ချင်းမိုင်က အာရှရုပ်ရှင်ပွဲတော်မှာပြမယ့် မြန်မာပြည်အကြောင်း

Thursday, February 3, 2011



ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဖယက် တက္ကသိုလ်မှာ ကျင်းပမယ့် အာရှရုပ်ရှင်ပွဲတော်မှာ မြန်မာနဲ့ ပတ်သက်တဲ့ သတင်းရုပ်ရှင်တွေပြသဖို့ရှိပါတယ်။ စိတ်ဝင်စားသူတွေ သွားရောက်ကြည့်ရှုနိုင်ဖို့ အချိန်နဲ့ နေရာကို ဒီမှာ ကြည့်လို့ရပါတယ်။

ရုပ်ရှင်ပွဲတော်ကို ဒီည ဖွင့်မှာဖြစ်ပြီးတော့ မြန်မာနဲ့ပတ်သက်လို့ မနက်ဖြန် မနက် ၁၁ နာရီမှာ Burma in pieces ဆိုတဲ့ သတင်းရုပ်ရှင်နဲ့ နေ့လယ် ၂ နာရီခွဲမှာ In The Middle Of The Bridge ဆိုတဲ့ စက်တင်ဘာ တော်လှန်ရေး နောက်ခံ သတင်းရုပ်ရှင်ကို ပြသပါမယ်။ စနေနေ့ မနက် ၁၀ နာရီမှာတော့ Looking For Reconciliation ဆိုတဲ့ ဒီဗီဘီ သတင်းဌာနက တင်ဆက်တဲ့ သတင်းရုပ်ရှင် ရှိပါတယ်။

နောက်ဆုံးနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့ မနက် ၁၀ နာရီ မှာတော့ This Prison Where I Live ဆိုတဲ့ ဇာတ်ကားကို ပြသမှာပါ။ အဲဒီဇာတ်ကားကတော့ မြန်မာပြည်ရဲ့ ကမ္ဘာသိ လူရွှင်တော်ကြီး ကိုဇာဂနာ အကြောင်း ဖြစ်ပါတယ်။ အဲဒါပြီးသွားရင် ဆက်တိုက်ဆိုသလို ၁၂ နာရီခွဲမှာ ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ အင်းသီး ဆိုတဲ့ သတင်းရုပ်ရှင် ရှိပါမယ်။ ချင်းမိုင်က မြန်မာပရိသတ်အတွက် ကြော်ငြာပေးလိုက်ရပါတယ်။

အာရှရုပ်ရှင်ပွဲတော်အကြောင်း ကိုတော့ ဒီမှာ ကြည့်လို့ရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved