ဂျပန် နျူကလီးယားနှင့် တရုတ် ဆား

Monday, March 21, 2011

ဝင်းလက်၊ မတ် ၂၁၊ ၂၀၁၁


ဂျပန်ငလျင် နောက်ဆက်တွဲ ဆူနာမီအပြီးတွင် ဂျပန်နျူကလီးယား ဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှုကြောင့် မြန်မာအပါအ၀င် အာရှတိုက်တွင် ဓာတ်ရောင်ခြည်သင့်ပြီး အက်ဆစ်မိုးရွာသွန်းနိုင်သည်ဆိုသော ကောလာဟလများ တရုတ်ဝက်ဘ်ဆိုက်ပေါ်တွင် ရေးသားခဲ့သောကြောင့် တရုတ်တနိုင်ငံလုံးတွင် ဆားအလုအယက် ဝယ်ယှုစုဆောင်းမှုဖြစ်ပြီး ဈေးများမြင့်တက်ခဲ့သည်။


အလုအယက် ဝယ်နေကြသူများ


တရုတ်အာဏာပိုင်များက ထိုကိစ္စများကို ဝက်ဘ်ဆိုက်ပေါ်တွင် ရေးသားခဲ့သော လူငယ်တယောက်အား ထောင်ဒဏ် ၁၀ ရက်နှင့် ဒဏ်ငွေ ယွမ် ၅၀၀ အပြစ်ပေးလိုက်သည်။


ဈေးဆိုင် ကုန်စုံဆိုင်များတွင် ပြတ်လပ်၍ ဆားဂုံဒေါင်ကြီးများရှေ့တွင် တန်းစီးဝယ်နေကြသည်

ဂျပန်နိုင်ငံရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံများ ပေါက်ကွဲပြီး ဓာတ်ရောင်ခြည်များ ပင်လယ်တွင်းသို့ ပျော်ဝင်ကာ ဆားများတွင် ရေဒီယိုသတ္တိကြွ ဓာတ်ပစ္စည်းများ ပါဝင်နိုင်သည်ဆိုသော ယူဆချက်များ တရုတ်နိုင်ငံတွင် ပျံ့နေကြောင်း၊ ထို့ကြောင့် တရုတ်ပြည်သူ ထောင်ပေါင်းများစွာက ကုန်တိုက်များ၊ ကုန်စုံဆိုင်များနှင့် ဈေးများတွင် အိမ်သုံးဆားများကို ကြိတ်ကြိတ်တိုး ၀ယ်ယူကြောင်း၊ တရုတ်နိုင်ငံတွင် အိမ်သုံးဆား ပြတ်လပ်မှု ဖြစ်ပေါ်နေခြင်းကြောင့် တရုတ်နိုင်ငံမှ စီးပွားရေးသမားများက မြန်မာနိုင်ငံမှ အိမ်သုံးဆားများကို မှာယူနေရာ မြန်မာပြည်တွင်ပါ ဆားဈေးများပါ ထိုးတက်သွားခြင်း ဖြစ်ကြောင်း ဆားကုန်သည် များက ဆိုသည်။


ရှန်ဟဲမြို့မှ အစိုးရအမိန့်ဖြင့် နိုင်ငံတော် အရံဆားများစုထားသည့် ဂိုဒေါင်

ထို့အပြင် အိုင်အိုဒင်းဆားများသည် ဓာတ်ရောင်ခြည်သင့်မှုကို အကာအကွယ်ပေးသည်ဟု တရုတ်ဆားကုန်သည်များ သတင်းလွှင့်မှုကြောင့်လည်း ပါသည်ဟု သိရသည်။

3 comments :

  1. Anonymous said... :

    ဂျပန်မှာ ငလျင်နဲ့ ပါသွားတဲ့ လူထောင်ပေါင်းများစွာကို အမျှ မဝေရသေးဘူး။ ငလျင်နဲ့ ဆူနာမီ ဘေးဒုက္ခကနေ ကံသီလို့ လွတ်ပြီး အသက်ရှင်ကျန်တဲ့ လူတွေမှာလည်း "မနက်ဖြန်" ဆိုတာကိုတောင် ရဲရဲ စာလုံးမပေါင်းနိုင် ကြသေးဘူး။ အိပ်မက်တွေရော၊ အိမ်တွေပါ ဆူနာမီ နဲ့ ငလျင် အဝါးအမြို ခံလိုက်ရတဲ့ လူတွေက နောက်ထပ် ဘယ်တော့ ကျမယ်မှန်းမသိတဲ့ နျူကလီးယား ဆိုတဲ့ ဘေးဒုက္ခ အန္တာရယ်ကြီး တစ်ခုကို ကယ်ဆယ်ရေး စခန်းတွေမှာ စည်းကမ်းရှိရှိ၊ စည်းစည်းလုံးလုံးနဲ့ အချင်းချင်း ဖေးဖေးမမ၊ ကြင်ကြင်နာနာနဲ့ ရိုင်းပင်း ကူညီပြီး အတူတူ ရင်ဆိုင်နိုင်ဖို့ ပြင်နေကြတယ်။

    ကိုယ်ကျိုးတစ်ခုပဲ သိတဲ့ ငို့ဘ သမားတွေ၊ ဘယ်သူသေသေ ငတေမာ ပြီးရော စီးပွားရေး လုပ်တဲ့ လူတွေ၊ လူဖြစ်ပြီး လူစိတ်မရှိပဲ လူအချင်းချင်း လှည့်ဖျား၊ ခြိမ်းချောက်၊ လူတွေရဲ့ ကြောက်စိတ်ကနေ အမြတ် ကောင်းကောင်း ထုတ်တတ်တဲ့ ပုဂ္ဂိုလ်တွေက ပွဲလန့်တုန်းမှာ ဖျာခင်းနေကြတယ်။ အလွန် အင်မတန်မှကို စက်ဆုပ် ရွံရှာဖွယ်ရာပါပဲ။

    တောမီးလောင်တဲ့ နေရာမှာ တောကြောင်က မထရဘူး။ တောမီးလောင်တာကို လက်ညှိုးထိုးပြီး မဆီမဆိုင် ဘေးက တောကြောင်တွေ လက်ခမောင်း ထခတ်တဲ့ အဖြစ်အပျက် တစ်ခုလို့ မြင်မိပါတယ်။

  1. Anonymous said... :

    အမြင်ကတ်စရာတရုတ်ဓာတ်ပုံကြည့်ရတာမုန်းလိုက်တာ။ပိုကိုပိုလှလွန်းတယ်။ဆူနာမီဒဏ်ခံရတဲ့ဂျပန်မှာတောင်အစားမစားရတာသုံးရက်ရှိပြီ။စည်းကမ်းရှိရှိနဲ့တန်းစီနေတယ်။ဆားမစားရလို့သေမှာကြနေတာပဲ။

  1. Shyam said... :

    ဆားဈေးတက်ရင် တိုင်းပြည်ပျက်မယ်တဲ့
    တဘောင်လားဘာလား ပြောကြတာပဲ
    စောစောလေးကမှ ဆားဈေးတွေ ထိန်းမရအောင်တက်သွားတာ
    တခုခုဖြစ်လိမ့်မယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved