ပေးစာ - အကူအညီပေးပါရန် မေတ္တာရပ်ခံခြင်း

Monday, March 28, 2011



ပြိုကျသွားသော ဘုရားကျောင်း

ကျနော်တို့ တာချီလိတ်နယ်အတွင်း ဖြစ်ပျက်တဲ့ ငလျှင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ဖြစ်ပျက်ပုံကို ပုံနှင့်တကွ တင်ပြပါသည်။ “ရန်ရှင်းရွာ” တွင် အိမ်ခြေ ၁၀ အိမ်လောက် ယိုင်ပြီးကွဲအက်သွားပါသည်။ မပြုပြင်လျှင် ဆက်နေလို့မရတော့ပါ။ ဒဏ်ရာရတဲ့လူ တဦးပဲရှိပါသည်။

ဒုတိယရွာ “ကျကူနီ” ရွာတွင် အိမ်ခြေ ပေါင်း ၁၄၅ အိမ်ရှိပြီး အားလုံး ပြိုလဲ ပျက်စီးသွားပါသည်။ ဘုရားကျောင်းတွင် လူပေါင်း ၅၀ ကျော် ၀တ်ပြုနေချိန်တွင် ဘုရားကျောင်းပြိုလဲရာ ၂၂ ဦး ပွဲချင်းပြီးသေဆုံးပြီး တရွာလုံးဒဏ်ရာရကြပါသည်။ ရွာအထဲမှာ လူတယောက်မျှ မနေကြတော့ပါ။ ရွာရဲ့အနီးအနားမှာပဲ တဲထိုးပြီး ယာယီနေထိုင်ကြပါသည်။ စားဖို့သောက်ဖို့၊ ဆေးဝါး၊ သောက်သုံးရေ အင်မတန် လိုအပ်နေပါသည်။ ကျကူနီရွာသည် ရပ်ဝေးတောင်ပေါ်ရွာဖြစ်သောကြောင့် မည်သူမျှသွားရောက်ပြီး မကူညီနိုင်သေးပါ။

တတိယသည် တာလေမြို့ဖြစ်ပြီး အိမ်တွေအားလုံးနီးပါး ပြိုလဲပျက်စီးသွားပါသည်။ ကားလမ်းပေါ်မှာလည်း နှစ်ခြမ်းကွဲအက်သွားပါသည်။ လူဦးရေ ၅၀ လောက် သေဆုံးပြီး တမြိုလုံးရှိ လူတွေ ဒဏ်ရာ အပြင်းအထန်ရရှိကာ ဆေးရုံတွင် ဆေးကုသနေကြပါသည်။ နောက်ထပ် မိုင်းလင်းတွင် အိမ်ခြေပေါင်း ၄၀ နီးပါး ပြိုလဲပျက်စီးသွားပါသည်။ တရွာလုံးက လူတွေ ဒဏ်ရာပြင်းထန်စွာ ရရှိပါသည်။ အယောက် ၃၀ နီးပါး သေဆုံးသွားပါသည်။ ပေသေလ ရွာတွင်လည်း အိမ်ခြေ ၁၂၀၊ အိမ် အားလုံး ပျက်စီးသွားပါသည်။

လတ်တလော အလိုအပ်ဆုံးမှာ သောက်သုံးရေများ၊ ဆေးဝါး ၊ရိက္ခာ အ၀တ်အထည်များ အင်မတန် လိုအပ်နေပါသည်။ လူကြီးမင်းတို့ထံ ဒုက္ခသည်များကိုယ်စား စာနာစိတ်နဲ့ တတ်နိုင်သမျှ ကူညီပေးပါရန် ကျနော်တို့ လေးစားစွာ တင်ပြအပ်ပါသည်။

ဦးယောဘ
 








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved