၆ လပြည့် အမှတ်တရ

Tuesday, March 29, 2011

ဧရာဝတီဘလော့ဂ်ကို စက်တင်ဘာလကနေ စခဲ့တာ ဒီနေ့ ၆ လပြည့်ပါပြီ။

ပင်မဧရာဝတီ ဝက်ဘ်ဆိုဒ်ကို အထောက်အကူပြုမယ့် သတင်းအချက်တွေ၊ ဓာတ်ပုံတွေအပြင် အငြင်းပွားစရာ အကြောင်းအရာတွေ၊ ဘာသာပြန် သတင်းတွေ၊ အရေးပေါ် သတင်းတွေ၊ သရော်စာ ဟာသတွေကို ဧရာဝတီ ဝိုင်းတော်သားတွေ၊ အပြင်က ပေးပို့သူတွေ စတဲ့ အင်အားနဲ့ တင်ပြခဲ့တာ ပို့စ် ၁၁၀၀ ကျော် ရှိသွားပါတယ်။ လာရောက်ဖတ်ရှုသူလည်း ၃၂ သိန်းကျော်အထိ တွေ့ရပါတယ်။

ဧရာဝတီ ဘလော့ဂ် ၆ လပြည့်ချိန်မှာပဲ ရှမ်းပြည်အရှေ့ပိုင်း ငလျင်ကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူတွေ ဒုက္ခရောက်နေချိန်၊ စစ်အစိုးရရဲ့ ရုပ်သေးအရပ်သား အစိုးရ တက်မယ့်အချိန်၊ ကမ္ဘာတလွှားမှာ သဘာဝဘေးဒဏ်တွေနဲ့ အာဏာရှင်တွေကို တော်လှန်မှုတွေနဲ့ အုံးအုံးကြွက်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

အရေးကြီးတဲ့ နိုင်ငံရေး သတင်းတွေအပြင် သဘာဝဘေးဒဏ် သတင်းတွေကိုလည်း အစောဆုံး အဦးဆုံးဖြစ်အောင် ကြိုးစားတင်ပြနိုင်ခဲ့ပြီး အဲဒီလို ဆက်လက် တင်ပြဖို့လည်း ကြိုးစားသွားပါမယ်။ တခြားအစီအစဉ်များကိုလည်း အလျဉ်းသင့်သလို တိုးချဲ့ဖော်ပြပေးသွားပါမယ်။

ဧရာဝတီ ပင်မ သတင်းဆိုဒ်က အပြင်းစားသတင်းတွေ တောက်လျှောက်တင်ပြနေသလို ဧရာဝတီဘလော့ဂ်ကလည်း ပေါ့ပေါ့ပါးပါးဖြစ်အောင် တင်ပြနေပါတယ်။ ရရှိတဲ့ သတင်းအချက်အလက်တွေကို သင့်လျှော်သလို သွက်လက်အောင် ပြန်လည်ရေးသား ဖော်ပြနေပါတယ်။

ဧရာဝတီဘလော့ဂ်နဲ့ပတ်သက်လို့ ချီးကျူးသူနဲ့ ဝေဖန်သူ၊ ကျေးဇူးတင်သူနဲ့ အပြစ်တင်သူ၊ စေတနာနဲ့ထောက်ပြသူနဲ့ အပြစ်ရှာသူ၊ ချစ်သူနဲ့ မုန်းသူ အားလုံးကို အညီအမျှ ကျေးဇူးတင်ပါတယ်၊ အသိအမှတ်ပြုပါတယ်။

လေးစားစွာဖြင့် …
ဧရာဝတီ အဖွဲ့သားများ
မတ် ၂၉၊ ၂၀၁၁

2 comments :

  1. ကိုကို said... :

    အခုမှ ဧရာဝတီရဲ့ဘလော့စာမျက်နှာ background colour လေးက ကြည့်ကောင်းသွားတယ်။ နောက်ပြီး ကြည့်ရတာ မျက်စိလည်း အေးသွားတယ်။ ဆက်လက် ကြိုးစားနိုင်ပါစေ -

  1. Anonymous said... :

    ကာလာက အဆန်းလေးဖြစ်ပါတယ် ဒါပေမယ့် navigation bar ကြီးက မျက်စိနှောက်တယ် ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved