သိရှိလိုပါသည်

Monday, March 7, 2011

မွန်ပြည်နယ် ကျိုက်မရောမြို့ မြို့မတွင်းရပ်ကွက် (၁၊၂၊၃၊၄) ဆိုပြီး ရပ်ကွက် လေးခုရှိသည့်အနက် ၄င်းရပ်ကွက် လေးခုစလုံးမှ KV250 ဗို့အားတစ်လုံးကိုသာလျှင် သုံးစွဲနေပါသည်။

၂၀၀၉ ခုနှစ်မှစ၍ ထရန်စဖော်မာ အသစ်တပ်ဆင်ရန်အတွက် ရ.ယ.က လူကြီးမင်းများက မီတာတစ်လုံးလျှင် ၂၀၀၀၀ ကျပ် ဖြင့် ကောက်ခံခဲ့ပြီး ယနေ့အထိ မီးမလာသေးပါ။ ထရန်စဖော်မာ အသစ် 350KVဗို့အား အသစ်တစ်လုံးဝယ်ထားပါသော်လည်း ယနေ့အထိတပ်ဆင်ထားခြင်းမရှိသေးပါ။

လက်ရှိအသုံးပြုနေသော 250KV မှ ရပ်ကွက်လေးခုသို့အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေပေးနေသော်လည်း အချိန်မှန်မီးမလာ ပါသောကြောင့် ကောက်ခံထားသောငွေများ ကို ဘယ်သို့ဘယ်ပုံ သုံးစွဲနေသည်ကို သိရှိလိုပါသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved