“ကျမကို လာတွေ့တဲ့ နိုင်ငံခြားသားတွေ၊ ပြီးတော့ ပြည်တွင်း ပြည်ပက မြန်မာပြည်သားတွေလည်း ပြောကြပါတယ်။ ကျမ လုပ်ရပ်အတွက် အရမ်းကို ဂုဏ်ယူပါတယ်တဲ့။ ကျမလည်း ဒီလို အပြောခံရတာကို ဂုဏ်ယူပါတယ်။ ဒါပေမယ့် ဂုဏ်ယူနေကြရုံနဲ့ ပြီးမတဲ့လား။ ဒီ အကာကွယ်မဲ့ လူသားတွေကိုရော ဘယ်လို ကူညီကြမလဲ ဆိုတာလေး စဉ်းစားပေးကြပါ။ဒါကြောင့် ဂုဏ်ယူကြတယ်၊ ဒီထက်မက ဂုဏ်ယူချင်တယ်ဆိုရင် အထိရောက်ဆုံး ၀ိုင်းဝန်းကူညီကြတာဟာ အကောင်းဆုံးပါလို့ ကျမ တိုက်တွန်းချင်ပါတယ်။”
HIV/AIDS လူနာတွေကို ကိုယ်တိုင်ကိုယ်ကျ ကူညီစောင့်ရှောက်နေတဲ့ မဖြူဖြူသင်းရဲ့ ဖွင့်ဟဝန်ခံချက်တွေပါ။ မဖတ်ဖြစ်သေးသူများ ဖတ်ကြည်ကြဖို့ လက်တို့လိုက်ပါတယ်။ ဂုဏ်ယူတယ်ဆို ကူကြပါ တဲ့။
0 comments :
Post a Comment