ဂစ်တာတီးတဲ့ ကျောင်းအုပ်ကြီး

Wednesday, March 9, 2011

ဂစ်တာတီးရင်း သီချင်းဆိုနေတဲ့ ကျောင်းအုပ်ကြီး ကိုဝင်းချို

...... သီချင်းတပုဒ်ဆိုပြီးတိုင်း ဘေးက စားပွဲပေါ်မှာ တင်ထားတဲ့ ရေပုလင်းထဲက ရေကို သောက်လိုက်၊ ပြီးရင် သီချင်းပြန်ဆိုလိုက်နဲ့ ကိုဝင်းချိုရဲ့ လှုပ်ရှားမှုကို တွေ့ရပါတယ်။

ကိုဝင်းချိုဟာ သူရဲ့သီဆိုဖျော်ဖြေမှု တွေအတွက် ဆိုင်တဆိုင်ကနေ တလကို ထိုင်းဘတ် ၄၀၀၀ (ကျပ် ၁၂၀၀၀၀ ကျော်) စီ ရပြီး အဲဒီငွေတွေကို သူ့ကိုယ်ကျိုးအတွက် အသုံးမချဘဲ မဲဆောက်ရောက်နေကြတဲ့ မြန်မာ အလုပ်သမားတွေရဲ့ ကလေးတွေကို စာသင် ပေးနိုင်ရေးအတွက် သုံးတယ်လို့ သိရပါတယ်။ သူကိုယ်တိုင်လည်း ကလေးတွေကို စာသင်ပေးနေသူ ဖြစ်ပါတယ်။

စားသောက်ဆိုင် တဆိုင်မှာ တညကို ၁ နာရီ သီချင်း ၁၅ ပုဒ်လောက် ဆိုပြီး ဆိုင် ၂ ဆိုင်မှာ အချိန်ပိုင်း ဆိုပေးတယ်လို့ ကိုဝင်းချိုက ပြောပြပါတယ်။

ညပိုင်းမှာ သီချင်းဆိုပြီး နေ့ခင်းဘက်မှာ ကလေးတွေကို စာသင်တာပါ။ ညအိပ်ချိန်ကလွဲလို့ ကျန်တဲ့ သူ့ရဲ့အချိန်တွေ အားလုံးကို ဂီတနဲ့ ကလေးတွေအတွက် နားရက်မရှိ မြှုပ်နှံထားပါတယ် ............ ဂစ်တာတီးတဲ့ ကျောင်းအုပ်ကြီးအကြောင်း ဒီမှာ ဖတ်ရှုနိုင်ပါပြီ။

1 comments :

  1. ---- said... :

    ကိုဝင်းချိုကိုအပြင်မှာ မတွေ့ဘူးပေမဲ့ လွန်ခဲ့တဲ့ ၁၀-နှစ်ကျော်ကတည်းက သူ့နာမည်ကိုကြားဖူးတယ်။ အခု ခင်ဦးသာရေးတဲ့ဆောင်းပါးလေးကို ဖတ်တော့မိတော့မှ လွန်ခဲ့တဲ့ ၁၀-နှစ်လောက်က ကြားဘူးခဲ့တဲ့ သူ့ရဲ့ ဂုဏ်သတင်းကို ထပ်လောင်းအတည်ပြုပေးသလိုပဲ။ လေးစားပါတယ် ကိုဝင်းချို...။ အားပေးနေတယ်။

    ဘုန်းကျော်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved