၈၈ မျိုးဆက်တွေကတော့ အနှစ် ၂၀ တေးကိုပဲ ကြိုက်ကြမယ့်သူတွေ များမယ် ထင်ပါတယ်။
KabarMaKyayBu BlondExpress Mix -Rahul 3rdFeb by thargyi
အပေါ်ကပြောတာ အမှန်ပဲ..ကိုယ်လဲ ၈၈မျိုးဆက် hip hop/rap/techno နားထောင်တဲ့သူပါ..ဒီသီချင်းက ထကဖို့လုပ်ထားတဲ့ သီချင်းမဟုတ်ပါဘူး.
စာသားတွေက နားကျည်းမှု့နဲ့တိုင်တည်တဲ့ သီချင်းပါ..
ဖန်တီးတဲ့လူငယ်တွေကိုပြောပြချင်တာက ဖန်တီးမှု့တိုင်း အသစ်မမြည်ပါ..
reference လုပ်တာနဲ့ create လုပ်တာ တခြားစီဆိုတာသိစေချင်ပါတယ်..
ဖျက်စီးချင်တဲ့ ဆန္ဒနဲ့ဆိုရင်တော့ လက်ခလယ်ထောင်လိုက်ပါတယ်.
မြစ်မင်းဧရာဝတီဟာချောင်းငယ်လေးတခုဖြစ်သွားသလိုခံစားရပါသည်ခင်ဗျာ
မူရင်းသီချင်းကို အဲလိုလုပ်လိုက်တာတော့ မကောင်းပါဘူး။ ခေတ်နောက်ကျတယ်လို့ပဲ ပြောမလား။ ဘယ်လိုမှ ခံစားလို့ကို မရဘူး။ တခုတော့ရှိတယ်။ အဲဒီတီးလုံးကို နတ်ကန္နားပွဲမှာ ကိုကြီးကျော် နဲ့ မနှဲလေးကို တွဲပြီး ဒိုးဒိုးဒန့်ဒန့် ကခိုင်းရင်တော့ တော်တော်ရယ်ရမယ်။
The original song is a copy of "Dust in the Wind". Should be own tune.
သတင်းမှာ ရေးထားသလိုပါပဲ ဒီသီချင်း နားထောင်ပြီးတော့ ထကရတော့ မလိုဖြစ်သွားတယ်ဗျာ.... ဘယ်သီချင်းတွေကို ဗားရှင်း အသစ် ပြောင်းပြောင်း ဒီလို သမိုင်းဝင် သမိုင်းကို ပုံဖော်ပြတဲ့ သီချင်းကို တော့ လက်မဆော့သင့်ပါဘူး....ဒါတောင် ၈၈ခုနှစ်တုန်းက ကျွန်တော့် အသက် ၄နှစ်ပဲ ရှိပါသေးတယ်...တကယ်ပါဝင် ဖြတ်သန်းခဲ့တဲ့ သူတွေဆို ဒီသီချင်းကို ဒီလိုမျိုး ပြောင်းလဲ လိုက်တာကို လက်ခံနိုင်မှာ မဟုတ်ပါဘူး...မူရင်း သီချင်းက အနှစ်သာရ ပြည့်သလို ခံစားချက်ကိုလဲ ဖော်ကြူးနိုင်ပါတယ်