့်ထားတာမျိုးရော ဖြစ်နိုင်လား။ ဘောလုံးမှာ သူက အစစ အရာရာ တာဝန်ယူထားတာလေ။ သူနဲ့စီးပွားပြိုင်ဘက်ဆိုတော့.. အင်း..... သိပ်များများ မရှိဘူးထင်တယ်နော်

  1. ballkyi said... :

    ဘယ်သူတွေဘာပြောပြော မြန်မာဘောလုံးအသင်းနိုင်တာဆိုလို့ ဘယ်အသင်းရှိသေးလဲ?ပြောကြပါအုံးဗျာ...အရှုံးတွေကြီးပဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved