performance art in Nay Pyi Taw

Monday, March 21, 2011

သောကြာနေ့ နေပြည်တော်၊ ဇမ္ဗီူသီရိမြို့၊ ဘောဂသိဒ္ဒိရပ်ကွက်၊ ဇမ္ဗူ့ကျက်သရေလမ်းရောက်
ကျက်သရေရှိလှတဲ့ မင်းတြားဂျီးရဲ့ စတိုင်စစ်ယူနီဖောင်းမှာ ပုဝါဖြူ စလွယ်သိုင်းထားတာဟာ ခေတ်ပေါ် စစ်ဝတ်စုံ၊ မော်ဒန် ဖက်ရှင်။
ဒါမျိုး နိုင်ငံတကာ စစ်တပ်တွေမှာ မထွင်နိုင်သေးဘူး။

ဘုန်းကြီးယပ်တောင်ကို ကိုင်ထားတယ် ဆိုတော့ ဗေဒင်ဆရာစကား အလေးထား အဲ - သံဃာတွေကို အလေးထားတယ်ဆိုတာ ပေါ်လွင်နေတယ်။

ပိတ်ဖြူကြီး ကိုယ်တပိုင်း ဖုံးထားတာကတော့ ကြိုတင်ပြင်ဆင်၊ အင်း - ပြင်ဆင်တာမဟုတ်ပါဘူး၊ ဖြူစင်တဲ့ နိမိတ်ပုံ ဖြစ်လိမ့်မယ်။

ပန်းချီထိန်လင်း၊ ကဗျာစောဝေ တို့လိုမျိုး တင်ဆက်မှုအနုပညာ (performance art) ကို "နိုင်ငံတော်" ကနေ အားပေးနေပြီ ဆိုတဲ့သဘော ဖြစ်ပါလိမ့်မယ်။



7 comments :

  1. Anonymous said... :

    wrong label.
    this post is not joke.
    this one should be satire.

  1. someone said... :

    ကိုသန်းရွှေကကိုစောဝေထက်အပုံကြီးသာတယ်နော်
    ဘေးမှာဒေါ်ကြိုင်ကြိုင်ကိုယ်တိုင်အားပေးနေတာ
    သို့ မဟုတ်အတူတူ ပါဖောင်းမင့် လုပ်နေကြတာ

  1. Anonymous said... :

    The unhappy monks support his performance show.
    Poor monks!

    Kyaw Gyi

  1. Ko Ko said... :

    အဲအဲ - ဧရာဝတီကတော့ လုပ်ချလိုက်ပြန်ပြီ :D ဇမ္ဗူ့ထိပ်ခေါင် ဗာလ ဖွက်ဠတကြီး အဲလေ! ဇမ္ဗူ့ကျက်သရေဆောင် မင်းတြားချီး ဘိသိပ်ခံယူနေတာတဲ့ပုံကိုတောင် ရအောင်ယူနိုင်တယ်ဗျာ။ ကြည့်ပါဦး ဘုန်းကြီးတွေက ကျုံ့ကျုံ့လေးတွေ၊ မင်းဠတကြီးက အဲလေ မင်းတြားချီးက တင်ပလ္လင်ခွေကြီးနဲ့ ရဟန်းတော်တွေရဲ့ အသုံးအဆောင်ဖြစ်တဲ့ ပရိက္ခာ၈ပါးထဲက တခုအပါအ၀င်ဖြစ်တဲ့ ယပ်တောင်ကြီး ကိုင်လို့။ မိုးကျိုးပစ် ထန်းလက်နဲ့ကာဆိုတဲ့ စကားပုံအတိုင်း ဖြစ်နေပြီထင်တယ်။ ဖြစ်မယ်ဆိုရင်လည်း ဖြစ်စရာဗျာ့ - အခု လစ်ဗျားအာဏာရှုးကြီးခေါင်းမီးလောင်ပြီဆိုတော့ မြှားဦးလေး သူ့ဘက်လှည့်လာမယ်ထင်လို့ ကြောက်ချီးပါပြီး ကိုယ်နဲ့တန်လား မတန်လားလည်းမသိ လုပ်မိလုပ်ရာ လုပ်တော့တာ ထင်တယ်။
    ကြည့်စမ်းပါဦး အဖြူရောင်တန်းကြီးက ရောင်ခြည်တော်တွေ ကွန့်မြူးနေတာလားမသိဘူး။ ဒါမှမဟုတ် ရင်ဘတ်မှာ ကြက်ခြေခတ်နဲ့ တည့်တည့်ပစ်ခိုင်းတာလားလဲမသိဘူး။ ဟိဟိ မဟုတ်မှ မလွဲရော - တည့်တည့်ကြီးကို ပစ်စေချင်ပါတယ်။
    ဒါမှ နတ်လူသာဓု ခေါ်ကြမယ်လေ။ ဒီခေတ်က ကိုယ်လုပ်တဲ့ကံ ဘ၀မပြောင်းဘဲနဲ့ ခံစားရတာဆိုတော့ မကြာခင် အစောအမြန်လေး သူ့ဆီလည်း ရောက်လာလိမ့်ပါစေလို့ ဆုတောင်းရင်း -
    ကျေးဇူးပဲ ဧရာဝတီ!

  1. Anonymous said... :

    သံဃာသတ်၊ အပြစ်မဲ့လူတွေကို သတ်ပြီး ရယူထားတဲ့အာဏာရှင်စစ်စစ် သေရင်ဘယ်ရောက်မလဲဆိုတာ မွေးကာစ ကလေးတောင်သိတယ်။ သန်းရွှေရေ - ကိုယ်ခံရမဲ့ အလှည့်ရောက်ရင် ရင်ဆိုင်ဖို့ ပြင်ဆင်ထားပါ။

  1. mg said... :

    ဦးသန်းရွှေကို ကြိုက်သလိုဝေဖန်လို့ရပါတယ်ခင်ဗျာ။ဒါပေမယ့် ကျွန်တော်တို့ ဗုဒ္ဒဘာသာရဲ့အထွတ်ထိပ် ထိပ်တန်းရဟန်းသံဃာတော်ကြီးတွေကိုတော့ မစော်ကားကြပါနဲ့။ဦးသန်းရွှေအနေနဲ့ သူဟာကောင်းသည် ဆိုးသည်ဖြစ်စေ သူ့သမိုင်းနဲ့သူသွားပါလိမ့်မယ်။

    ကျွန်တော်တို့က ကြားထဲကနေ ငရဲဝင်မယူမိဖို့လိုတယ်ဗျာ။လူပုဂိုလ်ကိုဝေဖန်တာ မဆန်းပေမယ့် သာသနာ့ရဟန်းတော် ၀ိနည်းတော်အားလုံးနဲ့ပြည့်စုံတဲ့ ရဟန်းသံဃာကြီးတွေကို စော်ကားမိရင်တော့ အသင်ရဲ့ မဟာအမှား အကုသိုလ်ကြီးပါပဲဗျာ။

  1. ဆူးလေ နဲ့ အနော်ရထာ ထောင့်က ဓာတ်တိုင် တွေမှာ သူ နဲ့ မိသားစု တွေကို ကြိုးနဲ့တုပ်။
    ရိုက်ချင်တဲ့လူတန်းစီ။
    နဝတ ထုတ် သတင်းစာစက္ကူလိပ် ဖြင့်တစ်ဦးလျင် တစ်ချက်သာ ရိုက်ရမည်။
    နောက်ထပ် ရိုက်လိုလျင် နောက်ဆုံးမှ ပြန်တန်းစီရမည်။
်တစ်ချက်လျင် ကျပ်ငွေ ငါးသိန်း ပေးရ မည်။
    ဒါဆို-----သူတို့ ဘုန်းထားတဲ့ တိုင်းပြည်ရဲ့ ဘဏ္ဌာ ကုဋေပေါင်းများစွာပြန်ရနိုင်တယ်။
    ဒါပေမဲ့ ကြီးကြပ်သူတွေ အကြံအဖန်မလုပ်ရဘူးနော်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved