ကာတွန်းဟန်လေးနှင့် အင်တာဗျူး

Thursday, February 17, 2011

7 comments :

  1. Anonymous said... :

    နောက်တခါ အင်တာဗျူးမယ်ဆိုရင် လှုပ်လို့မရတဲ့ခုံနဲ့ အင်တာဗျူးဆရာကို မေးခိုင်းပါ။ လှုပ်နေတဲ့ အင်တာဗျူးဆရာရဲ့ ပခုံးကို ကြည့်ရတာ ခေါင်းမူးလို့ပါ။

  1. ဗဟန်း said... :

    သို့ ဧရာဝတီ--
    ဘယ်လိုမှ စိတ်ထဲမှာမထားပါနဲ့.. ကိုယ်က Video broadcast လုပ်ပြီဆိုမှတော့ အင်တာဗျုးတဲ့လူတွေ-- သတင်းသုံးသပ်သူ (Commentator) တွေအနေနဲ့ မှန်ရှေ့မှာ အထူးလေ့ကျင့်ခြင်း-- ဒါမှမဟုတ် -- သရုပ်ဆောင်လေ့ကျင့်ခြင်း (Role Play) တွေကို အချိန်ပေးလေ့ကျင့်ခြင်းများ ပြုလုပ်စေလိုတယ်.. အခု အင်တာဗျုးတဲ့ မိတ်ဆွေ ဟာ ဒီ ၁၆မိနစ်စာမှာ “ဒီ” ဆိုတာကို အကြိမ် ၂၀၀ လောက် သုံးသွားတာတွေ့ရတယ် (အင်တာဗျုးခံ ပညာရှင်ကို မဆိုလိုပါ).. “ဒီ” ဆိုတာ ဒီကာတွန်း-ဒီဗီဒီယို - ဒီပုဂ္ဂိုလ် စသဖြင့် အညွှန်းပြု တွေမှာ သုံးနှုန်းခြင်းကို မဆိုလိုပါ.. စကားထောက် စကားအဆက်တွေမှာ “ဒီ” “ဒီ” တစ်ဒီဒီ နဲ့ ပရိတ်သတ် စိတ်ဝင်စားမှုကို လျော့စေမှာပါ.. ကိုယ်က အချိန်ယူ ပြီး သေချာတင်ဆက်ထားတဲ့ Documentary တစ်ခု အလကား ဖြစ်သွားမှာ ကို မဖြစ်စေချင်ဘူး.. ကျနော်အခုလို ၀င်ထောက်ပြတဲ့အတွက် အင်တာဗျုးသူ လည်း စိတ်မရှိစေချင်ပါဘူး.. နောင်မှာ ကျနော့ကို ခင်ဗျား ကျေးဇူးတင်လာပါလိမ့်မယ်.. လောလောဆယ်တော့ feel နဲနဲ ငုတ်သွားမှာပေါ့...

  1. Anonymous said... :

    အေးလေ။
    နောက်နေသလိုလို...ရစ်နေသလိုလိုနဲ့။

  1. Anonymous said... :

    That was hilarious and very entertaining, THANK YOU Ko Hanlay n Irrawaddy. Unlike Bahan’s comments ( although he has a point and saytana), I like the spontaneity part of it, not rehearsed and very natural. Ko Hanlay’s simplicity, humor and sweetness came across on the video. DJ Than Shwe is so wickedly cute as a cartoon. Yawthama Mhwey sound tract was perfect for the animation. May be if you can incorporate the $ signs, oil, gas, timber, precious stones popping up as motive for these opportunist dancing to Than Shwe’s tune. I hope there will be more of Ko Hanlay’s still cartoons generated into animations with sound tracks.

  1. Anonymous said... :

    ဖြစ်နိုင်ရင် တီဗီမှာ အင်တာဗျူးသူတွေ၊ သတင်းကြေငြာသူတွေ နဲ့ ကင်မရာအရှေ့မှာ ရုပ်ပြရတဲ့ သတင်းထောက်တွေအတွက် Broadcast Journalism သင်တန်းတိုလေးတွေ ပို့ချပေးနိုင်ရင်ကောင်းမယ်။ မျက်နှာအနေအထား၊ ကိုယ်ဟန်အနေအထားဘယ်လိုဘယ်ပုံ ထားရမယ်ဆိုတာမျိုးပေါ့။
    ကျနော်သိထားတာကတော့ Internews က ဗီဒီယို သတင်းထောက်တွေကို သင်တန်းပေးရင် တည်းဖြတ် နဲ့ ရိုက်ကူးရေးအပိုင်းတွေကိုပဲ ပေးတယ်ဆိုတာသိထားတယ်။ နောက်ပိုင်း ပြည်ပ သတင်းဌာနတွေအနေနဲ့ Multimedia ပိုင်းကို ချဲ့ထွင်ပြီးသွားနေတယ်ဆိုတာလည်း သိပါတယ်။ ဒါကြောင့် မျက်နှာပြရတဲ့ VJ တွေအတွက် သင်တန်းလေးတွေ စီစဉ်ပေးစေချင်တယ်။ ပိုပြီး smart ဖြစ်တာပေါ့။

    အခု အင်တာဗျူးသူက ကုလားထိုင်ကြီးလှုပ်လှုပ်လှုပ်လှုပ်နဲ့ဆိုတော့ ဖြေတဲ့သူကိုပဲ မလေးစားသလိုလို၊ ပရိသတ်ကိုပဲ မလေးစားသလိုလိုဖြစ်သွားတော့ ကြည့်ရတာ အရသာ နည်းနည်းတော့ပေါ့သွားတာပေါ့နော်။ အပြုသဘောနဲ့ဝေဖန်ခြင်းပါ။ ဧရာဝတီကို အမြဲအားပေးလျှက်ပါ။

  1. ဗဟန်း said... :

    ကျနော်အကြံပြုတင်ပြတာက ကိုယ်အားပေးနေတဲ့ မီဒီယာ တွေ ကို အကောင်းဆုံး ဖြစ်စေချင်လို့ပါ.. လှောင်လိုခြင်း ခနဲ့လိုခြင်း အလျင်းမရှိပါ.. မြန်မာ့အသံ-မြ၀တီ-MRTV ကအဖွဲ့တွေ ကောင်းလဲဂရုမစိုက်ဘူး.. မကောင်းလဲ ဂရုမစိုက်ဘူး.. စက်ရုပ်ကြီးတွေလို သတင်းဖတ်လဲ ဂရုမစိုက်ဘူး... ကျနော်အားပေးတဲ့ မီဒီယာတွေက ဧရာဝတီ သာ မကပါဘူး.. VOA-DVB-Mizzima, BBC, RFA, Niknaman, ဒီမိုဝေယံ၊ မျိုးသာကီအာဇာနည်၊အညာနွေ၊ ဒေါက်တာလွမ်း၊ ဖိုးတရုပ်ကင်း.. အကုန်လုံး အိပ်ယာနိုးနိုးခြင်း ဖတ်တဲ့ ကြည့်တဲ့ သတင်းမီဒီယာတွေပါ..(န၀တ ဘက်က ပိတောက် နဲ့ ကျေးစေ) အားလုံးဟာ တတ်နိုင်သလောက်အင်အား.. ရသလောက် စွမ်းအားတွေနဲ့ အကောင်းဆုံးတင်ဆက်နေတာ ကို ကျနော်နားလည်ပါတယ်.. ဒါပေမဲ့ ကျနော့လောဘက ဒိုးကနဲဒေါက်ကနဲ-- ကြောင်ပုဇွန်စား ကြွတ်ကြွတ်ဝါး၊ ပြတ်ပြတ်သားသား ပိပိရိရိ.. ကင်မရာနဲ့ ပရိသတ်ကြောက်စိတ်မရှိတဲ့ - ဗျုးတွေ-သတင်းတွေ- ဝေဖန်မှုတွေ ကိုကြည့်ချင်နားထောင်နေချင်တာပါဘဲ.. အခုလောက်လုပ်နေနိုင်တာကိုဘဲ ကျေးဇူးတင်လှပါပြီ..

  1. Anonymous said... :

    ဟို ဒီ ဟို ဒီ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved