ရယ်စရာ ပဟေဠိ အမှတ် ဝ၁၁ အဖြေများ

Thursday, April 7, 2011



"ဦးမောင်မောင် မြန်မာပြည်သွားတာ ဖြစ်နိုင်ပါတယ်" လို့ မြန်မာ့အရေး လေ့လာသူတဦးက သုံးသပ်ပါတယ်။
မေးခွန်း ၁ = သူ ဘာကြောင့် အဲဒီလို သုံးသပ်နိုင်တာလဲ။
(သဲလွန်စ = တယောက်တည်း မဟုတ်ပါ)
အဖြေ = နိုင်ငံခြားရောက်နေတဲ့ မြန်မာပြည်သားတွေ ထဲမှာ ဦးမောင်မောင်တွေ အများကြီး ရှိတယ်၊ သူတို့ထဲက တယောက်ယောက်တော့ မြန်မာပြည် သွားမှာ သေချာတယ်။ ဒါကြောင့် ဖြစ်နိုင်ပါတယ် လို့ သုံးသပ်ရတာပါ တဲ့။ ဦးမောင်မောင် ဆိုတာ တယောက်တည်း ရှိတာမှ မဟုတ်တာ တဲ့။

---------------------

နာမည်ကျော်ဗေဒင်ဆရာတွေရဲ့ တွက်ချက်မှုတွေက တူနေပါတယ်။
ကက - အခုတလော နိုင်ငံမှာ သဘာဝဘေးဒုက္ခတွေ ကြုံရမယ်။
ခခ - ဒါပေမယ့် မြန်မာပြည်သားတွေ ဒီလထဲမှာ ပျော်ရွှင်ကြရမယ်။
ဂဂ - လာမယ့်လတွေမှာ ပြည်သူတွေ နေမထိထိုင်မသာ ဖြစ်မယ်။
ဃဃ - ရှေ့လထဲမှာပဲ အကြီးအကျယ် ခြောက်ခြားတဲ့ရက်တွေ ရှိမယ်။
အဲဒီလို တူနေကြပါတယ်။
မေးခွန်း ၂ = သူတို့ ဒီလေးချက်ကို တူအောင် ပြောနိုင် တွက်နိုင်ရတာ ဘာကြောင့်လဲ။
(သဲလွန်စ = ကက- ရေဒီယို၊ ခခ- ၁၂လ ရာသီ၊ ဂဂ - ဒီလကုန်၊ ဃဃ - လဆန်းပိုင်း)

အဖြေ =
ကက - သဘာဝဘေးဒုက္ခတွေကြုံတယ် ဆိုတာ သူတို့လည်း ရေဒီယို အမြဲ နားထောင်လို့ သိနေတာပါ။
ခခ - မြန်မာပြည်သားတွေ ဒီလထဲ ပျော်မယ် ဆိုတာက ၁၂ လ ရာသီ ပွဲတော်တွေထဲက သင်္ကြန်ပွဲဟာ ဒီလထဲမှာ ရောက်လာပါပြီ။ မပျော်ရှိမလားဗျာ။
ဂဂ - လာမယ့် လတွေရောက်တဲ့အခါ မြန်မာပြည်သူတွေ နေမထိထိုင်မသာ ဖြစ်မယ် ဆိုတာက ရှေ့လက မေလ။ ပြီးရင် ဇွန်လ။ ဆွေ့ဆွေ့ခုန်အောင် ပူတဲ့လ ဆိုတော့ အဲဒီလို ဖြစ်တော့မှာပေါ့။
ဃဃ - ရှေ့လထဲ အကြီးအကျယ် ခြောက်ခြားတဲ့ရက်တွေ ဆိုတာက လဆန်း ၅ ရက်နေ့၊ ၇ ရက်နေ့တို့ကို ပြောတာပါ။ အဲဒီနေ့တွေဟာ တကယ်ကို ၆ ခြားတဲ့ နေ့တွေပေါ့။ အင်း - ဗေဒင်ဆြာ၊
ဗေဒင်ဆြာ --- ။

---------------------

မေးခွန်း ၃ = ဗေဒင်ဆရာတွေရဲ့ အိမ်၊ အလုပ်ခန်းနားမှာ စီးပွားရေး လုပ်ချင်တယ်။ ဆိုင်ဖွင့်ချင်တယ်။
ကဲ - ဘာဆိုင်ဖွင့်၊ ဘာလုပ်ငန်း လုပ်ရင် ကောင်းမလဲ။ ဗေဒင်ဆရာ/ဆရာမကို မေးလိုက်ရင် ကောင်းမလား။
အဖြေ = မှန်ဘောင်ဆိုင်
(ဒါပါပဲ)

3 comments :

  1. Anonymous said... :

    နိုင်ငံရေးအရ ဟာသတွေ သရော်စာတွေ တင်ဆက်မှုကို ဖတ်လိုမယ့် စာဖတ်သူများအတွက် အထက်ပါပဟေဠိလို တင်ဆက်ပုံက မရယ်ရတဲ့အပြင် ကလောင်တစ်ချောင်းနဲ့ လိုက်သရမ်းသလိုဖြစ်နေပါတယ်။ တစ်ခုခုကိုညွှန်းဆို သရော်လိုပါကလည်း အရိပ်အမြွက်မျှ ဖေါ်ပြပေးပါခင်ဗျာ။ သတင်းတွေအကြားမှာ အဆက်အစပ်မရှိ ပဟေဠိဆိုပြီးထထဖေါက်တော့ ရယ်ရမလို ပြုံးရမလို သက်မချရမလို သြချရမလိုမသိ ဖြစ်ရပါတယ်။

    လေးစားလျှက်
    စာဖတ်သူ

  1. Anonymous said... :

    Don't like this,,,,

  1. Anonymous said... :

    အတော်ကို ရူးပေါပေါ ကြောင်တောင်တောင်နိုင်တဲ့စီစဉ်တင်ဆက်မှု

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved