ဈေးချိုပြီး အရွယ်ငယ်တဲ့ iPhone တွေထုတ်တော့မယ်

Tuesday, February 15, 2011

An Apple Inc. iPhone 4
sits on top of iPhone boxes.
Photographer:
George Frey/Bloomberg
Smartphones လောကမှာ Google ကထုတ်လုပ်လိုက်တဲ့ Android OS သုံး ဖုန်းတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတဲ့အခါ APPLE ကလည်း သူ၏ ဈေးကွက် မကျဆင်းအောင် အရွယ်သေးပြီး ဈေးနှုန်းချိုသာတဲ့ iPhone များကိုထုတ်လုပ်ပါတော့မယ်။
ဒီနှစ် အလယ်ပိုင်းလောက် ဈေးကွက်ထဲ စတင်ဖြန့်ဖြူးမယ်လို ကြားသိရပါတယ် အတိအကျတော့ မသိရသေးပါဘူး။

APPLE ရဲ့  အဓိက ရည်ရွယ်ချက်ကတော့ ဈေးကွက်တွင်း ရှိနေတဲ့ Android OS သုံး SmartPhones များရဲ့  ဈေးနှုန်းချိုသာမူကို ပြိုင်ဆိုင်မှာဖြစ်ပါတယ်။


အရွယ်အစားကတော့ ယခုလက်ရှိ iPone 4 ထက် တဝက် ငယ်မယ်လို့ နမူနာပုံစံ (prototype) မှာတွေ့ရပါတယ်။

Photo-illustration: Jed Egan

The Wall Street Journal ရဲ့  အဆိုအရ iPhone nano ဟာ တကယ်ကို ပေါ့ပါးမယ် edge-to-edge screen ဖြစ်မယ် voice-based navigation တွေ ပါလာမယ် လို့ပြောထားပါတယ်။

"mini" iPhone or iPhone Nano တွေက Dual-core processor တွေ ပါလာနိုင်ပြီး international GSM network (နိုင်ငံတကာ GSM ကွန်ရက်)တွေမှာပါ အသုံးပြုနိုင်အောင် စီစဉ်ထားမယ်လို့ သိရပါတယ်။

APPLE ရဲ့ နောက်ထပ် စိန်ခေါ်မူအသစ်တရပ်နှင့် ရင်ဆိုင်ရဖွယ် ရှိတာကတော့ Nokia နှင့် Microsoft Corp တို့ ပူးပေါင်းပြီး smartphone များကို ထုတ်လုပ်မယ့် ကိစ္စဟာလည်း တစ်ခု အပါအ၀င်ဖြစ်ပါသည်။

နယူးယောက် အခြေစိုက် Needham & Co ကုမ္မဏီ၏ လေ့လာဆန်းစစ်သူ Charlie Wolf ကတော့ "လက်ရှိ ကမ္ဘာ မိုဘိုင်းဖုန်းဈေးကွက်၏ ၂၅ ရာခိုင်နှုန်း iPhone ဈေးကွက်ကို ဆက်လက်ထိုးဖောက်မည့် အစား ၁၀၀ ရာခိုင်နှုန်းလုံး ကို သိမ်းပိုက်သင့်တယ်" လို့ပြောပြထားပါတယ်။

1 comments :

  1. Anonymous said... :

    ပန်းသီးထက်ဈေးချိုတာဆိုမရမ်းသီးတို့ဂွေးသီးတို့ထုတ်ဖို့အကြံပြုလိုက်ပါလား
    ဧရာဝတီရဲ့.............

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved