Subscribe to:
Post Comments
(
Atom
)
ဘလော့ဂ် အကြောင်း
ဧရာဝတီ ဘလော့ဂ် ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
ရုပ် / သံ
တပတ်အတွင်း အဖတ်အများဆုံး
-
ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရ...
-
. ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၁၃-၃၀ ဥရောပခရီးစဉ်တလျှောက် ဟောပြောချက်၊ ဆွေးနွေးမှု၊ သတင်းစာ ရှင်းလင်းပွဲတွေမှာ မြန်မာပြည်ကို Burma လို့ပဲ ခေါ်ခဲ့ပ...
-
ဦးဂမ္ဘီရကို အရေးယူမယ်လို့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ရေးထားပါတယ်။ ရဟန်းနဲ့မအပ်စပ်တဲ့ နိုင်ငံရေးမှိုင်းမိပြီး ထင်ရာစိုင်းနေတယ် လို့ ရေးသ...
-
မြန်မာပြည်က အမျိုးသမီးသရုပ်ဆောင်တချို့ ၀တ်စားပုံတွေဟာ ပြည့်တန်ဆာဖက်ရှင်တွေပဲ ဆိုပြီး သုံးသပ်ထားပါတယ်။ ခပ်ကြမ်းကြမ်းစကားလုံးတွေ ပါပါတယ်။ ပြော...
-
ဒီလ ၂ ရက်နေ့မှာ KIA က မြစ်ကြီးနားဒေသခံလူငယ် ၁၂ ဦးကို တပ်သားသစ်အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားတယ်၊ ဒီလူငယ်တွေထဲက အမျိုးသမီး ၄ ဦး အဓမ္မကျင့်ခံခဲ့ရ...
နေ့စဉ်သတင်းလွှာမှာယူရန်
ကွန်မန့်များ
နောက်ဆုံးရ သတင်းများ
The Irrawaddy Magazine
- Junta Watch: Chinese Officials Keep Busy in Myanmar; Blackouts to Continue; and More
- Myanmar’s Civilian Govt Says No Talks With Junta Until It Stops Killing Civilians, Quits Politics
- China Further Relaxes COVID-19 Rules Following Protests
- Rakhine Ceasefire Puts Pressure on Other Groups Battling Myanmar Junta
- Myanmar Junta Forces Lose 10 Dead in Shan State Clashes
သေချာတာကတော့ ဆန္ဒပြမှုတွေဖြစ်ခဲ့ရင်တောင်မှ အရင်လို ၂၀၀၇ ၁၉၈၈ တို့လို အစိုးရက ပစ်ခတ်သောင်းကျန်းလို့ မရတော့ပါဘူး။ဘာလို့လည်းဆိုတော့ အဲဒီချိန်တွေတုန်းက စစ်တပ်အုပ်ချုပ်နေတာကိုး။ဒီတော့ စစ်တပ်အုပ်ချုပ်မှုတိုင်း သူကသွားမှာကိုးဗျ။
အခုက ဒီမိုကရေစီအစိုးရအဖြစ်ပြောင်းလဲကျင့်သုံးလာပြီဆိုတော့ ဒီမိုကရေစီနိုင်ငံတွေလို ပြည်သူတွေကို ဆက်ဆံရတော့မှာပေါ့ဗျာ။အရင်လို အရမ်းကြီးကြမ်းလို့မဖြစ်နိုင်တော့ပါဘူး။အားလုံးကို စစ်တပ်အစား ရဲတပ်ဖွဲ့ကပဲ တာဝန်ယူရတော့မှာဆိုတော့ ဆန္ဒပြမှုတွေဖြစ်လာရင် ရဲနဲ့ပဲထိပ်တိုက်တွေ့မှာပါ။စစ်သားကတော့ နောက်ဆုံးမနိုင်တော့မှ သူတို့စစ်တပ်ကို ခေါ်ချင်ခေါ်မှာပေါ့ဗျာ။အဓိက ပြည်သူတွေပါပဲ။မြန်မာနိုင်ငံသမိုင်းတစ်လျှောက်မှာ ပြည်သူတွေဆန္ဒပြနိုင်တာ ဘယ်နှစ်ရက် ဘယ်နှစ်လီပြခဲ့လဲဆိုတာကို ပြန်ကြည့်ပါ။အင်မတန်နည်းပါတယ်။တစ်ရက် နှစ်ရက် အလွန်ဆုံး ၁ပတ်ပေါ့ဗျာ ဒီလောက်ပဲ။အခြား အာရပ်ကမ္ဘာတို့ပြောင်းလဲသွားတယ်ဆိုတာ ပြည်သူတွေအားလုံးကိုယ်တိုင်က စိတ်ပါဝင်စားစွာနဲ့ အစိုးရပြုတ်သည်အထိ သံဌိဌာန်ချပြီးလုပ်တာကိုး။ဒီတော့ ဒီအစိုးရမပြုတ်ပဲ ဘယ်နေမလဲဗျာ။လစ်ဗျားက ကဒါဖီ(ဦးသန်းရွှေတို့ထက်တောင် ပိုပြီးလူမိုက်လူကြမ်းလူဆိုးပါပဲ)တောင် နောက်ဆုံးတော့ အာဏာရှင်တွေရဲ့ပုံစံတိုင်း လက်နက်အားကိုးပြီး ပြည်သူကိုချေမှုန်းတာပဲ။ဒါပေမယ့် ဒီအချိန်မှာ တိုင်းပြည်တွင်းက ပြည်သူတွေအနေနဲ့အတူ နိုင်ငံတကာကလည်း အချေမှုန်းခံရတဲ့ ပြည်သူတွေဘက် ရပ်တည်ပေးမှုတွေရှိလာတဲ့အခါ ကဒါဖီလည်း ခုံလှုပ်နေရပြီမဟုတ်လား။သူလည်းမကြာခင်ပြုတ်တော့မှာပါ။ ဒီနေရာမှာ နိုင်ငံတကာအသိုင်းဝန်းက အဓိကလိုအပ်ပါတယ်။ပြည်သူတွေကလည်း ဇွဲမလျှော့ပဲ လုပ်မယ် နိုင်ငံတကာကလည်း စီးပွားရေး စစ်ရေးဘက်ပေါင်းစုံ ၀ိုင်းဝန်းခြိမ်းခြောက်ပိတ်ဆို့မယ်ဆိုရင် ကဒါဖီလို လူမိုက်လည်း တစ်နေ့ဆင်းရမှာပါ မကြာတော့ပါဘူး။
မြန်မာနိုင်ငံမှာ အဓိကလိုအပ်တာ ပြည်သူတွေကိုယ်တိုင်ပါပဲ။မြန်မာလူမျိုးတွေက ကိုယ့်ထိမှနာတတ်တယ်။ကျန်တဲ့သူဘယ်သူဘာဖြစ်ဖြစ် လျစ်လျူရှူတတ်ကြတယ်။နိုင်ငံရေးဆိုတာ စိတ်မ၀င်စားကြဘူးလို့ဆိုတယ်။ဆန်ဈေး ဆီဈေးတတ်လာရင် ဒေါသတွေထွက် ပြောကြဆိုကြလာပြီ။ကိုယ့်ထိလို့နာတတ်လာပြီ။ဒါဟာလည်း နိုင်ငံရေးပဲလေ။ဒါတွေပြည်သူတွေနားလည်ဖို့လိုတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့အစိုးရဖြုတ်ချဖို့ ဆန္ဒပြဖို့ဆိုတာ မလွယ်ဘူး။မလွယ်ဘူးဆိုတာ ပြည်သူတိုင်းစိတ်မ၀င်စားလို့။ကုန်ဈေးနှုံးတတ်တာတွေ ဆီဈေးတွေတတ်တာတွေ အားလုံးစားဝတ်နေရေးတွေ ထိခိုက်လာမှ လူထုက အုံကြွတာများတယ်။ဒါပေမယ့် ခက်တာကအပေါ်မှာပြောခဲ့သလိုပါပဲ မြန်မာတွေက ကောက်ရိုးမီး ဖွဲမီးလိုပဲ အုံကြွလည်း ခဏပဲ တစ်ရက် ၂၄ နာရီတောင်မပြည့်လိုက်ပါဘူး ။ဒီတော့ ဘယ်အောင်မြင်မလဲ။ဇွဲရှိရှိနဲ့သာဆန္ဒပြနေရင် နိုင်ငံတကာဝိုင်းဝန်းထောက်ခံလာမှာပါ။နိုင်ငံတကာထောက်ခံလာရင် အဲဒီအစိုးရ ဘယ်လိုမှ နေလို့မရတော့ပါဘူး။
ဒီတော့ မြန်မာနိုင်ငံမှာ အစိုးရဖြုတ်ချဖို့ဆိုတာ ပြည်သူတွေကိုယ်တိုင် ဇွဲရှိရှိနဲ့ဆန္ဒပြနိုင်ဖို့ ရက်ရှည်လများစွာ ပြနိုင်ဖို့ပဲလိုပါတယ်။အစိုးရက သေနတ်နဲ့ပစ်ခတ်နှိမ်နင်းလာရင် နိုင်ငံတကာက ဝေဖန်အရေးယူမှုတွေလုပ်လာရမယ်။ဒီလို နိုင်ငံတကာကရော ပြည်သူကပါ ညှပ်ပြီးပိတ်လုပ်ရင် ဒီအစိုးရမပြုတ်ပဲ ဘယ်နေမလဲ။နည်းနည်းတော့ ရင်းရမှာပေါ့ဗျာ။အဓိက ပြည်သူတွေကိုယ်တိုင်ပါပဲ။ဘယ်သူမှသွားပြီး အားကိုးမနေနဲ့။ပြည်သူတွေသာ ဇွဲရှိရှိနဲ့လုပ် နိုင်ငံတကာက အော်တိုပါလာလိမ့်မယ်။ပြည်သူတွေက မလုပ်ပဲ နိုင်ငံတကာက အရေးယူလို့မရဘူး။အိုဗားမားလို နိုဘယ်ဆု ပိုင်ရှင်ကြီးတောင်မှ လစ်ဗျားကို တိုက်ဖို့ လေယာဉ်တင်သင်္ဘောတွေလွှတ်နေပြီ။အိုဗားမားလို နိုဘယ်ဆု ပိုင်ထားတဲ့ ဒေါ်စုလည်း မလုပ်ရဲစရာအကြောင်းမရှိဘူး။တကယ်တမ်း ဒေါ်စုက ပြည်သူလူထုက အရင်လုပ်ပြမှ သူမက လိုက်ပါမှာပါ။သူမကိုယ်တိုင် ဦးဆောင်လုပ်ဖို့ လမ်းမမြင်ပါဘူး။ဒီတော့ ဒေါ်စုအမိန့်ပေးမှလုပ်ရင်တော့ ဒီတစ်သက်ဘာလမ်းမှမမြင်ဘူး။
အခြားဘာနည်းလမ်းမှရှာမနေနဲ့။ပြည်သူတွေအုံကြွလာအောင် ဘယ်လိုလုပ်မလဲဆိုတာနဲ့ အုံကြွလာရင် ဇွဲရှိရှိနဲ့ သံဌိဌာန်ချပြီး အစိုးရမပြုတ်မချင်းလုပ်မယ်ဆိုတဲ့ ဇွဲနဲ့လုပ်ဖို့ပဲလိုတယ်။
ပေါက်ကြိုင်း