အချစ်ရာဂ ဟာသ 3D ရုပ်ရှင် ဟောင်ကောင်သားတွေ ဟတ်ထိ

Friday, April 22, 2011

ဟောင်ကောင်မှာ ပြီးခဲ့တဲ့ အပတ်က ရုံတင်လိုက်တဲ့ အချစ်ရာဂ ဟာသ 3D ရုပ်ရှင် ကား တကားဟာ ပရိသတ် တွေရဲ့ နှလုံးအာလျ နှစ်ခြိုက်မှုကို ဖြစ်စေတဲ့အတွက် စပြီးပြတဲ့နေ့မှာတင် ဟောင်ကောင် ဒေါ်လာ၂.၇၈ မီလီယံ ရရှိခဲ့ပါသတဲ့။

အခုအထိ ဆိုရင် ဟောင်ကောင် ဒေါ်လာ ၁၇ မီလီယံ(US $ 2.2 million) လောက်တောင် ရနေတယ်လို့ ဆိုပါတယ်။ ဟောင်ကောင်မှာ စံချိန်တင်ထားတဲ့ Avatar ဇာတ်ကားရဲ့ ၀င်ငွေ ဟောင်ကောင် ဒေါ်လာ၂.၆၃ မီလီယံ တောင် နောက်ကောက် ကျသွားရတယ်။

အဲဒီ စံချိန်တင်လိုက်တဲ့ ဇာတ်ကားကတော့ သုံးဘက်မြင် 3D Sex and Zen: Extreme Ecstasy ပဲဖြစ်ပါတယ်။

ဒါရိုက်တာ Stephen Siu က ဂျပန် အပြာကားတွေထဲက နာမည်ကြီးတွေဖြစ်တဲ့ Saori Hara နဲ့ Yukiko Suho တို့ကို ဟောင်ကောင် သရုပ်ဆောင် Vonnie Lu နဲ့ တွဲဖက် သရုပ်ဆောင် ခိုင်းထားတာပါ။

အဲဒီ လောက်နဲ့တင် ဒီဇာတ်ကားကို စိတ်ဝင်စားနေကြပြီ မဟုတ်လား ခင်ဗျ။

အဲဒီကား က ၁၉၉၁ တုန်းကပြခဲ့တဲ့ Sex And Zen ဆိုတဲ့ ဇာတ်ကားကို 3D နည်းပညာနဲ့ ရုပ်လုံးကြွ ခံစား ရလေအောင် အသွင်သစ်အနေနဲ့ ပြန်လည် အသက်သွင်းထားခြင်းဖြစ်ပါကြောင်း....။

သြော် မေ့တော့မလို့...တရုတ်ပြည်မကြီးက ၀ါသနာအိုးတွေတောင် ဟောင်ကောင်ကို အရောက်သွားပြီး အား ပေးကြလေသတဲ့။ စိတ်လှုပ်ရှားလို့ အားပေးချင်တယ်၊ မအောင့်နိုင်တော့ဘူး ဆိုရင်တော့...အဲ..အဆင်ပြေ သလိုသာ အားပေးကြပါကုန်လို့....။

By: TG
Ref: BBC, The Associated Press

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved