ရယ်စရာ ပဟေဠိ အမှတ် ဝ၁ဝ အဖြေများ

Monday, April 4, 2011



ကမ္ဘာ့ သက်တမ်းအရင့်ဆုံး အသက်မွေးဝမ်းကျောင်း ၂ ခုအတွက် သရုပ်ဖော်ပုံ လုပ်ပါအုံး လို့ ကာတွန်းဆြာ ဘီရုမာကို အပူကပ်တော့ သူက ဒီပုံ ပို့လိုက်ပါတယ်။
အလံ အလစ်သုတ်လာတဲ့ ဂျိုကုတ်ဒူးကြီးပုံ ဖြစ်နေတယ်။
အင်း - ဘယ်လို နားလည်ရမလဲ ဒီပုံကိုး)

မေးခွန်း ၁ - “သ” ကို သုံးပြီး ၀ါကျ ဘယ်လောက်ရှည်ရှည် ဖွဲ့နိုင်သလဲ။ ၁၄ လုံးပဲလား။
သဲလွန်စ - “ဿ” တလုံး ပါတယ်။
အဖြေ - ၁၉ လုံး

သေသောသူသည် - (၄ လုံး)
သုဿာန်သို့ - (၃ လုံး)
သက်သက်သာသာ - (၄ လုံး)
သွားသေသည် - (၃ လုံး)
သေးသောက်သွားသေးသည်။ - (၅ လုံး)
စုစုပေါင်း ၁၉ လုံး

မေးခွန်း ၂ - ကမ္ဘာ့ သက်တမ်းအရင့်ဆုံး အသက်မွေးဝမ်းကျောင်း လုပ်ငန်း ၂ ခုက ဘာလဲ။
သဲလွန်စ - အတောင်မပါသည့်ကြက်၊ နိုင်ငံတကာ
အဖြေ - (က) ပြည့်တန်ဆာလုပ်ငန်း၊
(ခ) အာဏာသိမ်းပြီး အုပ်ချုပ်ခြင်း


----တော်သေပြီ----


4 comments :

  1. Anonymous said... :

    ဟွန့်.. သေတဲ့သူက သေးသောက်ရဦးမယ်..
    ခင်ဗျားအလှည့်မှ သောက်တော့ မသေခင်တ၀..
    ကိုယ်တို့တော့မသောက်။း)

  1. Anonymous said... :

    ကာတွန်းဆ၇ာကိုချီးကျူးပါသည်။အလုပ်၂မျိုးလုံးအတွက်သရုပ်ပေါ်လွင်စွာဆွဲပေးနိုင်သောကြောင့်ဖြစ်သည်။

  1. Anonymous said... :

    သတင်း တွေ ပဲ ဖတ် ချင် ပါ သည်
    ဟာ သ များ လျှော့ ချ လိုက် ပေး ပါ။နော် ။
    တော်ပါပြီနော်။

  1. သေသောသူသည် သုဿန်သို့ သက်သက်သာသာ သေသေသပ်သပ် သီးသီးသန့်သန့် သွားသေသင့်သည်။ ဝါကျတကြောင်းထဲနဲ့ ၂၃ လုံးရတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved