နေပြည်တော် လူပျက်အဖွဲ့

Tuesday, January 4, 2011

နေပြည်တော် လူပျက်အဖွဲ့ ..... လို့ မထင်ပါနဲ့။ ကြည့်ရတာတော့ အတော် အသားမကျဘဲ ကို့ရို့ကားယား နိုင်နေပုံပါပဲ။ စစ်ဝတ်စုံလောက်တော့ ဘယ် ဝတ်နေကျလိမ့်မတုန်း။ ဝါးတီးတွေ များထားတော့ ဗိုက်တွေက ဖုံးမရ ဖိမရဖြစ်နေပါတယ်။ ရှစ်လုံးခေါ် (ဦး) သီဟ သူရ တင်အောင်မြင့်ဦးကတော့ အနာဂတ် အစိုးရသစ်ရဲ့ သမ္မတဂိုက် ဖမ်းနေတာလားဆိုတာ စဉ်းစားစရာ။ (ဓာတ်ပုံ - AP)



21 comments :

  1. Anonymous said... :

    ဟိုတုန်းက နိုင်ငံခြားသားတွေ ကိုလိုနီစနစ်နဲ့  အုပ်ချုပ်ခဲ့လို့ ၊ အရင်းရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့လို့  တော်လှန်တိုက်ထုတ်ခဲ့ ကြတယ်
    ယခုကိုယ့်လူမျိုးအချင်းချင်းက လူမှုရေး၊စီးပွါးရေး၊ပညာရေးအဘက်ဘက်က နှိမ့်ချဂုတ်သွေးစုတ်ကြီးပွါးနေကြတဲ့စစ်အာဏာရှင်စနစ်ကိုလဲ တော်လှန်ရမှာပဲ တိုက်ထုတ်ရမှာပဲ ကိုယ့်လူမျိုးမို့ လို့ ၊တခြားလူမျိုးမို့ လို့ ဆိုတာမရှိသင့်ဘူး
    ဒီလိုစစ်အာဏာရှင်စနစ်ဖြင့်မိုက်ရိုင်းထွားကြိုင်းနေတဲ့သူတွေအတွက်အချိန်လဲမပေးသင့်ဘူးနေရာလဲမပေးသင့်ဘူးသူတို့ ကိုပြန်ပြီးသတင်းအမှောင်ချထားသင့်တယ် ဒါမှ နေရာတကာမှာပေါ်ပေါ်လာတဲ့ သောက်ခွက်တွေမမြင်ရတော့ အကုသိုလ်လဲမဖြစ်ရတော့ဘူး အဲဒီသောက်ခွက်တွေလဲနေရာတကာမှာမပေါ်ရလို့ ခုန်ဆွခုန်ဆွဖြစ်နေမှာ
    နိုင်ငံတကာနဲ့ လဲအဆက်အသွယ်ပျက် ပြည်သူကလဲသောက်ဂရုမစိုက်ရင်......


    lion hunter

  1. Anonymous said... :

    Yaut Kya Yint Ma Gyi tway A chaut sait win pyi
    Kyo Gyi Chait Hta Mein tway Wit nay gya Ta Ba
    Gyaunt Leh? This is the second time, I wonder
    who ordered them to make a fool of themselves.
    I feel embarrass for them. Are they under some
    kind of evil spell. It's beyond funny, is the
    whole Burmese Tatmadaw under some spell that they are all scared to resist any order that comes from one crazy guy.

  1. လူပျက်ဆိုတာထက် လူဖျက်တွေလို့ ပြောရင် ပိုမှန်မယ်ထင်တယ်၊
    ဒီကောင်တွေက ပျက်ပြီးလို့ မြန်မာတစ်ပြည်လုံးကို ဖျက်ဆီးပစ်နေကြပြီလေ၊
    မြန်မာပြည်သူတွေ ကိုယ်ကျင့်တရားတွေ ပျက်စီးတာ ဒီကောင်တွေ ဖျက်ဆီးပစ်လို့ပေါ့၊ ဒါကြောင့် လူဖျက်တွေလို့ ပြောရင် ပိုမှန်လေမလားပဲ၊

  1. Htay Tint said... :

    အေက်ကအဆင်က မိန်းမကြိုးကြီးဂျိတ် အပေါ်ကဝတ်ထား တာက ဗိုက်ပူ ခေါင်းပေါင်းထဲကြည့်တော့ ကလိမ်ကကျစ် မဲညစ်ညစ်အရောင် နဲ့ ဆိုတော့ တိုင်းပြည်ဖျက်မဲ့ ဂန်ဒူးကြီးများ အဖွဲ့ ကတိုင်းပြည်ကို နည်းမျိုးစုံနဲ့  ဖျက်စီးရန် သစ္စာဆိုနေကြသည် ဥပတိတွေက ရွံစရာ ရုပ်ကြီးတွေ ။။

  1. Anonymous said... :

    shameless thugs.

  1. ဘယ်လိုဖြစ်ရတာပါလိမ့်နော် ချိတ်လုံခြည်အရောင်စုံကြီးတွေဝတ်ပီး မျက်နှာထားတွေက တင်းမာနေလိုက်ကြတာ ...။ ချိတ်ထမီကြော်ငြာပေးတာနဲ့တူတယ်နော် ဟိ ဟိ

  1. Anonymous said... :

    ထမီဝတ်ကြီးစိုးတဲ့အနေနဲ့ ကိုယ်တိုင်ထမီဝတ်ပြီးသရုပ်ပြကြတဲ့စစ်ဗိုလ်ချုပ်တွေပါလား။

  1. Anonymous said... :

    So Funny....They are wearing Women Longyi?

  1. Anonymous said... :

    စိတ်ပျက်စရာကြီးတွေ....

  1.ွှT Sein said... :

    ချိပ်ထဘီ တွေနဲ့ပါလားကွယ်ရို့--

  1. hiri said... :

    အော် ရိုးရာမြန်မာဝတ်စုံဝတ်တာကိုက ခုခေတ်မှာအမြင်ဆန်းနေကြပြီး ဟာသဖြစ်နေပါရော...။ အရင်ဗိုလ်ချုပ်တို့မတိုင်ခင်နဲ့ အဲဒီခေတ်တွေမှာလည်း ဒါမျိုးကြီးတွေပဲ အခန်းအနားတွေမှာ မြန်မာမင်းစိုးရာဇာတွေ ၀တ်ကြတာပါ။ အရင်လိုတောင်ရှည်လိုမျိုး ခါးပေါင်စာအစား ရှေ့မှာ အချွန်လိုမျိုးလေးတွေများ ရှေးမြန်မာကြီးတွေလို ထုတ်ဝတ်ကြမယ်ဆို ဘယ်လိုတွေများ ပြောကြဦးမှာပါလိမ့်။ အင်း...။ လူတွေမွဲလာနေကြတော့...အမျိုးသားယဉ်ကျေးမှု... အမျိုးသားယဉ်ကျေးမှု... ကိုင်တိုင်သုံးဆောင်ဖို့နေနေသာသာ... ခံစားကိုမပေးနိုင်ကြတော့ပါကလား။ သူတို့ကို ဆန့်ကျင်တာတော့ ဆန့်ကျင်တာပေါ့ဗျာ...။ ဒီလိုမြန်မာနိုင်ငံရဲ့ ကြီးကျယ်တဲ့အခန်းအနားတွေမှာတော့ ဒီလိုမြန်မာ့ရိုးရာဝတ်စားမှုကို ၀တ်ထားတာကတော့ ရှုတ်ချစရာတစ်ခုလို့ မမြင်မိပါကြောင်း။ [ဗိုလ်ချုပ်အောင်ဆန်းကိုလည်း မြန်မာဝတ်စုံပြည့် တိုက်ပုံအနက်၊ ခုလို ကြိုးကြီးချိတ်ပုဆိုးနဲ့ အခမ်းအနားတစ်ကိုအလာမှာ ဓါတ်ပုံရိုက်ထားတာကို မြင်မိဖူးပါကြောင်း]ကျေးဇူးပါ။

  1. swarn said... :

    all long-gyi(s) are in gay colours ..lol

  1. Anonymous said... :

    @hiri
    မြန်မာဝတ်စုံဝတ်ပြီး သတိစွဲရပ်နေတဲ့ အမြင်မတော်ပုံတွေမို့ လှောင်ကြတာပါ...
    ဘယ်သူများ တိုက်ပုံနဲ့ ပုဆိုးဝတ်ပြီး သတိစွဲရပ်တာ မြင်ဖူးလဲ ကို hiri
    အဓိကကတော့ ဘာဝတ်စုံပဲဝတ်ဝတ် စိတ်ထားရုတ်ညံ့ရင် ဘယ်သူမှ ကြည့်ရမှာမဟုတ်ပါဘူး.. လိုရင်းကတော့ ဒါပါပဲ

  1. Anonymous said... :

    လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားမှာ သတိဆွဲမရပ်လို့ ဘယ်လိုရပ်ရမှာတုန်း။ စစ်ဝတ်-စစ်စားဝတ်ဝတ်၊ မြန်မာရိုးရာအ၀တ်အစားဝတ်ဝတ် ဒီလိုပွဲ၊ ဒီလိုအလေးပြုရတဲ့အခမ်းအနားတွေမှာတော့ သတိဆွဲပဲ နေရမှာပဲ။ ရိုက်တင်ထားတဲ့ဓါတ်ပုံကိုက အဲဒီလိုအလေးပြုခါနီး ရိုက်ထားတဲ့ပုံလို့ ထင်ပါ့ဗျာ...။ ကျေးဇူးပါဗျာ။ ကျနော်ကိုဟီရိပါ။

  1. Anonymous said... :

    သူက ပြောတယ် ရှက်လိုက်တာတဲ့ မလွဲမရှောင်သာ လို့  ဝတ်ပြလိုက်ရတာပါတဲ့ .......
    ဒီလိုကြီးဝတ်ပြတော့ မဟုတ်တာတွေ စုပေါင်းလုပ်နေတဲ့သူတွေ လို့ကြော်ငြာပေးနေသလို အလိုလို စိတ်ထဲမှာ မလုံဘဲ ဖြစ်မိပါတယ်တဲ့...
    ပရိသတ်တို့ ရဲ့ကောင်းချီးကိုလည်း မကြားနိုင်တော့ပါဘူးတဲ့ ...
    နဂိုကတည်းက ပြည်သူ့အသံကို မကြားနိုင်အောင်လေကျင့်ပြီးသားပါတဲ့..ဒီအရည်ချုင်းနဲ့ပြည့်ဝသူတိုင်း ဒီရာထူးကို ရပါတယ်တဲ့ သူကဝန်ခံထားပါတယ်။

  1. Anonymous said... :

    I agree with anonymous.

  1. Anonymous said... :

    ထိုင်နေကြတဲ့  ခပ်ညံ့ ညံ့  အပေါစား ပလပ်စတစ် ခုံတွေက ယိုးဒယားက တင်သွင်းတာလား.? ပြည်တွင်းဖြစ်လား ဟင်? သူတို့ အဆင့် အတန်းတွေကို နမိတ်ပြနေပြီ..မကြာခင် ဒင်းတို့ အားလုံး မြေကြီးပေါ် ဆင်းထိုင်/ လဲလျှောင်းရတော့မဲ့  အနေအထားရှိတယ်...။

  1. Anonymous said... :

    အိပ်ခြင်မူးတူးနဲ့အိမ်ကမိန်းမထမိန်မှားဝတ်လာတဲ့ ပုံစံမျိုးတွေ။

  1. CAFFE said... :

    ကျော်သူဇနီး ရွှေဇီးကွက် ဓါတ်ပုံကို ကြည့်ရတာ အင်မတန် ကျက်သရေရှိပြီး အေးမြတဲ့ အရောင်တွေ ထွက်နေတယ်ဗျ.. သူ့ရဲ့ ၅၂ နှစ် မွေးနေ့ က ပုံတွေကိုကြည့်ပြီး ဒီ ဆရာသမားတွေကို ကြည့်လိုက်ရတာ.. လောဘ--ဒေါသ အခိုးတွေ ဝေနေတဲ့ မျက်နှာတွေ.. သောကများနေတဲ့ အရောင်တွေ တွေ့ရတယ်.. ဗိုလ်ဥဏ်ဝင်း တစ်ယောက် အိပ်ရေးပျက်ထားပုံရပေမဲ့နဲနဲ ကြည်လင်နေတယ်.. (ဒီလူ့ကြည့်ရတာအလုပ်ဖြုတ်ခံရမဲ့ အလှည့်ထဲ ပါပုံမရဘူး--စိတ်အေးနေသလိုဘဲ..)
    တင်အောင်မြင့်ဦး ပုံက --ဟုတ်ကဲ့ ကျနောအပြစ်ရှိပါတယ်..ခွင့်လွှတ်ပါခင်ဗျား.. ပုံပေါက်နေသပ...

  1. Anonymous said... :

    ဟဲ့…….မပေါ့မပါးနဲ့ ဒီဗိုက်ကြီးသယ်တွေကို ဘယ်သူက ဒီလိုအကြာကြီးရပ်ခိုင်းတာလဲ…….ဒီမှာမွေးခါနီး…ဖွားခါနီးတွေကို………….တယ်ခက်ပါလား………………….

  1. Anonymous said... :

    ညာချမဲ့လူဒွေ..ခေါင်းပေါင်းစပြောပါဒယ်..ဟီဟိ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved