ခေတ်သစ် ကင်းဝန်မင်းကြီး ဦးကောင်း

Thursday, March 10, 2011

ဒီနေ့ မြန်မာ့အလင်းမှာ ပါတဲ့ လွှတ်တော် သတင်း။

အမတ်မင်း တယောက် နဲ့ ၀န်မင်းတယောက်တို့ တိုင်းပြည်အတွက် ပြောဆို ဆွေးနွေးပုံတွေကို ဖြတ်ပြီး ပို့လိုက်ပါတယ်။
ဒီလူကြီးတွေ အရမ်း အလုပ်လုပ်ကြတာပဲ။ 
သတင်းအချက်အလက် စီးဆင်းဖို့ အရှိန်အဟုန်မြှင့်နေကြတာ ၂၀၀၆ ကတည်းကကွလို့ ၀န်မင်းက ပြောသတဲ့။

အင်တာနက် မြန်နှုန်း အရမ်း နိမ့်နေတာ၊ လူအိပ်ချိန် အင်တာနက်ဆိုင်ပိတ်ချိန်မှာ မြန်နှုန်း ပုံမှန်ပြန်ဖြစ်လာတာတွေ ဆွေးနွေးမှုရှိမရှိ မသိရ။
ဝန်မင်း အမတ်မင်းတွေ အင်တာနက် မသုံးတော့ ဒီအရေး မဆွေးနွေးတာလည်း ဖြစ်နိုင်ပါတယ်။

ဝန်မင်းက တိုးတက်မှု အရမ်း ရှိကြောင်းတော့ ပြောပါတယ်။ 
အင်တာနက်သုံးသူ
၁၉၉၈ မှာ ၄ ဦး
အခုတော့ ၄ သိန်း နီးပါး။
အဆပေါင်း တသိန်း တိုးတက်လာတာပေါ့။ ၀န်မင်းက အရမ်း၊ အရမ်း အကောင်းမြင်တတ်ပါပေ့။
နာမည်ကို ဦးကောင်း လို့ ပြောင်းသင့်ပါကြောင်း။

2 comments :

  1. yangonthu said... :

    အင်တာနက်က ဆက်ပြီးေ နှးနေအုံး မှာပဲ
    လွတ်တော်မှာ လဲသေအောင် ဆွေးနွေးလဲ နှေးအေင် လုပ်ထားမှာဘဲ
    မပူနဲ့ 

  1. Zaw Wonna said... :

    ၁၉၉၈ ခုနှစ်မှာ အင်တာနက် သုံးစွဲသူ လေးဦးက ဘယ်သူတွေများပါလိမ့် ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved