ABSDF နဲ့  အဆိုတော် ၂ ယောက်

Thursday, March 17, 2011

သီရိညွန့်၊ မွန်းအောင်

တချိန်က မြန်မာပြည်မှာ နာမည်ကျော်တဲ့ အဆိုတော် ၂ ဦး။ မွန်းအောင်က ပိုပြီး ထင်ရှားတယ်။ သူတို့ ၂ ယောက် ရန်ကုန်မှာ ဆုံချင်မှ ဆုံဖူးလိမ့်မယ်။
၁၉၈၈ ဒီမိုကရေစီအရေး လှုပ်ရှားမှုနောက်ပိုင်းပေါ်လာတဲ့ ABSDF မှာ ဆုံဖြစ်ကြတယ်။  ထိုင်းမြန်မာနယ်စပ်မှာပေါ့။ အခုတော့ မွန်းအောင်က နော်ဝေးနိုင်ငံမှာ နေတယ်။
သီရိညွန့်က အမေရိကန်နိုင်ငံ။
သီရိညွန့်က သူ့အတွေ့အကြုံတွေကို ကယ်လီဖိုးနီးယားအခြေစိုက် မန္တလေးဂေဇက် မှာ ရေးတတ်တယ်။ အခုထိ ရေးနေတုန်းပဲ။ နယ်စပ်အတွေ့အကြုံတွေ။


အဆိုတော်မွန်းအောင်နဲ့ ကျနော် ဆုံဖူးတယ်။ မဲဆောက်မှာပါ။ ၂၀၀၀ နှစ်ကုန်ပိုင်း။ သူ့မိတ်ဆွေဟောင်းတွေနဲ့ သူနဲ့ ဘုရားသုံးဆူဒေသ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောတဲ့ စကားဝိုင်းမှာ။ နားထောင်လို့တော့ ကောင်းနေတာပဲ။ ဒါပေမယ့် သူကတော့ စာမရေးဖြစ်ဘူး(ထင်တယ်)။ စာနယ်ဇင်းတွေနဲ့ အဆက်အသွယ် မလုပ်မိတာကြောင့်လည်း ဖြစ်နိုင်တယ်။ မြန်မာစာနဲ့ စာစီစာရိုက် မလုပ်ဖြစ်တာလည်း ပါပါလိမ့်မယ်။ (ပြည်ပမီဒီယာမှာ ရေးနေကြသူ လူငယ်၊ လူလတ် အားလုံးလိုလိုက ကွန်ပျူတာသုံးပြီး စာရေးနေကြပါပြီ။ လူကြီးပိုင်းထဲကဆိုရင် ဒါရိုက်တာဝင်းဖေက ကွန်ပျူတာနဲ့ ရေးတယ်လို့ ကြားဖူးတယ်။)

ဒီပုံအကြောင်း ကိုအေးမင်း ဘလော့
http://burmeserebel.blogspot.com/2009/02/ko-thiri-nyunt-moon-aung.html မှာ အခုလို ရေးထားတယ်။

Ko Thiri and Moon Aung, both are famous singers of our time. Both are proud members of ABSDF 102. This picture was taken at in Manerplaw Headquarter (1991). Ko Moon Aung resettles in Norway and Ko Thiri resettles in the US. He is currently working as a Computer Software Engineer, after graduated from California State University with BSEE degree (Bachelor of Science in Electrical Engineering).

6 comments :

  1. Anonymous said... :

    သူတို့နှစ်ယောက်က နံမည်ကြီးတွေမို့ပါ။ ဒို့ ၁၀၂ မှ ရွက်ပုံးသီးတွေ အများကြီး ..ဥပမာ ဧရာဝတီအယ်ဒီတာမင်းဖြစ်နေတဲ့ ကိုရဲနည်လိုလူမျိုးတွေပေါ့.. မြှောက်ပေးသူတဦး

  1. Anonymous said... :

    ဒီစာရဲ့ ဆိုလိုချင်တဲ့ အဓိပ္ပါယ်က ဘာပါလဲ။ ABSDF မှာ ဒီလို အဆိုတော်တွေ နေသွားဖူးတယ်ဆိုတာကို ပြောချင်တာလား။ အဆိုတော်မွန်းအောင်နဲ့ ကျနော်နဲ့ မဲဆောက်မှာတွေ့ဖူးတယ်ဆိုတာကို ပြောပြချင်တာလား။ သီရီညွှန့်စာရေးနေတာကို ညွှန်းချင်တာလား။ ဘာလား ? ဘာလား? ဘာလဲ? ဘာလဲ?

  1. Anonymous said... :

    ကျနော်ထင်တာတော့ တင်စရာပို့စ်မရှိတော့လို့ဖြစ်မှာပါ။

  1. Anonymous said... :

    ကိုမွန်းအောင်ရဲ့ ..လူငယ်ခြေကျ သီချင်း ဘယ်ဆိုက်မှာ ဒေါင်းလုပ်
    ဆွဲလို့ ရနိုင်မလဲဗျ...သိတဲ့သူများ ဖြေပေးပါ..

  1. Anonymous said... :

    သတင်းဖြစ်ရင်ပြီးတာပဲ...ဆိုပြီးတင်ထားတာတော့မဟုတ်လောက်ပါဘူး။

  1. MR LEE KAI SAM said... :

    ABCDEFG ဘာလဲဘယ်လဲ..ဒီလိုပဲလျောက်ေ၇း..ဝေးဟေးဟေး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved