ကြောင်း သိရသည်။

x x x x x x x x x x x
ထပ်မံအတည်ပြုနိုင်တဲ့ သတင်းများအရ ငလျင်ကြောင့် မြန်မာပြည်ဘက်မှာ သေဆုံးသူ ၅၀ အထိ ရှိလာပြီလို့ သိရပါတယ်။ ဒဏ်ရာရသူက ၄၀ လောက် ရှိပါတယ်။
ကျိုင်းတုံမြို့၊ တာလေမြို့နယ်အတွင်းမှာရှိတဲ့ လားဟူ ခရစ်ယာန်ဘုရားကျောင်း ပြိုကျမှုကြောင့် ငလျင်ဒဏ်ခိုလှုံဖို့ ရောက်လာသူတွေလည်း သေဆုံးမှုရှိတယ်လို့ ဆိုပါတယ်။ ဘယ်နှဦး ထိခိုက် သေဆုံးတယ် ဆိုတာကို မသိရသေးပါဘူး။
ထိုင်းစံတော်ချိန် ၁၂ နာရီ ၂၀ မိနစ်မှာ တက်လာတဲ့ သတင်းတွေအရ ငလျင်ကြောင့် ၆၀ ကျော်သေပြီး ၉၀ ကျော် ဒဏ်ရာရတယ်ဆိုပြီး မြန်မာ အရာရှိတဦးကို ကိုးကား ဖော်ပြထားပါတယ်။ အဆောက်အအုံ ၂၄၀ လောက်ပြိုကျကြောင်းလည်း သိရပါတယ်။
“တာလေ၊ မိုင်းလင်းနဲ့ တာချီလိတ် မြို့နယ်တွေမှာ သေဆုံးသူ ၆၀ ကျော်နိုင်ပါတယ်၊ ၉၀ လောက် ဒဏ်ရာရပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေက ဒဏ်ခံရတဲ့ ဒေသတွေကို ရောက်နိုင်အောင် ကြိုးစားနေပါတယ်။ ခုထိ မရောက်နိုင်သေးတဲ့ နေရာတွေ ရှိနေပါတယ်” လို့ အဆိုပါအရာရှိက ပြောပါတယ်။
(နောက်ဆုံးရ အချက်အလက်များကို ဆက်လက် ဖော်ပြပါမည်)
0 comments :
Post a Comment