ခရမ်း မယက အကြောင်း နောက်ဆက်တွဲပေးစာ

Monday, March 7, 2011

သို့ 

ဧရာဝတီ

ဧရာဝတီ ပေးစာ ကဏ္ဍမှနေ၍ ကျနော်၏ ၂၈--၂၀၁၁ ရက်နေ့စာ (ခရမ်းမြို့ မယက ဥက္ကဋ္ဌ အကြောင်း) အား
ဖော်ပြပေးသည့်အတွက် အထူးကျေးဇူး တင်ရှိရပါသည်။ အထက်ပါ စာကြောင့် ယခုအခါ သက်ဆိုင်သူများအား ပြည်ထဲရေးမှ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေပါသည်။


ယခင်ကဆိုလျင် ဘယ်သူ့ဆီ တိုင်တိုင် ဘာမှ မထူးခြားပါ။ ဘယ်သူ့ အားကိုးရမယ်မှန်းလည်း မသိပါ။ ယခုအခါ ထပ်မံ၍ ကျန်ရှိနေသေးသော ခရမ်း မယက ရုံးနှင့်ပက်သက်သည့် အကြောင်းအရာ တချို့အား ထပ်မံ၍
ဖော်ပြပေးစေချင်ပါသည်ခင်ဗျာ။

ကျနော်တို့ ခရမ်းမြို့နယ်တွင် C.S-2 လိုင်စင်ရ အရက်ဖြူဆိုင်ပေါင်း ၂၀၀ ကျော် ရှိပါသည်။ ဝန်ကြီးဌာန၏ တရားဝင် သတ်မှတ်ချက်အရ ဆိုင်တဆိုင်လျင် နှစ်စဉ် လိုင်စင်ကြေး ကျပ် ၅၀,၀၀၀ အစိုးရသို့ ပေးသွင်း ရပါသည်။

ယခုအခါ မယက ဥက္ကဋ္ဌ မှ တဆိုင်လျင် ကျပ် ၆၀,၀၀၀ ပေးသွင်း ခိုင်းပါသည်။ မပေးလျင် လိုင်စင် သက်တမ်း ထပ်တိုးမပေးဟုဆိုကာ မတရား အနိုင်ကျင့် နေပါသည်။ မြို့ သေးသေးလေးနှင့် အရက်ဆိုင်များ များပြားနေရခြင်းမှာ မယက ဥက္ကဋ္ဌ အဆက်ဆက်တို့၏ လက်သိပ်ထိုး လိုင်စင်ကြေး လုပ်စားလိုမှုကြောင့်
့ဖြစ်ပါသည်။

ထို့အပြင် ခရမ်းမြို့ အရှေ့ဘက် ပင်လယ်ကမ်းစပ်ရွာ တရွာဖြစ်သော ရေကျော်ကျေးရွာရှိ ပင်လယ်ကမ်းပြိုလယ်မြေများ နေရာတွင် အလွန် မြေသြဇာကောင်းမွန်သော ပင်လယ်သောင်များ ပြန်ထွန်းလာနေပါသည်။

အဆိုပါ နေရာတွင် မူလလယ်မြေ ဆုံးရှုံးသွားသော လယ်သမား ကြီးများအား ပြန်လည် နေရာချမပေးဘဲ သူ၏ မရီးတော်သူအား လယ်ဧက ၅၀ ပေးခဲ့ပြီး ကျန် လယ်မြေ နေရာများအား လက်သိပ်ထိုး ရောင်းစားနေပါသည်။

မူလ ဆုံးရှုံးသွားသော လယ်သမားကြီးများမှာ အလွန်ပင် နစ်နာ ကြရပါသည်။ သို့ပါ၍ အထက်ပါ အဖြစ်အပျက် များအား နေပြည်တော်ရှိ ဗိုလ်ချုပ်ကြီးများ သိရှိအရေးယူ ဆောင်ရွက်ပေးနိုင်ပါရန် ဧရာဝတီ ပေးစာကဏ္ဍအား အကူအညီတောင်းခံ တင်ပြအပ်ပါသည်။

ကိုကိုကြီး
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved