8 Days ဂျာနယ် သတင်းထောက်တစ်ဦး ထိန်းသိမ်းခံရ

Sunday, March 13, 2011

ရန်ကုန်၊ မတ် ၁၀။

အင်းစိန်မြို့နယ်တွင် ဖေဖော်ဝါရီင်္လ ၂၇ရက်(တနင်္ဂနွေနေ့) ညပိုင်းက ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ် နေသည် ဟုဆိုကာ 8 Days ဂျာနယ်မှ သတင်းထောက်တစ်ဦး အထိန်းသိမ်းခံခဲ့ရကြောင်း ၎င်းဂျာနယ် အသိုင်းအဝိုင်းမှ သိရှိရသည်။

ထိန်းသိမ်းခံရသူမှာ စောမြင့်အောင် အမည်ဖြင့် 8 Days ဂျာနယ်တွင် ရေးသားနေကြောင်း၊ သို့သော် ပင်တိုင်ရေးသူ မဟုတ်ကြောင်း၊ ဗုံးဖောက်ခွဲသည်ဟု မသင်္ကာသူ ဇော်မင်းသန်းနှင့် အဆက်အသွယ်ရှိကြောင်း သတင်းများကဆို သည်။ 8 Days ဂျာနယ်သည် ရန်ကုန် မီဒီယာဂရုပ်မှ ထုတ်ဝေသော ထင်ရှားသည့် ပေါ့ပ်ဂျာနယ်တစ်စောင်ဖြစ်သည်။

ဇော်မင်းသန်းနှင့် အဆက်အသွယ် ရှိသောသူများကို လိုက်လံ စစ်ဆေးလျှက်ရှိရာ အချို့မှာမူ ထိန်းသိမ်းခံထားရ ကြောင်း၊ အထူးသဖြင့် ၎င်း၏ အဆက်အသွယ်များမှာ အလုံမြို့နယ်၊ အင်းစိန်မြို့နယ်တွင် ရှိနေကြောင်း၊ ထင်ရှားသည့် အီလက်ထရောနစ် သင်တန်းဆရာတစ်ဦးဖြစ်သူ ဦးနေလင်းသည်လည်း စစ်ဆေးခံရကြောင်း၊ ထိုကိစ္စနှင့်ပါတ်သက်၍ ဖမ်းဆီး ထိန်းသိမ်းခံရသူ ၁၀ဦး ထက်မနည်း ရှိနေပြီး အများစုမှာ လျှို့ဝှက် ထိမ်းသိမ်းခံရခြင်းဖြစ်ကြောင်း ထောက်လှမ်းရေး သတင်းရပ်ကွက်များနှင့် နီးစပ်သူများထံမှ စုံစမ်း သိရှိရသည်။

နိုင်ငံသားများကို ဖမ်းဆီးစစ်ဆေးမှုသည် ဥပဒေနှင့်အညီသာ ဖြစ်သင့်ကြောင်း၊ လုံခြုံရေးအရ ပြုလုပ်ရသည်ဟု ဆိုသော်လည်း နိုင်ငံသား အခွင့်အရေးများကို လေးစားသင့်ကြောင်း၊ ဖမ်းဆီး စစ်ဆေးမှုများနှင့်အတူ ပြစ်မှု ထင်ရှားပါက လည်း ပွင့်လင်းမြင်သာသော တရားစီရင်ရေးဖြင့်သာ စစ်ဆေး စီရင်သင့်ကြောင်း၊ အစိုးရ အနေဖြင့် တရားစီရင်ရေးအပေါ် လေးစားမှု ရှိမှသာ ပြည်သူများ၏ ယုံကြည် ကိုးစားမှုကို ရရှိမည်ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

ဗုံးပေါက်ကွဲမှုအပြီး လုံခြုံရေး တင်းကျပ်ခဲ့ရာ အချို့သော လုံခြုံရေး တာဝန်ရှိသူများ၏ လုပ်ဆောင်မှုများမှာ မင်းမဲ့ စရိုက်ဆန်ကြောင်း၊ အစိုးရ အနေဖြင့် ပြည်သူများ၏ ယုံကြည် ကိုးစားမှုကို ရရှိအောင် လုပ်ဆောင်ရာတွင် အဓမ္မနည်းဖြင့် လုပ်ဆောင်၍ မရကြောင်း ၄င်းတို့က ထပ်လောင်းပြောကြားသည်။

The CJs News (ရန်ကုန်ခရိုနီကယ်မှာ ၁၂-၃-၂၀၁၁ရက်က ဖော်ပြထားတဲ့ သတင်းပါ။)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved