ဂျပန်မှာ သေဆုံးသူ သောင်းနဲ့ ချီနိုင်

Monday, March 14, 2011

ဆူနာမီရိုက်ခတ်မှုကြောင့် သူ့ရဲ့နေအိမ် အမိုးပေါ်မှာ တင်ပြီး ပင်လယ်ထဲ ၁၀ မိုင်လောက် မျှောသွားတဲ့ ဟီရိုမုဆု ရှင်ကာဝါ ကို ကယ်ဆယ်ရေးသမားများက တွေ့ရှိချိန် (ဓာတ်ပုံ - AP)

ဂျပန်မှာ ငလျင်၊ နောက်ဆက်တွဲ ဆူနာမီကြောင့် စုစုပေါင်း သေဆုံးသူ သောင်းနဲ့ချီ ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ လူ ၅ သိန်းလောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပြီး ခိုလှုံစရာတွေ စီစဉ်ပေးထားပါတယ်။

အပြင်ထန်ဆုံး ထိခိုက်တဲ့ ဒေသသုံးခုထဲကအနက် တခုဖြစ်တဲ့ မီယာဂီဒေသမှာ သေဆုံးသူ အနည်းဆုံး ၁ သောင်းလောက်ရှိမယ်လို့ ရဲဌာနက ပြောခွင့်ရပုဂ္ဂိုလ်က အေပီသတင်းဌာနကို ပြောထားပါတယ်။ ဒါပေမယ့် လူဦးရေ ၂.၃ သန်းရှိတဲ့ အဲဒီဒေသမှာ သေဆုံးသူ ၄၀၀ လောက်ကိုပဲ လောလောဆယ် အတည်ပြုနိုင်ပါသေးတယ်။

မနေ့ကတော့ ကမ်းရုံးတမ်းတလျှောက်မှာ သေဆုံးနေသူ ၂၀၀ အပါအဝင် သေဆုံးသူ ၈၀၀ လောက်ကို တွေ့ရှိရပြီး ဒဏ်ရာရသူ ၁၉၀၀၊ ပျောက်ဆုံးနေသူ ၁၄၀၀ လောက်ရှိပါတယ်။

ငလျင်နဲ့ ဆူနာမီကျရောက်ရာ ဒေသကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရသူ ၅ သိန်းကျော်ရှိကြောင်း ကျိုဒို သတင်းဌာနက ဖော်ပြထားပါတယ်။ မိသားစု ၁.၄ သန်းလောက်ဟာ ငလျင်စလှုပ်ကတည်းက ရေပြတ်လပ်နေပြီး မိသားစု ၁.၉ သန်းလောက်ဟာ လျှပ်စစ်မီး မရရှိကြတော့ဘူးလို့ ကျိုဒို သတင်းဌာနက ဆက်လက် ဖော်ပြထားပါတယ်။

ခက်ထန်
Ref: LA Times

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved