၂၀၁၁ ကမ္ဘာ့ကဗျာနေ့

Monday, March 21, 2011


ဒီနေ့ဟာ ကမ္ဘာ့ကဗျာနေ့ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ကနေ စတင်ပြီး ကမ္ဘာ့ကဗျာနေ့ကို မတ်လ ၂၁ ရက်နေ့တိုင်းမှာ ကျင်းပဖို့ UNESCO ကသတ်မှတ်ခဲ့ပါတယ်။ ဒီနေ့မှာ ကမ္ဘာအရပ်ရပ်က ကဗျာဆရာတွေနဲ့ ကဗျာမြတ်နိုးသူတွေဟာ ကဗျာတွေ ရွတ်ဆိုကြ၊ ကဗျာနဲ့ ပတ်သက်တဲ့ စာတမ်းတွေဖတ်ကြတယ်။ ကဗျာ့ကဝိတွေကို ဆုချီးမြှင့်ကြပါတယ်။ ကိုယ့်နိုင်ငံက ကဗျာတွေအကြောင်း၊ ကမ္ဘာ့ကဗျာတွေအကြောင်း၊ ကဗျာ့ယဉ်ကျေးမှု ရေစီးကြောင်း စတာတွေကို အဲဒီနေ့မှာ ဆွေးနွေးကြပါတယ်။ ကဗျာနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေကို လုပ်ကြပါတယ်။

မြန်မာနိုင်ငံမှာလည်း ကဗျာဆရာတချို့ ကမ္ဘာ့ကဗျာနေ့ကို ကျင်းပနေကြပါတယ်။ ကဗျာရွတ်ပွဲ၊ ကဗျာ သရုပ်ဖော်ပွဲ၊ စာတန်းဖတ်ပွဲတွေကို ရန်ကုန်ယုဒသန်ခန်းမမှာ ဒီနေ့လယ် ကျင်းပနေပါပြီ။ မြန်မာနိုင်ငံမှာ ကမ္ဘာ့ကဗျာနေ့ကို သီးသီးသန့်သန့်ကျင်းပတာ ၁၀ စုနှစ် တခုလောက်ပဲ ရှိပါသေးတယ်။

ဧရာဝတီ မြန်မာပိုင်း ဝက်ဘ်ဆိုက်မှာတော့ ကမ္ဘာ့ကဗျာနေ့နဲ့ ပတ်သက်လို့ အောက်မေ့ဖွယ်ကဏ္ဍမှာ ဧရာဝတီရဲ့ ပင်တိုင်ဆောင်းပါးရှင် ကဗျာဆရာငြိမ်းဝေက “လရောင်ဆမ်းတဲ့ သောင်ရင်းမြစ်ကမ်း ကဗျာရွတ်ပွဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ဆက်ထားပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved