ရယ်စရာ ပဟေဠိ အမှတ် ဝ၁၀

Sunday, April 3, 2011

“မဲ့ - မာမားမူ မီမိုင်”
“မာမားမူ မိုက်မီ၊ မွတ်”

အဲဒါ ထိုင်းစကား။ ဘာသာပြန်ရရင် -
“အမေ - မာမားခေါက်ဆွဲ ၀က်သားနဲ့ ရှိလား”
“မာမားခေါက်ဆွဲ ၀က်သားနဲ့ မရှိဘူးကွဲ့၊ ကုန်သွားပြီ”

“မ” ကို သုံးပြီး ၀ါကျ ၂ ကြောင်းဖွဲ့ထားတာပါ။ ထိုင်းတွေ ထွင်သလား မြန်မာပြည်သားတွေ ထွင်ထားတာလားတော့ မသိဘူး။

ကဲ - မြန်မာပြည်သားတွေထွင်ထားတာ သေချာတဲ့ ၀ါကျ တခု ပြန်ဖော်ကြည့်ရအောင်။
“သ” ကို သုံးပြီး ဖွဲ့ထားတဲ့ ၀ါကျတခု ရှိတယ်။ ကြားဖူးမှာပါ။

သ သ သ သ (၄ လုံး)
သ ဿ သ (၃ လုံး)
သ သ သ သ (၄ လုံး)
သ သ သ (၃ လုံး)
စုစုပေါင်း ၁၄ လုံး

မေးခွန်း ၁ - “သ” ကို သုံးပြီး ၀ါကျ ဘယ်လောက်ရှည်ရှည် ဖွဲ့နိုင်သလဲ။ ၁၄ လုံးပဲလား။
သဲလွန်စ - “ဿ” တလုံး ပါတယ်။
အဖြေ - ???

-----------------

မေးခွန်း ၂ - ကမ္ဘာ့ သက်တမ်းအရင့်ဆုံး အသက်မွေးဝမ်းကျောင်း လုပ်ငန်း ၂ ခုက ဘာလဲ။
(သဲလွန်စ - အတောင်မပါသည့်ကြက်၊ နိုင်ငံတကာ)
အဖြေ - ???

-----------------

(အဖြေတွေ ဘယ်လောက်အထိ ဆင်တူမလဲ၊ ရယ်ရမလဲ ဆိုတာ မနက်ဖြန် တိုက်ကြည့်ကြမယ်လေ။)



13 comments :

  1. ကိုမိုး said... :

    ၁။ သေသောသူသည် သုဿာန်သို့ သက်သက်သာသာ သွားသေသည်။
    ၂။ ဖာ၊ အရက်

  1. Anonymous said... :

    ၁။ ။ သေသောသူသည်သုဿန်သို့သက်သက်သာသာသွားသေသည်။
    ၂။ ။ ပြည့်တန်ဆာ(_ာ )

  1. Anonymous said... :

    အဖြေ ၂ - လေထီးခုန်တာ သက်တမ်း နှစ် ၁၀၀ ပြည့်ပြီလားဟင်

  1. Anonymous said... :

    သေသောသူသန်းသန်းသည်သုက်သန် သို့ သက်သက်သာသာသွားသည်

  1. Anonymous said... :

    ၁. သေသောသူသည် သုသာန်သို့ သက်သက်သာသာ သွားသေသင့်သည်။
    ၂. အတောင် မပါတဲ့ ကြက်ဆိုတော့.. ဟို ဖိနပ်စီးတဲ့ကြက်လား မသိဘူး..

  1. Anonymous said... :

    အဖြေ.၁။ပြည့်တန်ဆာ...။
    အဖြေ.၂။သံတမန်..။ ဖြေရတာလွယ်ပေမယ့်၊သိချင်လို့မေးမယ်၊အဲ့ဒီ၂ခုကဆက်စပ်နေလို့လားသိချင်မိတယ်။

  1. Ko Ko said... :

    အဖြေ ၁ -
    သေသော သူသည်
    သုဿန်သို့
    သက်သက်သာသာ
    သွားသေသည်။

    အဖြေ ၂ -
    ပြည့်တန်ဆာလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး ခရီးသွားလုပ်ငန်း။ ကဲ ဘယ်နှယ်လဲ။

  1. komin said... :

    သ (၁၄) လုံးက သေသောသူသည်သုဿာန်သို့ သက်သက် သာသာသွားသည်။

  1. သေသော သူသည် သုဿန်သို့ သက်သက်သာသာ သွားသင့်သည်။

    ဖိနပ်စီးသော ကြက် မွေးမြူရေး လုပ်ငန်း။

  1. Anonymous said... :

    ၁) သေသောသူသည်သုသန်သို့သွားသည်။ (သုသန်က သကြီးနဲ့ပေါင်းတာ)
    ၂) သိဘူး.. စဉ်းစားချင်ဘူး..။ အမဲလိုက်ဖို့တော့ လိုမယ် ထင်တယ် သို့သော်ပေးထားတဲ့ သဲလွန်စနဲ့ ကိုက်ဘူး။

  1. Anonymous said... :

    (၂) နွားစားကျက်၊ ဒါဆိုတော့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပေါ့။

  1. Anonymous said... :

    ၁။ သေသောသူသည် သုဿာန်သို့ သက်သက်သာသာ သွားသင့်သည် ။
    ၂။ ကြိုက်ကုံး ၊ စိုက်ပျိုးရေး

  1. Anonymous said... :

    ဖွားဖွားဖင်ဖြူဖြူဖွေး ဖိုးဖိုး -ိုက် လည်းရှိသေးတယ် (ဖ) ကိုးလုံးပြောပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved