အသက် ၅၀ ပြည့် ရွှေရတု ဇာဂနာ

Thursday, January 27, 2011








ဒီနေ့ နိုင်ငံသိ၊ ကမ္ဘာသိ လူရွှင်တော် ကိုဇာဂနာ အသက် အနှစ် ၅၀ တင်းတင်း ပြည့်တဲ့နေ့ပါ။ မွေးနေ့ ရွှေရတုပေါ့။ ဒါပမယ့် သူကတော့ မြစ်ကြီးနား အကျဉ်းထောင်ထဲမှာပါ။ မိသားစု ထောင်ဝင်စာ တွေ့ခွင့်မရတာလည်း ၈ လရှိသွားပြီလို့သိရပါတယ်။ သူ့ တပည့်တွေဖြစ်တဲ့ သီး ညီအစ်များ အဖွဲ့ကတော့ သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပဒေသာကပွဲ ဒီည ဆင်နွှဲမှာဖြစ်ပါတယ်။ သူ့မိတ်ဆွေတွေကတော့ မြစ်ကြီးနားရဲ့ ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကို တောင့်ခံနေရမယ့် သူ့ ကျန်းမာရေးအတွက် စိုးရိမ်နေကြပါတယ်။ သူ့အကြောင်း သိတဲ့ အများစုကတော့ စိတ်ဓာတ်အင်အား ကြီးမားတဲ့သူ ပျော်ရွှင်အောင် နေနိုင်မယ်ဆိုတာ ယုံကြည်ကြပါတယ်။

လူရွှင်တော် ဇာဂနာအထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါးကို ဒီမှာ ဖတ်နိုင်ပါတယ်။ သူ့မိတ်ဆွေ ပန်းချီထိန်လင်းရဲ့ “ကြောက်မွေးပါ ဇာဂနာနဲ့ နုတ်” ဆိုတဲ့ဆောင်းပါးနဲ့ နာဂစ်ဆိုင်ကလုန်း ကာလက ဇာဂနာ ကိုယ်တိုင် ရေးခဲ့တဲ့ “ဘာဖြစ်သလဲ နာဂစ်” ဆိုတဲ့ ကဗျာအပါအဝင် ဇာဂနာ့ ပုံရိပ်ဖြတ်ပိုင်းတချို့ကိုတော့ ဒီမှာ ဖတ်နိုင်တယ်လို့ ညွှန်းရင်း အာဏာရှင်တွေက ကြောက်လွန်းလို့ အကျဉ်းထောင်ထဲ အပို့ခံထားရတဲ့ ရွှေရတု ကိုဇာဂနာတယောက် ကျန်းမာ ပျော်ရွှင်ပြီး သက်တော်ရာကျော် ရှည်ပါစေကြောင်း ဧရာဝတီက ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

(ဓာတ်ပုံများကို မိုးမခ က ယူပါသည်)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved