ဒုသမ္မတရာထူးလက်လွှတ်ခဲ့ရသည့် တိုင်းရင်းသားတဦး

Friday, February 4, 2011

-နေပြည်တော်တွင် ယမန်နေ့က ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်မှ ဒုသမ္မတအဖြစ်လျာထားခြင်းခံခဲ့ရသော ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) ဥက္ကဌ ဒေါက်တာအေးမောင်သည် မဲအပြတ်အသတ် ရှုံးနိမ့်ကာ ဒုသမ္မတ ဖြစ်ခွင့်ကို လက်လွှတ်လိုက်ရပြီဖြစ်သည်။

ရခိုင်တိုင်းရင်းသား ဒေါက်တာအေးမောင်သည် စစ်တွေလူရည်ချွန်တဦးဖြစ်ခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် မွေးမြူရေးနှင့်ဆေးကုသရေး တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် မဲရုံမှူးတဦးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၀၉ ခုနှစ် ၄ လပိုင်းတွင် မွေးမြူရေးနှင့်ကုသရေး လက်ထောက်ညွှန်ကြားရေးမှူးအဖြစ်မှ အငြိမ်းစားယူကာ ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ ထူထောင်ခဲ့သည်။

ဒေါက်တာအေးမောင်၏ ပါတီသည် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၁၂ နေရာ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ၈ နေရာ ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ၂၃ နေရာနှင့် တိုင်းရင်းသားလွှတ်တော် မဲဆန္ဒနယ်တွင် ၁ နေရာ စုစုပေါင်း မဲဆန္ဒနယ် ၄၄ နေရာတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ် ၃၅ ခုတွင် အနိုင်ရခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲဝင် အရပ်သားပါတီများအနက် ရာခိုင်နှုန်းအများဆုံး အနိုင်ရခဲ့သည့် ပါတီဖြစ်ကာ အမျိုးသားလွှတ်တော်တွင်လည်း ဒေါက်တာအေးမောင်ကို ဒုသမ္မတအဖြစ် ကျန်ဒီမိုကရက်တစ်အရပ်သားပါတီများက အဆိုတင်သွင်းခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်များကြီးစိုးထားသည့် လွှတ်တော်အတွင်း မဲခွဲရွေးချယ်ရာ ဒေါက်တာအေးမောင်သည် ပြည်သူ့လွှတ်တော်မှ ဒုသမ္မတအဖြစ် အမည်တင်သွင်းခံရသည့် ဖလုံ-စဝေါ်ပါတီမှ ဦးစောသိန်းအောင်နည်းတူ ဒုသမ္မတဖြစ်ခွင့် လက်လွှတ်ခဲ့ရသူဖြစ်သည်။

ဒုသမ္မတဖြစ်ခွင့်မရခဲ့သော ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်ကို ဧရာဝတီသတင်းထောက် မင်းနိုင်သူက ယမန်နေ့က ဆက်သွယ်မေးမြန်းထားသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved