နေအဖွဲ့အစည်းသစ် တွေ့ရှိ

Monday, February 7, 2011


အမေရိကန် အကာသ စူးစမ်းလေ့လာရေး နာဆာအဖွဲ့က လွန်ခဲ့သောနှစ် ၂၀၁၀ ဒီဇင်ဘာလတွင် နေအဖွဲ့စည်းသစ်တွေ့ရှိချက်ကို ယခုနှစ်တွင် အတည်ပြု ထုတ်ဖော်လိုက်သည်။

အလွန်အားကောင်းသော အလင်းနှစ်အား၂၀၀၀ ရှိ နက္ခတ်ကြည့်မှန်ပြောင်း ကပ်ပလာ (kepler) ဖြင့် ကမ္ဘာ့မြေပြင်မှ အလွန်ဝေးကွာသော အကာသဟင်းလင်းပြင်တွင် အံ့ဩဖွယ်ရာ နေအဖွဲ့အစည်းသစ်တခုကို တွေ့ရှိရကြောင်း သိရသည်။

ထိုနေအဖွဲ့အစည်းသစ်သည် နေကို ဗဟိုပြု၍ လည်ပတ်နေသော ဂြိုလ် ၆ ခု နှင့် အဝါရောင်ရှိသော ဂြိုလ်ရံငယ်တခု အပါဝင်နေကြောင်း၊ မည်သို့ တည်ရှိနေသည်ကို မသိရကြောင်း ဆိုသည်။

နာဆာသိပ္ပံပညာရှင် Jack Lissauer က “အရင်တုန်းက နေအဖွဲ့အစည်းဆိုတာ ကျနော်တို့ ကမ္ဘာကလွဲလို့ မရှိသေးဘူးလို့ ယူဆကြတယ်။ အခုတော့ အံ့ဩဖွယ်ကောင်းအောင် ကျနော်တို့ နေအဖွဲ့အစည်းနဲ့ အလားသဏ္ဌာန်တူတဲ့ နေအဖွဲ့အစည်းရှိနေတဲ့ အချက်ဆိုတာပါပဲ။ ဂြိုလ်အားလုံးရဲ့ အရွယ်အစားကတော့ ကမ္ဘာရဲ့ ထုထည်အရွယ်အစားနဲ့ သိပ်မကွာဘူးလို့လည်း သိရပြီး ပျမ်းမျှအရွယ်ကတော့ ယူးရေးနစ်ဂြိုလ်နဲ့ နက်ပကျွန်းဂြိုလ်တို့နှင့် အများဆုံးတူနိုင်တယ်” ဟု ထုတ်ဖော်သွားပါသည်။

ဝင်းလက်

11 comments :

  1. Unknown said... :

    ကျွန်တော်တို့ မြတ်ဘုရားရှင် ဟောကြားထားပြီးသားရှိပါတယ်ဗျာ... စင်္ကြ၀ဠာပေါင်း များစွာပါဗျာ... မင်ကွန်းဆရာတော်ဘုရားကြီးရဲ့ ဘာသြာ့ပန် မှာလည်းပါပါတယ်ဗျာ...နှစ်ပေါင်း ၂၅၀၀ ကျော်ကတဲက မြတ်ဘုရားရှင်ရဲ့ စကားတော်တွေပါဗျ...

  1. Anonymous said... :

    ဟုတ်ပဗျာ .......။ သူတို့ခမျာ ခုမှ သိရှာတာပါလား .....။

  1. Kz said... :

    yes very sure! Now only they know about that and amazing for that. Actually, our Buddha already let us know there got many(infinity) universe and many(infinity) life form(creature/human). not only our universe and us.

  1. KTO said... :

    စကြာဝဠာ အနန္တ ၊ သတ္တ၀ါ အနန္တ ပေါ့ ခင်ဗျား။ အနန္တ ဆိုတာ ဘယ်လိုမှ ရေတွက်လို့မရနိုင်တဲ့ ကိန်းဂဏန်းတစ်ခုလို့တော့ နားလည်ပါတယ်။

  1. Anonymous said... :

    နှစ်ပေါင်း၂၅၀၀ ကျော်ကတဲက အာချောင်ရုံသက်သက် ခုလိုဓါတ်ပုံ လေနဲ့ သက်သေပြခဲ့ကောင်းသား :)

  1. myo thant said... :

    May I request one thing about the comment.Please read properly.a Above the post by anonymous. I though that's not a comment.Whose responsible for that comment?Please try to safe for everybody.

  1. myo thant said... :

    No-5 comment by Anonymous.What did he(or)she mean?

  1. Anonymous said... :

    Hi Mr Kz
    Can u tell Which book Buddha said about that, which paragraph, When did he said,what year,
    Where did he said.What language He used.Who did he said to.Who was recorded.what literature they used in record.

  1. Nemo said... :

    "အလွန်အားကောင်းသော အလင်းနှစ်အား၂၀၀၀ ရှိ နက္ခတ်ကြည့်မှန်ပြောင်း" ဆိုတာမှားနေပါတယ်။ အလင်းနှစ်ဆိုတာ မှန်ပြောင်းအားကို တိုင်းတာမဟုတ်ပါဘူး။ အကွာအဝေးကိုတိုင်းတာပါ။ အလင်းဟာ တစ်စက္ကန့်ကို ၁ သိန်းရှစ်သောင်း ခြောက်ထောင်မိုင်သွားလို့ရပါတယ်။ အဲဒီအမြန်နှုန်းနဲ့သွားရင် တောင် နှစ်ပေါင်း ၂၀၀၀ မှာအဲဒီ နေအဖွဲ့အစည်းရှိတဲ့ဆီကိုရောက်မှာပါ။ အဲဒါကိုပြောတာပါ။အဲလောက်ဝေးတယ်လို့ပြောတာပါ။ တစ်နည်းအားဖြင့်ပြောရင် အခုသူတို့တွေ့ရတဲ့ ပုံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကပုံကို မှန်ပြောင်းမှာတွေ့ရတာပါ။ ဘာလို့လဲဆိုတော့ မှန်ပြောင်းမှာမြင်ရတယ်ဆိုတာ အဲဒီကလာတဲ့အလင်းကိုပဲမြင်ရတာပါ။ အလင်းထက်မြန်အောင် ဘယ် အရာမှ မသွားနိုင်သေးပါဘူး။ ဘာသာပြန်သူအနေနဲ့ သေချာလေ့လာစေချင်ပါတယ်။

  1. Unknown said... :

    Comment no(2)(5)&(8)by Anonymous.Please read your-self again. What's wrong?

  1. Anonymous said... :

    ချင်ဗျားတို့အားလုံးရှာပြီးတင်ပေးတဲ့သူကိုကျေးဇူးတင်ကြောင်းတစ်ခွန်းမှမပြောပဲးကိုယ်ထင်မြင်ချက်တွေပဲးကိုစွတ်ရေးနေတာ ဒါခင်များတို့ Comment ဖတ်တဲ့ blog မဟုတ်ဘူးဗျ သတင်းဖတ်တဲ့ blog

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved