ကဒါဖီ မပြေးပါ၊ လေသူရဲများ ဗုံးမကြဲလို၍ ထွက်ပြေး

Tuesday, February 22, 2011

ဂါဇာမြို့တွင် လစ်ဗျားခေါင်းဆောင် ကဒါဖီကို ကန့်ကွက်ဆန္ဒပြနေကြသော ပါလက်စတိုင်း ကျောင်းသူများ။ (ဓာတ်ပုံ - Getty Images)


လစ်ဗျားခေါင်းဆောင် ကဒါဖီဆိုရင် ပြည်တွင်းမီဒီယာတွေ ဖော်ပြမှုကြောင့် မြန်မာတွေ နှစ်အတော်ကြာကတည်းက သိနေကြတဲ့သူပါ။ အခု အာဏာရှင် ကဒါဖီကို ဖြုတ်ချဖို့ လူထုအုံကြွမှုတွေ ဖြစ်နေတဲ့ အခြေအနေတွေက ရှုပ်ထွေးပြင်းထန်နေပါတယ်။

နောက်ဆုံးအခြေအနေတွေကို မြန်မာမီဒီယာတွေက ရေးသားကြတာကို ဒီနေရာမှာ ညွှန်းပြီး လက်တို့လိုက်ပါတယ်။

လစ်ဗျားဆန္ဒပြမှုအပေါ် အကြမ်းဖက်မှု ပိုမိုပြင်းထန် ။ ။ လစ်ဗျားနိုင်ငံက အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေဟာ အရှိန်အဟုန် မြင့်လာပြီး အနှစ် ၄၀ ကျော် အုပ်ချုပ်လာတဲ့ လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ရဲ့ အုပ်ချုပ်ရေးကို ကိုင်လှုပ်လာပါတယ်။ ဆန္ဒပြပွဲတွေကနေ အကြမ်းဖက်မှုတွေအဖြစ် တိုးမြှင့် ဖြစ်လာနေတယ်လို့ သိရပါတယ်။

လစ်ဗျားမြို့တော် ထရီပိုလီက မျက်မြင်တွေ အပြောအရ မြို့တော် အချို့နေရာတွေကို ရဟတ်ယာဉ်တွေ၊ စစ်လေယာဉ်တွေပေါ်ကနေ တိုက်ခိုက်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ (ဗီအိုအေ) Click Here

လစ်ဗျား ဆန္ဒပြပွဲအတွင်း အစိုးရ အဆောက်အဦးတချို့ မီးရှို့ခံရ ။ ။ လစ်ဗျားနိုင်ငံမှာ သမ္မတ မိုမာ ကဒါဖီ (Moammar Gadhafi) အပေါ် ဆန့်ကျင် ဆန္ဒပြမှုတွေ တိုးမြင့်လာနေတာနဲ့အတူ လုံခြုံရေးတွေ၊ အစိုးရ လိုလားသူတွေနဲ့ ဆန္ဒပြသူတွေကြားမှာ အဓိကရုဏ်း ဖြစ်ပွားပြီး အစိုးရ အဆောက်အဦးတချို့လည်း မီးလောင်ကျွမ်းခဲ့တယ်လို့ ထရီပိုလီမြို့တော်က မျက်မြင်တွေက ပြောပြပါတယ်။

တနင်္လာနေ့မှာတော့ နိုင်ငံရဲ့ ပါလီမန် အဆောက်အဦးနဲ့ အဆင့်တူတဲ့ ပြည်သူ့ခန်းမ အပါအ၀င် အစိုးရ အဆောက်အဦး တော်တော်များများ မီးလောင်ကျွမ်းခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ (ဗီအိုအေ) Click Here

ကဒါဖီ မပြေးဘူး ။ ။ ဗိုလ်မှူးကြီး ကဒါဖီ တယောက် ဗင်နီဇွဲလားနိုင်ငံကို ထွက်ပြေးသွားပြီ ဆိုတာကို လစ်ဗျား လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက ငြင်းပယ်ခဲ့ပါတယ်။ မစ္စတာ ကဒါဖီဟာ ရုပ်မြင်သံကြား ပေါ်မှာ ရုတ်တရက် ပေါ်လာပြီး သူ ထရစ်ပိုလီမြို့မှာ ရှိနေကြောင်းနဲ့ ဗင်နီဇွဲလားကို ထွက်ပြေးသွားပြီ ဆိုတာ ကောလဟာလ သတင်းဖြစ်တယ်လို့ ဆိုပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေက အစိုးရဆန့်ကျင်ရေး အဖွဲ့တွေကို ရှင်းလင်းပစ်နေပြီလို့ သူတို့ကိုယ်သူတို့ ယာယီလုံခြုံရေး ကော်မတီလို့ ပြောနေတဲ့ အဖွဲ့က ပြောပါတယ်။ (ဘီဘီစီ) Click Here

လစ်ဗျား လေတပ် အာဏာရှင်အမိန့်ကို ငြင်းဆန် ။ ။ တနလာင်္နေ့မှာ လစ်ဗျားလေတပ်မတော်က လေတပ်ပိုင်းလော့ အရာရှိနှစ်ဦးဟာ ဂျက်တိုက်လေယာဉ်နှစ်စင်းကို မော်လ် တာ နိုင်ငံသို့မောင်းနှင်ပြီး၊ တပ်မတော်ကို စွန့်ခွာလာခဲ့ကြပါတယ်။ ဆန္ဒပြသူများကို ဗုံးကြဲတိုက်ခိုက်ဖို့ အမိန့်ပေးခံရတဲ့အ တွက် အခုလို စွန့်ခွာလာခဲ့တာဖြစ်ကြောင်း မော်လ်တာအာဏာပိုင်များကို သူတို့နှစ်ဦးက ပြောကြားခဲ့တယ်လို့ အစိုးရတာ ၀န်ရှိသူများက ပြောကြပါတယ်။ (နေ့သစ်) Click Here

လစ်ဗျား စစ်တပ်နှစ်ခြမ်းကွဲပြီး လူထုဘက်ရပ်၊ ကဒါဖီ ရဲ့သားမှ မှားပါတယ်ဟု ၀န်ခံ ။ ။ မွမ်မာ ကဒါဖီရဲ့ သား ဆေးဖ် အယ်လ် အစ္စလာမ် က အစိုးရ ရုပ်သံကနေ ဆန္ဒပြသူများဘက် ပါသွားတဲ့ စစ်တပ်များကို အပစ်တင် ပြောဆိုခဲ့သည်။ ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တဲ့ ရဲတွေကို အသေချာ ထရိန်နင် ပေးထားမှု မရှိတဲ့အတွက် အမှားများစွာလုပ်ခဲ့ကြောင်း ၀န်ခံပြီး “တိုင်းပြည်မှာ ဒီမိုကရေစီနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ အချိန်ကြပါပြီ” ဟု ပြောဆိုခဲ့သည်။ သူ မိန့်ခွန်း ပြောနေစဉ် ထရီပိုလီ မြို့တော် လမ်းမများပေါ် လူအများထွက် ဆန္ဒပြကြသည်။ (မောက္ခ) Click Here

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved