ရယ်စရာ ပဟေဠိ အမှတ် ဝဝ၅ အဖြေများ

Friday, March 18, 2011

မြန်မာ့နိုင်ငံရေး (photo by de.academic.ru)

အကြားအမြင် ဆရာမ တယောက်က ပြောတယ် - ၀ါဆို ၀ါခေါင် မရောက်ခင် နိုင်ငံရေးသမားတချို့ သတ်သေကြလိမ့်မယ် တဲ့။
ဟုတ်ပါတယ် မြန်မာပြည်မှာပါ။


မေးခွန်း ၁ - သတ်သေမယ့်သူတွေဟာ ဘယ်သူတွေဖြစ်နိုင်သလဲ။ ဘာကြောင့်လဲ။

သဲလွန်စ - သဲလွန်စ မရှိ
အဖြေ - ဒီမိုကရေစီကို လမ်းပြမြေပုံလွှတ်တော်ကနေ ယူမယ်၊ ပူးသတ်မယ် လို့ ကြွေးကြော်ထားသူတွေပါ။ ဘာကြောင့် သတ်သေချင်စိတ်ပေါက်လာသလဲ ဆိုတော့ အားလုံးကောင်းပါသည်ခင်ဗျား ဆိုတဲ့ လွှတ်တော်ကြီးမှာ ဓာတ်ပြားဟောင်းတွေ အကြိမ်ကြိမ် ဖွင့်ပြနေလို့ပါ တဲ့။

------------------------------------------

ဒီနှစ် ဧပြီလ ၃၁ ရက်နေ့မှာ အနောက်နိုင်ငံတွေအားလုံးက တညီတညွတ်တည်း ဆုံးဖြတ်ချက် ချကြလိမ့်မယ်။ စီးပွားရေးပိတ်ဆို့တာ ရုပ်သိမ်းလိုက်ပါပြီ ဆိုတဲ့ ဆုံးဖြတ်ချက်ပေါ့။

မေးခွန်း ၂ - ဗိုလ်ချုပ်ကြီးအေးချမ်းသာယာရေးတို့ ဘယ်လို တုံ့ပြန်မယ်လို့ ထင်သလဲ။
သဲလွန်စ - သေပြီဆရာ
အဖြေ - တညီတညွတ်တည်း "သေပြီဆရာ" လို့ အော်ကြပါလိမ့်မယ်။ ပိတ်ဆို့မှု ပြန်လုပ်ဖို့ တောင်းပန်လိမ့်မယ်။
"ကဏ္ဍစုံ ချွတ်ခြုံကျပြီး နိုင်ငံ စီးပွားပျက်ရတာ ဘာကြောင့်လဲ မေးရင် ကျနော်မျိုးကြီးတို့ ဖြေရခက်လိမ့်မယ်။ ဒါကြောင့် ပိတ်ဆို့မှု ပြန်လုပ်ကြပါအုံး အရပ်ကတို့" လို့ ငိုပြမှာ ဖြစ်ပါတယ်။







2 comments :

  1. Anonymous said... :

    နံပတ် ၁ အဖြေကိုသဘောမတူပါ လုံးဝ မတူပါ
    သူတို့  ပျော်၇ွှင်နေပါတယ်

    နံပတ် ၂ အဖြေကိုတော့ သဘောတူပါတယ်

  1. Anonymous said... :

    ဟုတ်ပါတယ်။ လွတ်တော်ထဲရောက်နေတဲ့အမတ်တွေက အဆင်ပြေနေကြပါတယ်။ ဒါတောင်မှ လွတ်တော်အမတ်လစာနည်းလို့ဆိုပြီး တချို့ကညည်းကြပါသေးတယ်။ နောက်တခုကတော့ လွတ်တော်ထဲရောက်နေတဲ့အမတ်များက ကြံ့ဖွတ်ချီးစားပြီး ကြံ့ဖွတ်ပြောသမျှကို လက်ညိုးထောင် ခေါင်းငြိမ့်လုပ်ရသည့်ဘ၀မှာ ပျော်ရွှင်နေကြကြောင်း သတင်းရရှိပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved