အာဏာရှင်တွေရဲ့ ဒီဇိုင်းများ

Monday, February 28, 2011










ကမ္ဘာပေါ်က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အာဏာရှင်တွေရဲ့ အ၀တ်အစား ဒီဇိုင်းတွေပါ
Foreign policy
က The Devil Wears Taupe ခေါင်းစဉ်နဲ့ photo essay ပါ။

အာဏာရှင်တွေဟာ သူတို့ရဲ့ ၀တ်စားဆင်ရင်မှုကိုတင် ပြတာမဟုတ်ပါဘူးတဲ့ ... တခါတရံ နိုင်ငံရေး၊ အာဏာပါဝါ နဲ့ ချည်မျှင်တို့ကို ပေါင်းပြီး ဖက်ရှင် ပဉ္စလက် ပြုလုပ်ရန် ဖြစ်ပါတယ်တဲ့။

သူတို့မရှိရင် သူတို့အုပ်ချုပ်နေတဲ့ တိုင်းပြည်တွေ ဒုက္ခရောက်တော့မယ်လို့ တွင်တွင်ပြောနေသူတွေပါ။ အမှန်က သူတို့မရှိမှ သူတို့တိုင်းပြည်တွေ ဒုက္ခကင်းဝေးမှာ ဖြစ်ပါတယ်။

ပထမစွဲတာက မြောက်ကိုးရီးယားက ကိုကိုကင် (kim Jong-il)
ဒုတိယက ကိုယ်လုံးခပ်တောင့်တောင့် ယူကရိန်းမကိုကြိုက်တဲ့ ကိုကိုကဒါဖီ (Col. Muammar al-Qaddafi)
တတိယက အီရန်က အမာဒီနီဂျက် (Mahmoud Ahmadinejad)
စတုတ္ထက ကျူးဘားက ဖီဒယ် နဲ့ ရာအူးလ် ကတ်စထရို တို့ညီနောင် (Fidel and Raúl Castro)
ပဉ္စမက ၂၀၀၉ ခုနှစ်ရဲ့ ဇင်ဘာဘွေပြည်သူတွေပေးတဲ့ အခိုးဆုံးဆုရသူ မူဂါဘီ (Robert Mugabe)
ဆဌမက ဗင်နီဇွဲလားက ချာဗက် () (Hugo Chávez)
သတ္တမက ယူဂမ်ဒါက မူဆာဘီနီ (Yoweri Museveni)

အဌမက တို့နိုင်ငံရဲ့ ဂုဏ်ယူဖွယ် ဘဘကြီး (ဘဘကြီးကို အန်တီကြိုင်ကဆင်ပေးပုံမရဘူး သူကျတော့ စိန်တွေကို လန်ထွက်နေအောင်ဝတ်တယ်။ အမြဲတမ်း ၁၊ ၂၊ ၃ ပါဝင်နေကြ ဘဘကြီး အခုခါမှာတော့ အဆင့် ၈ တဲ့၊ နိုင်ငံ သိက္ခာကျတယ်)

န၀မ က ဆူဒန်က အယ် ဘာရှား (Omar Hassan al-Bashir)

နောက်ဆက်တွဲ။ ဘဘကြီးက အဆင့် () ချိတ်တာ .. ငါ့နှယ် တောပုံတုံးလို့  လူရာ မ၀င်ဘူး ဆိုပြီး ဖင်ဆောင့်နေတာနဲ့ ကြိုင်ကြိုင့် လက်စွဲ နတ်ကတော်ရဲ့ နောက်ဆုံးပေါ်ဖက်ရှင်ကို ၀တ်ပြီး ထွက်လာတာ.. ဒီလိုပါတဲ့ဂျ

ဒီတခါ ငါဟဲ့ သန်းရွှေ လဒူမဟုတ်ဖူး..ရှင်ဘုရင်ပုဆိုး ပိုးချည်းတဲ့ အဟင်း အဟင်း..(၀င်းဥ လေသံ လေးဖြင့် ဖတ်ရန်) ဒီတခါ ပထမ အရာ..မင်းဘယ်ပြေးမလဲ မိရွှေသဲ...

မျိုးဝင်းဇော် ဘလော့မှာ ၂၀၁၀ ဒီဇင်ဘာက ရေးထားခဲ့တာကို အောင်မိုးဝင်းရဲ့ facebook က မော်ဒီဖိုင်းလုပ်ပြီး ထပ်ဆင့်ဖော်ပြထားတာပါ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved