အဖိုးမဖြတ်နိုင်တဲ့ မြန်မာ့ကျောက် ဈေးပေါပေါနဲ့ တရုတ်ပြည်ရောက်

Wednesday, January 26, 2011


အမျိုးအစား ။ ။ ခိုသွေးရောင် ပတ္တမြား
အလေးချိန် ။ ။ ၆၅ ကလပ် (၁၂.၉၃၄ ဂရမ်)
ထုထည် ။ ။ ၃.၁၅ စင်တီမီတာစကွဲ
မာခြင်းအဆင့် ။ ။ ၉

အထက်ဖော်ပြပါ အချက်အလက်အရ ကမ္ဘာ့အကြီးဆုံး ခိုသွေးရောင် သန့်စင် ပတ္တမြားကို တရုတ်နိုင်ငံ ဟိုင်းခုံမြို့မှ ခေါင်းဖြူအဖိုးကြီး ပိုင်ဆိုင်နေသည်ကို စီစီတီဗီ သတင်းဌာန ကဖော်ပြသွားသည်။

ထိုအဖိုးကြီး၏ ပြောပြချက်အရ သူသည် ၂၀၀၆ ခုနှစ် ပတ်ဝန်းကျင်လောက်တွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊ ရန်ကုန် ကျောက်ဈေးကွက် လေ့လာရန် ခရီးထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကျာက်ကို ရန်ကုန်ကျောက်ရောင်းဝယ်ရေး အသိုင်းအဝိုင်းမှ ရခဲ့ကြောင်း၊ ထိုအချိန်တုန်းက ခိုသွေးရောင် ပတ္တမြားမျိုးကို မည်သူမျှစိတ်မဝင်စား၍ အမှတ်တရ ပစ္စည်း လက်ဆောင်အဖြစ် သိမ်းဆည်းရန် ဈေးပေါပေါနှင့် ရခဲ့ကြောင်း သတင်းအင်တာဗျူးတွင် ပြောပြခဲ့သည်။

ယခု ၂၀၁၁ တွင် ကျွမ်းကျင်သူ ကျောက်ကုန်သည်ကို ပြသရာ ကုန်သည်က ချက်ချင်း ယွမ် ၁ သန်းပေးသည်။ သင်္ကာမကင်း ဖြစ်၍ သက်ဆိုင်ရာများနှင့် သုသေတီများကို ပြသရာတွင် နောက်ဆုံး၌ ကမ္ဘာအကြီးဆုံး သန့်စင် ခိုသွေးရောင် မိုးကုတ် ပတ္တမြားဖြစ်ကြောင်း အတည်ပြုခဲ့ကြသည်။

ယခုအချိန်အထိ တန်ဖိုးဘယ်လောက် ဖြတ်ရမည်ကို မသိသေးပါ။ ပိုင်ရှင်က မရောင်းဘဲ ပြတိုက်တွင် ထားရှိရန် ရည်ရွယ်သည်ဟု သိရသည်။

(ကျနော်၏ ၂၀၀၆ ခုနှစ်ဝန်းကျင် ကျောက်ရောင်းဝယ်ရေး အတွေ့အကြုံအရ အမှန်တကယ်တွင်မူ ထိုတရုတ်အဖိုးကြီးသည် ပတ္တမြားအား ရန်ကုန်တွင် ဝယ်ခဲ့ခြင်း မဖြစ်နိုင်၊ သူကိုင်တိုင် မိုးကုတ်သို့ သွားရောက်၍ တရားမဝင်ဝယ်ခဲ့ခြင်း ဖြစ်နိုင်ပါသည်။)

ဝင်းလက်
Ref: http://news.hainan.net/ 2011-1-26 13:56:00

4 comments :

  1. Anonymous said... :

    So sad!

  1. Anonymous said... :

    ဟိုကရန်ကုန်က၀ယ်ပါတယ်လို့ပြောနေတာတောင် ဘယ်အချိန်က အကောင်းမမြင်ချင်လည်းတော့မသိဘူး အတင်းကိုစွဲပိး တော့ မှောင်ခိုဝယ်တယ်လုပ်နေတယ်.....0ူး 0ူး ခက်တယ် ..... သူတို့တွေနဲ့တော့......

  1. Anonymous said... :

    To:
    "Anonymous said...
    ဟိုကရန်ကုန်က၀ယ်ပါတယ်လို့ပြောနေတာတောင် ဘယ်အချိန်က အကောင်းမမြင်ချင်လည်းတော့မသိဘူး အတင်းကိုစွဲပိး တော့ မှောင်ခိုဝယ်တယ်လုပ်နေတယ်.....0ူး 0ူး ခက်တယ် ..... သူတို့တွေနဲ့တော့......"

    ရန်ကုန်က၀ယ်ဝယ် မှောင်ခိုဝယ်ဝယ် မင်းပုထွေးတွေ သောက်သုံးမကျတာကို ၀န်ခံလိုက်အုံး....

  1. Anonymous said... :

    မြန်မာနိုင်ငံကထွက်တဲ့ တွင်းထွက်ကို မ၀ယ်ပါနဲ့လို့ လည်းအမေရိက ကားစာချုပ်လက်မှတ်လည်းထိုးလိုက်ကြရော

ံမလေးရှား ဟောင်ကောင် တရုတ်က ကျောက်ကုန်သည်တွေက ဈေးကိုနှိမ်ကြပါတယ်။
    ကျောက်မျက်ပွဲကို တင်နိုင်လောက်အောင် အင်အားမရှိတဲ့ small scale seller တွေ အနေ နဲ့  နိုင်ငံခြားပြပွဲတွေ ကို အားကိုးရတဲ့ အခါမှလည်း အပြန်ကို အထုပ်နဲ့ မပြန်ပဲ သူတို့ဆီကို ထားခဲ့ဖို့ကို အရင်က ရသင့်တဲ့ဈေးထက် နည်းပေးပါတယ်။ မရောင်းချင်နေပေါ့လို့ တော့မပြောပါနဲ့ 
    ကုန်ကျစရိတ်တွေ ဆိုင်ခန်းခတွေ ပေါင်းလိုက်တဲ့အခါမှာ မမြတ်ရင်တောင် လုပ်ငန်းလည်ပတ်ဖို့ ရောင်းရပါတယ်.
    ကျောက်ဆိုတာပုပ်ကုန်မဟုတ်ဘူး ပဲ ထားလို့ ရတယ် ဆိုပီး ထားလိုက်ရင် လက်ရှိလုပ်နေတဲ့ လုပ်ငန်းတောင်ရပ်တန့် သွားမှာလေ

    နောက် တရားမ၀င်ဝယ်တဲ့ပုဂ္ဂိုလ် ကိစ္စတွေ မှာလည်းဖြစ်နိုင်ပါတယ်။
    တစ်ချို့ က နယ်စပ်ကနေစောင့်ဝယ်ပါတယ်။ တိုင်းရင်းသားတွေက နယ်စပ်အထိ သယ်သွားပါတယ်။ မိုးကုတ်ဟာလက်၇ှိမှာ နိုင်ငံခြားသားကန့်သတ်နယ်မြေပါ အဲ့ကို သွားလို့ အလွယ်ဆုံးက တရုတ် လူမျိုးများပဲဖြစ်ပါတယ်

    ကျွန်မနားလည်သလောက် ရေးတာပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved